Professional Authors

တမ်းတမှုမျှသာ……

“ဒီအချိန်တွေဆို နင်ဘာတွေလုပ်နေမလဲ”
ငါလွမ်းနေရတဲ့ ဒီလိုအချိန်တွေဆို
တဒင်္ဂလေးပဲဖြစ်ဖြစ်
နင် ငါ့ကို သတိရပေးစေချင်….။.
 
တကယ်ဆို
အရာရာကို အဆုံးရှုံးခံနိုင်ခဲ့သမျှ
နင့်အနားမှာ နေခွင့်ပျောက်မှာ
ချောက်ချောက်ခြားခြား တွေးရင်းကြောက်နေခဲ့ရတဲ့သူ…။
 
ငါမမြင်နိုင်တဲ့ နင့်ရင်ခွင်ထဲ
ငါ့အတွက် နေရာလေး တစ်ခုပဲဖြစ်ဖြစ်ရစေဖို့
ငါ့ဦးနှောက် ဥာဏ်မီသလောက်လည်း
ဆုံးဖြတ်ချက်တွေ ချထားခဲ့တဲ့သူ….။
 
ပြောမပြနိုင်လောက်တဲ့ ခံစားချက်ကို
နင် အသိအမှတ်ပြုပေးသလောက်
ဖွင့်ဟ ၀န်ခံ…..
ငါ့အစွဲအလန်းမှန်သမျှ
နင်အလိုရှိသလောက် ငါပေးအပ်
နင့်အတွက် အခါမလပ်
ငါ…..ပူပန်ပေးခဲ့…..။
 
မကုန်ခမ်းနိုင်တဲ့ သံယောဇဉ်အငွေ့အသက်တွေနဲ့
ငါ့အသက်ရှူသံ ခပ်ငွေ့ငွေ့ကျန်ခဲ့မယ့် အချိန်မှာတောင်
နင့်ကို ဂရုတစိုက်
နွေးထွေးစွာပေးဆပ်
ဘယ်ဘ၀ ရေစက်မှန်းမသိ
နင့်ကိုဆို ငါ…..သေလောက်အောင်ချစ်တယ်…။
 
မေ့မရခြင်းများစွာနဲ့
ရင်ခုန်သံတွေနား တ၀ဲလည်လည်
ဘာ့ကြောင့်ဆိုတာ အဖြေမရှိလည်း
အလိုလိုရောက်လာတဲ့ နားလည်ခြင်းတွေရှိတယ်….။
 
တစ်ခါလောက်ပဲ ဒီပျော်ရွှင်ခြင်း
ဆက်ပြီး ထိန်းထားပါရစေ
ဒီတစ်သတ်အတွက်
ငါ့ရဲ့နင် မဖြစ်ချင်ရင်လည်းနေ
ခဏတာတော့ ကြည်နူးမှုပေး
ငါဆိုသော ” ကေသရီ”  ဒီကမ္ဘာပေါ်မှာ မကွယ်ပျောက်ခင်ထိပါပဲ….။
 
(ဒါ…ငါလောဘကြီးခဲ့တာ ဆိုရင် တောင်းပန်ပါတယ်
ငါဒီလို အတ္တတွေ ကြီးတတ်သွားအောင်
နင့်ယုယခြင်းတွေက
အစွမ်းကုန်…ငါ့ကို ပံ့ပိုးပေးခဲ့ကြတယ်….)
In: ကဗျာ Posted By: Date: May 21, 2011
Comment #1

“ဒီအချိန်တွေဆို နင်ဘာတွေလုပ်နေမလဲ”
ငါလွမ်းနေရတဲ့ ဒီလိုအချိန်တွေဆို
တဒင်္ဂလေးပဲဖြစ်ဖြစ်
နင် ငါ့ကို သတိရပေးစေချင်….။.
အ၇မ်းကောင်းတယ်ဗျာ…

commentinfo By: poem.jinx28 at May 21, 2011
Comment #2

မကုန်ခမ်းနိုင်တဲ့ သံယောဇဉ်အငွေ့အသက်တွေနဲ့
ငါ့အသက်ရှူသံ ခပ်ငွေ့ငွေ့ကျန်ခဲ့မယ့် အချိန်မှာတောင်
နင့်ကို ဂရုတစိုက်
နွေးထွေးစွာပေးဆပ်
ဘယ်ဘ၀ ရေစက်မှန်းမသိ
နင့်ကိုဆို ငါ…..သေလောက်အောင်ချစ်တယ်…။
နင့်ကိုဆို ငါ…..သေလောက်အောင်ချစ်တယ်…။
နင့်ကိုဆို ငါ…..သေလောက်အောင်ချစ်တယ်…။
နင့်ကိုဆို ငါ…..သေလောက်အောင်ချစ်တယ်…………….
တကယ်ပါ
နင့်ကိုဆို ငါ….သေလောက်အောင်ချစ်တယ်…။ ။

commentinfo By: Minmyat at Jun 2, 2011
Comment #3

i want to be happy with u before i die,

commentinfo By: ei lay at Aug 6, 2011
Comment #4

မေ့မရခြင်းများစွာနဲ့
ရင်ခုန်သံတွေနား တ၀ဲလည်လည်
ဘာ့ကြောင့်ဆိုတာ အဖြေမရှိလည်း
အလိုလိုရောက်လာတဲ့ နားလည်ခြင်းတွေရှိတယ်….။

commentinfo By: မြတ်နိုးမွန် at Mar 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment