Professional Authors

အိမ်ပြန်ဖို့မပြောပါနဲ့လား………….

အိမ်ပြန်ဖို့မပြော မပြောပါနဲ့လား
မင်း၇ဲ့အနမ်းတစ်ချက်နဲ့
ငါ၇ဲ့ အလွမ်းတွေတစ်ဝက်လောက်
ပြေပျောက်စေခဲ့တာကို မိတ္တူပွား
မင်းနောက်တစ်ကြိမ်
ပြန်ထွက်သွားဦးမယ်ဆိုတဲ့အသိက
ငါ..၇င်ဘတ်ကို
အခုထိ ကလိနေဆဲ……..
ချစ်သူ
မပြည်စုံသေးတဲ့ ဘ၀မို့
မျက်စိမှိတ်ခါ ဇွတ်မိုက်
ကိုယ်၇ဲ့နောက်ကို
မင်းအခုလိုက်ခဲ့ဖို့ မတောင်းဆိုဝံသူပါ
ဒါပေမဲ့
ခဏတာ
မင်း ပခုံးလေးထက်မှာ
ယုယကြင်နာစွာ
လက်တင်ပွေဖတ်ထားတဲ့ အခါမျိုးမှာတော့
အလွမ်းတွေကို မျိုသိပ်
မင်းပြောသမျှကို ခေါင်းညိမ့် နေဆဲ
ချစ်သူ………ချိန်တန်လို့
အိမ်ပြန်ဖို့ မပြောပါနဲ့လား………..

In: ကဗျာ Posted By: Date: Mar 25, 2011
Comment #1

he,,he,,
mike de.
yee sar htar yin d lo myo khan sar ya tar pop naw?
he,,he,,
so exciting.

commentinfo By: ei lay at Nov 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment