Professional Authors

စက်ရုပ်လူ – မောင်စိန်ဝင်း(ပုတီးကုန်း)

ဦးနှောက်ရှိ၍
မှန်၏မှား၏၊ သိသာသိလျက်၊
စက်ရုပ်လိုနေ။

မျက်စိပါ၍
မြင်သာမြင်၏၊ ကြည့်နေမိလျက်၊
စက်ရုပ်လိုနေ။

နားတို့ပါ၍
ကြားသာကြား၏၊ နားထောင်မိလျက်၊
စက်ရုပ်လိုနေ။

ပါးစပ်ပါ၍
ပြောသာပြော၏၊ နှုတ်ဟမိလျက်၊
စက်ရုပ်လိုနေ။

အစာအိမ်ပါ၍
ဆာလောင်မွတ်ငတ်၊ ခံစားတတ်ပြန်၊
သံပတ်ထိန်းချုပ်၊ စက်ရုပ်ဖြစ်လျက်၊
စက်ရုပ်လိုမနေ။

မောင်စိန်ဝင်း(ပုတီးကုန်း)

Leave Comments

Name*

Email*
Website
Email me whenever there is new comment