Professional Authors

ကျီးတို့အလယ်မှ ဒေါင်း – မောင်စိန်ဝင်း (ပုတီးကုန်း)

အလှမွေး၍၊ ကျွေးတာနဲ့စား
လူယဉ်ပါးနေ … ၊ ဒေါင်းအိုးဝေ

ဧည့်သည်လာတိုင်း၊ သခင်ခိုင်းသော်
ခေါင်းမော်လည်ဖွ၊ ခြေကိုကြွ၍
ဟိုမှ သည်မှ၊ ခုန်ဆွဆွနှင့်
က တတ်လိုက်လေ၊ ဒေါင်းအိုးဝေ ……

အစာအသင့်၊ ရေအသင့်နှင့်
သခင့်အလို၊ တေးသံချိုမြ
က ဒေါင်းအိုးဝေ၊ အမျိုးဆွေမေ့
ငယ်ဓလေ့ပျောက်၊ လူနားရောက်နေ
ဒေါင်းအိုးဝေ ……

တစ်ကောင်ထိ၍၊ မချိအောင်နာ
စာစာအော်ပြီး၊ ကျီးငှက်ထောင်သောင်း
ခေါင်းပေါ်မှာဝဲ၊ မြင်ရလည်း လေ …
ကဆဲ …. ကနေ၊ ဒေါင်းအိုးဝေ …..

မောင်စိန်ဝင်း (ပုတီးကုန်း)

Leave Comments

Name*

Email*
Website
Email me whenever there is new comment