Professional Authors

ရတနာ (၈) – မောင်စိန်ဝင်း (ပုတီးကုန်း)

ပန်းတို့၏ဝတ်ရည်များ
ပျားရည်ဖြစ်သည် …

ကမာကောင်တို့၏ အသဲ (အသည်း)
ပုလဲ ဖြစ်လိမ့်မည် ….

တမ်းတခြင်း အိပ်မက်သည်
လွမ်းရာသီ ရှည်လျား။

သူ့ကိုတွေ့တဲ့ရက်
သူ့ကိုမမေ့တဲ့ရက်
သောကရဲ့လက်ဆောင်တွေ
ဝေဒနာလို ရင်မှာကျွမ်း
အလွမ်းဖြစ်သွား။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

Leave Comments

Name*

Email*
Website
Email me whenever there is new comment