Professional Authors

ဒါဆို..တရားပါတယ်

 

ဒါဆိုတရားပါတယ်

လိမ်ညာမှုတခု

စတင်ဖို့

လေကိုခပ်ပြင်းပြင်း…ခင်ရှည်ရှည်

ဆွဲယူလိုက်တယ်။

 

လခွီးထဲမှပဲ

စတင်တော့မယ်

ိုကြံမှ

အတွေးနှစ်ခု

ဒွန်တွဲနေတယ်။

 

အမှန်ဘက်ကို

ဆွဲခေါ်ဖို့

လူတယောက်ကို

မုသားသုံးရတော့မယ်။

 

မိမိကိုယ်ကိုကာကွယ်ဖို့

အတွက်ကော

မုသား (ခေါ်)လိမ်ညာမှုတခု

မစတင်သင့်ဘူးလား..

 

တရားတာ

မတရားတာ

သူ့ဘက်ကြည့်

ကိုယ့်ဘက်ကြည့်

 

်မအောင်မြင်ပြန်ဘူး…

ဒီတကြိမ်

ဟူးးးးးး

 

ထပ်ကြိုးစားကြည့်ချင်သေးတယ်

မိမိကိုယ်မိမိ

တီးတိုး ရေရွတ်လိုက်တယ်

 

လိမ်ညာမှုရဲ့

ခေါင်းစဉ်အောက်မှာ

ငါနစ်မွန်းနေပြီ။

 

လိမ်ညာမှုတခုပြီးမြောက်ဖို့

ရင်းနှီးမှုတွေလဲပါတယ်

စွန့်လွတ်မှုတွေလဲပါချင်ပါမယ်

ရယူမှုတွေလဲ ပါချင်ပါမယ်

နှစ်ခုလုံးလဲ

ဖြစ်ချင်ဖြစ်သွားနိုင်တယ်

သူ့ရဲ့ကာလ သက်တမ်းကကော

ဘယ်လောက်ခံမှာလဲ

 

အတိတ်ကိုဖုံးကွယ်ဖို့

လိမ်ညာမှုကို သူငယ်ချင်းလို

ပေါင်းသင်းခဲ့ဖူးတဲ့

သူတွေလဲ

ကြိုးစားခဲ့သူတွေလဲ

ပါမယ်…

 

ရင်းနှီးမှု အတိုင်းအတာအရ

ရရှိမယ့်..ပမာဏနဲ့ကော

တန်ရဲ့လား..

 

ယုံကြည်မှုတည်ဆောက်ဖို့

ယုံကြည်မှုတွေချိုးဖျက်လိုက်တော့မယ်

လိမ်ညာမှုနဲ့ တန်ဆာဆင်လိုက်တော့မယ်

ဒါတန်ပါတယ်..

 

ရောင်းသူဘက်ကလား

ဝယ်သူဘက်ကလား

မေးတဲ့လူကလဲမေးနေကြတယ်

ပြန်ဖြေဖို့စကားလုံးရှာကြည့်တယ်

တွေ့တယ်…မချပြရဲဘူး

ထင်ထားတဲ့

တုန့်ပြန်မှုမျိုး ဖြစ်မလာမှာ

ကြောက်တယ်…

 

မကြောက်ပါနဲ့

နောက်ဆုတ်ဖို့

အခွင့်အရေးကို

လောကကြီးက

မင်းကိုမပေးထားဘူး

ဘယ်သူ့ကိုမှမပေးခဲ့ဖူးတာပါ..

ဝမ်းမနည်းပါနဲ့…

 

မလိမ်သင့်ပဲလိမ်လိုက်ရသူတွေကို

အားနာပါ ဆိုတဲ့ စကားလုံးကြီးက

နေ့စဉ်နဲ့အမျှဆိုသလို…

ထိုးနှက်နေတယ်..

 

ရည်ရွယ်ချက်ပြင်းပြင်းနဲ့

လိမ်မယ်လို့အစကတည်းက

စိတ်မကူးထားခဲ့တာပါ

နေရာနဲ့အချိန်ပြောင်းလဲမှုက

လိမ်ညာမှုပမာဏကို အရောင်ဆိုး

ဆုံးဖြတ်ချက်ချသွားတာပါ…

 

ကိစ္စတိုင်း

အမြင်နှစ်ဘက်ရှိတာကို

လက်ခံတယ်

အဲ့ဒါကို..

သဘောထား ပျော့ပြောင်းတယ်လို့

ခေါ်မလား

လိုသလိုပုံသွင်းယူလို့ရတယ်လို့

သမုတ်မလား

 

ကဲ..စလိမ်ပြီ

မ လုပ်သင့်တာတွေလုပ်ခဲ့မိတာပါ

မလွဲသာလို့ပါ…ရွေးခြယ်စရာမရှိတော့လို့ပါ

ဒီလိုမှမလုပ်ရင်…မင်းမုန်းမှာစိုးလို့

တချိန်တော့..

ငါပြန်ဖွင့်ပြောဖို့အခွင့်သာမယ်ထင်တယ်…

ရိုးသားတဲ့လိမ်ညာမှုတခုဖြစ်ကောင်းဖြစ်တန်ရဲ့

အကောင်းဘက်ကိုရည်သန်ပြီး

လိမ်ညာခဲ့တာပါ…

 

လောလောဆယ်အတွက်တော့

လက်ခံမယ်လို့

ဆုံးဖြတ်လိုက်တာကောင်းမယ်

 

ဘ၀မှာ ရိုက်နှက်မှုတခုကြောင့်

အကောင်းဘက်ကို

မပျံသန်းနိုင်ခဲ့သူတွေလိုပဲ

မှတ်ချက်ချလိုက်တော့မယ်

 

ဒါဆို..တရားပါတယ်…

 

 FiйaL⎝⋋⏝⋌⎠mUtaTioй

 29.12.10 (4:00pm)

In: ကဗျာ Posted By: Date: Apr 21, 2011
Comment #1

အင်း…..ဒါဆိုတရားတယ်ပေါ့.. 🙂

commentinfo By: ရွှေငါး at Apr 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment