Professional Authors

အပူသည် (မောင်သိန်းဇော်)

အသစ်မဟုတ်ဘဲ
နေရောင်နဲ့ ပြန်သထားတဲ့
မနက်ခင်းတစ်ခုမှာပါ ။
ကျွန်တော်အရူးအမူးဖြစ်နေတာကတော့
အိပ်မက်ထဲက
မွှေးမြတဲ့ နားရွက်ကလေးတစ်ဖက်ပါပဲ ။
လေကလည်း တဟူးဟူး တိုက်နေရဲ့
နှလုံးသားပေါ်မှာ
ခိုကိုးရာမဲ့ ကျီးကန်းတစ်ကောင်ဟာ
တစာစာအာနေလေရဲ့ ၊
အလွမ်းတွေဖွာလန်ကျဲလို့
မြင်မကောင်းအောင်ငိုထားတဲ့
တေးသွားလေးလိုပဲ သက်ဆင်းခဲ့၊
သိပ်တော့လည်း မဆန်းပါဘူးကွယ် တဲ့
တချွတ်ချွတ်မြည်နေတဲ့
သစ်ကိုင်းခြောက်က
မာဂဓဘာသာစကားနဲ့
ကျွန်တော့်ကိုချွေးသိပ်တယ် ၊
ရေတံခွန်အောက်ဝင်လည်း အပိုပဲ ၊
နှလုံးသားတစ်ရပ်စာသာမြင့်တဲ့
မျှော်စင်တစ်ခုဆောက်ပြီး
ကမ္ဘာဦးအစကို လှမ်းကြည့်လိုက်တယ် ၊
မီးကိုစတင်တွေ့ရှိသူဟာ ကျွန်တော်ဖြစ်နေရဲ့ ။ ။

မောင်သိန်းဇော်(နှင်းရည်စက်လက်+ရှုမျှော်ခင်း၂၁)

Comment #1

ကြိုက်တယ်…………….ဆိုတာထက်နှစ်သက်ပါတယ်.

commentinfo By: May Kha at May 23, 2012
Comment #2

mike de

commentinfo By: ei lay at May 24, 2012
Comment #3

🙁
🙁
:'(

commentinfo By: ei lay at Oct 15, 2012
Comment #4

feeling sad!

commentinfo By: Ko Hnin at May 3, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment