Professional Authors

ချစ်သူသစ်ပင် – မောင်စိန်ဝင်း (ပုတီးကုန်း)

လွင့်ကြွေကျဖို့တော့
ပွင့်မနေပါရစေနှင့်ဘုရား။

သူချိုးနိုင်ဖို့ အခက်ဝေ
သူနေခိုဖို့ အရိပ်ပေး
သူ့ဘဝမှာ အပူတွေဝေးစေဖို့
အစတေးခံနေ…နေလို့ရဲ့
သပြေပင်အိုဘဝနဲ့
(တပည့်တော်)ရှင်ရပါစေသား။

မောင်စိန်ဝင်း (ပုတီးကုန်း)

Leave Comments

Name*

Email*
Website
Email me whenever there is new comment