Professional Authors

မျောလွင့်ခြင်း …………

တခါတလေတော့

သတိရခြင်းဆိုတဲ့ အရာကို

ပေါ့ပေါ့ပါးပါးတွေးကြည့်တတ်ချင်ခဲ့တရ် …

ဒါပေမယ့်

ငါ့အတွက်တော့ နှလုံးသားကို စတေးခဲ့ရတဲ့

လွမ်းဆွေးခြင်းတွေနဲ့ပဲ လေးနက်နေခဲ့ရတရ် …

ကိုယ့်ကိုယ်ကိုယ် လက်ခံချင်စိတ်မရှိအောင်

ရူးသွပ်မိတဲ့အခါ

အချိန်ဆိုတဲ့ ဆေးညွန်းကို ပဲမျှော်လင့်နေချင်ခဲ့တရ် …

စိတ်ကူးအိပ်မက်ထဲက အတိုင်းဆို

ဘယ်လောက်တောင်များ ကောင်းပါလိမ့်မလဲ

မျှော်လင့်ချက်တွေက ခပ်ရေးရေးဆိုပေမယ့်လည်း

အဲဒါက ငါ့ဘ၀အတွက်ကောက်ရိုးတစ်မျှင်ပဲလေ

ကျေးဇူးပြုပြီး ငါ့ကိုမေ့လျော့ခွင့်ပေးပါ

အရာအားလုံးကို စွန့်လွှတ်ပြီး မိုးကုပ်စက်ဝိုင်းအထိ

ငါလမ်းလျှောက်သွားမရ် …

စိတ်ကူးအိပ်မက်တွေ ထဲက ရုန်းထွက်နိုင်ပြီဖြစ်တဲ့

လွတ်လပ်တဲ့ လူသားတစ်ယောက်အနေနဲ့ငါ

တွယ်ရာမဲ့လွန်းနေတဲ့

လေတွေကိုတ၀ကြီးရှိုက်သွင်းလိုက်ရင်းနဲ့ပေါ့ ……..

In: ကဗျာ Posted By: Date: Apr 27, 2011
Comment #1

the whole poem match with title.
the thoughts are really smooth & beautiful with the title.

commentinfo By: ei lay at May 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment