Professional Authors

“အိမ်မက်ထဲမှာ ဆုံခဲ့တယ်”

“အိမ်မက်ထဲမှာ ဆုံခဲ့တယ်”

ဖြူစင်တဲ့မျက်နှာလေး ငါ့ရင်ဘတ်ထဲက…

ခဏခဏ… ထုတ်ကြည့်မိတယ်

ဆုံစည်းဖို့ မဆုံစည်းဖို့…

တွက်ချက်ကြည့်တော့…

ငါအတွက်က… အနုတ်လက္ခဏာပါပဲ။

 

တစ်ခါတစ်လေ… မင့်အကြည့်တွေ

ငါ့ဆီရောက်တဲ့ တဒင်္ဂ… (တဒင်္ဂလေးပါ)

ငါသေသွားခဲ့ဖူးတယ်…

လမ်းအဆုံးမှာ ရောက်နေပြီပဲလေ…

အဲသလိုနဲ့ မင်းကိုချစ်ရင်း…

ငါ့ကိုငါ မုန်းလာတယ်…။

မင်းရဲ့တုန်ပြန်မှု တစ်ခုခုနဲ့…

ကြေကွဲခဲ့တာမှ ကောင်းအုံးမယ်…

ခုတော့… အစိုင်အခဲတစ်ခုအနေနဲ့

ရင်ထဲမှာ အရင်းတည်နေတော့…

ချစ်သူရယ်…

ငါ့ကို နားလည်နိုင်မှာလားကွယ်

ငါ… သိချင်ခဲ့တာပေါ့

အိမ်မက်ထဲက မင်းလက်ကလေးနဲ့

အပြင်က မင်းရဲ့လက်ကလေး…

တူလား မတူလား ဆိုတာကိုလေ…။            

 

ဝါယော

In: ကဗျာ,Others Posted By: Date: Apr 29, 2011
Comment #1

ကိုdemon ကောင်းတယ်ဗျာ.
အိမ်မက်ထဲက မင်းလက်ကလေးနဲ့

အပြင်က မင်းရဲ့လက်ကလေး…

တူလား မတူလား ဆိုတာကိုလေ…။ ။

commentinfo By: genius.jinx28 at Apr 30, 2011
Comment #2

အိမ်မက်ထဲက မင်းလက်ကလေးနဲ့

အပြင်က မင်းရဲ့လက်ကလေး…

တူလား မတူလား ဆိုတာကိုလေ…။ ။

အဲဒီစာကြောင်းလေးကိုကြိုက်တယ်။။
အားပေးသွားတယ်နော်။။။ 🙂

commentinfo By: နှင်းဖွေးလေး at Apr 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment