Professional Authors

လေလုံခန်း

အသင်…ယစ်မူးမှာလား

က မှ အ အထိ အဆုံးမြင်နိုင်သော

Abstract ratio…။

 

ဖို မ ခွဲခြားဆက်ဆံမှု မရှိတော့တဲ့ခေတ်

တကယ်ပြောနေတာပါ

မင်းဘာလုပ်မှာလဲ

Physical နဲ့တင် အသက်ပါသွားလောက်တယ်။

 

သူတို့ တွေလဲ အပြစ် ပြောမရ

ဘ၀ကို ကြုံရာ ရေစီးနဲ့ ကူးခတ်နေတာပါ

တန်းဝင် မိန်းကလေးတွေရဲ့ဆွဲဆောင်မှုက

ကြောက်ခမန်း။

 

ဒီခေတ်မှာ သူတို့တွေက

ခံစားသူအကြိုက် တေးသွားဖန်တီးသူတွေဖြစ်နေလေရဲ့

ခေတ်အဆက်ဆက် မူးယစ် ခံစားတတ်သူတွေအတွက်

သင်္ချိုင်းတခုပေါ်မှာ…အတုံးအရုံးပေါ့။

 

အပေါ်ယံ ခံစားချင်သူတွေအတွက်

မခက်ခဲသလို

အတွင်းထိ ထိုးဖောက်

 ရှာဖွေလိုသူတွေအတွှက်လဲ

နွေးထွေးစွာကြိုဆိုနေလျှက်။

 စက္ကန့်မလပ်တက်နေတဲ့အဿပြာကိုကော

မော်မဖူးရ။

 

ဒီလောက ကြီးကို

ဘာခေါင်းစဉ်နဲ့ အဆုံးသတ်မလဲ

ဘာတွေနဲ့ ၀န်းရံမလဲ

ဝိနည်းတွေ၊ကျင့်စဉ်တွေ၊နီတိတွေ

ကျကျပျောက်တတ်တဲ့ မြို့။

 

အခက်တွေကျိုး…အကိုင်းတွေပျောက်

ကိုယ်ကျင့်တရားတွေ

 ဈေးကောင်းပေး

ဝယ်နေရတဲ့မြို့

 မိန်းမကောင်းတွေ အမဲလိုက်ခံနေရတဲ့မြို့။

 

ဒီပြဇတ်ကြီးထဲ မှာ…မပါချင်လဲ

ပါဝင်ကပြနေသူတွေလဲ ရှိတယ်

ယဉ်ကျေးမှု ယှက်နွယ်တာကိုတော့

အပြစ်မတင်ပါနဲ့။

 

အရှေ့တိုင်း ဖက်ရှင်တွေနဲ့လဲ

ဈေးခေါ်နေသူတွေဒုနဲ့ဒေး။

 

ဖော်ရွှေ့မှုမျက်နှာဖုံးတွေနဲ့

အခွင့်ကောင်းယူချင်လာအောင်

လမ်းဖွင့်ပေးတတ်သေးတယ်။

 

Give and take ကို

အပြည့်အ၀အသုံးချခဲ့တဲ့မြို့..ချနေဆဲမြို့

ဟန်ဆောင်မှု အပြုံးတွေနဲ့

2+1 ဝေဒနာတွေ

 မေတ္တာလက်ဆောင်

ထည့်ပေးတတ်သေးတယ်။

 

အများပြောသလို..မီဂါ စီးတီး..ရန်ကုန်မြို့ရဲ့

after 12 pm ယဉ်ကျေးမှု တရပ်

ကြီးထွားနေစဉ်ကာလပေါ့။

 

သမိုင်းတလျှောက်မကြုံဖူးလောက်အောင်

ဈေးကွက်ရနေတဲ့မြို့

သင်ရိုးဟောင်း..အလံဟောင်းအောက်

ရှင်သန်လာသူတွေအတွက်တော့

ပါးစပ်အဟောင်းသားပေါ့… ။

 

After 12 pm ယဉ်ကျေးမှုမှာ

ဖိုမ ဆက်နွယ်မှုတွေ

ခြေရှုပ်နေတဲ့ ကာလပေါ့။

 

ရည်းစား၁ထောင် လင်ကောင်၁ ယောက်

စကားပုံကို ရန်သူတစ်ထောင်

ချောင်ပိတ်ရိုက်တဲ့မြို့။

ရာနှုန်းပြည့်ဖြိုခွင်းခံလိုက်ရတဲ့ ဒေသကြီး။

 

ရုတ်တရက်နွားဖြစ်သွားမယ့်မြို့

အတိတ်ရဲ့ အရိပ်ဆိုးတွေကို

electro music နောက်ကွယ်မှာ

ရာသက်ပန်ပုန်းခိုင်းထားတယ်။

ညမြင်နေ့ပျောက်တွေ ဆက်လက်တိုးပွား

နေတဲ့မြို့

ခေတ်အဆက်ဆက်

ထိန်းလာတဲ့

မိန်းကလေးစံနှုန်းတွေ…

ပျက်သုန်းနေတဲ့ ကာလ။

 

လူလောက မရောက်ခင် ဇ၀ိန်ချွေပေးမယ့်

နေရာလေးတွေက လဲ ဒီမီဂါ စီးတီးကြီးမှာ

ဒုနဲ့ဒေး။

 

P2, E2 ကို အသက်ကယ်ဆေးလို

အပျင်းပြေ၀ါးလို့ရတဲ့နေရာလေ။

နောက်ဆုံး…လူဆင်းရဲတွေအတွက်ဘယ်တော့မှ

မချမ်းသာနိုင်တော့တဲ့နေရာ..တခုပေါ့။

 

 ချမ်းသာချင်ရင်တော့….

ပေးဆပ်မှုတခုရဲ့

နောက်ကွယ်မှာ စောင့်ကြိုနေတဲ့

ခါးသီးတဲ့အနာဂတ်တခုကို ချိုမြိန်စွာ

ဆီးကြိုတတ်ဖို့ပါပဲ။

 

 

FiйaL⎝⋋⏝⋌⎠mUtaTioй

 

11:32 pm

19.Apri.2011

In: ကဗျာ Posted By: Date: Apr 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment