Professional Authors

သိရက်နဲ့

မပြည့်စုံမှုဆိုတာကို

ဘာမျှော်လင့်ချက်နဲ့ အသက်ဆက်ပေးရမလဲ

ထွက်ပေါက်မရှိတော့လို့

မျက်ရည်ကျလိုက်တာ မဟုတ်ရပါဘူး

ထိန်းချုပ်နိုင်စွမ်း တကယ်ကုန်သွားလို့ပါ

မနိုင်မှန်းသိတော့လို့

အရှုံးပေးလိုက်တာမဟုတ်ရပါဘူး

ရယူနိုင်စွမ်း တကယ်မရှိတော့လို့ပါ

လိုက်လျောပေးနေတာကိုပဲ

ကျေနပ်နေရမှာလား

အားနာလို့ဖြည့်စွက်ပေးတာကိုပဲ

မသိချင်ယောင်ဆောင်ဆက်နေရမှာလား

တကယ်တော့…

ယိုင်နဲ့နဲ့ သာဆက်လျှောက်နေရတဲ့

ငါ့ဘ၀လမ်း

မင်းတကယ်မချစ်မှန်းလဲသိနေခဲ့ပါတယ်….

In: ကဗျာ Posted By: Date: Mar 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment