Professional Authors

ကဝေ

ကိုရေ ……….
“ကဝေ” ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ကို ဖမ်းဆုပ်ထားနိုင်တဲ့
အစွမ်းရှိသူသာ ဖြစ်မယ်ဆိုရင် ကျွန်မလေ
ကဝေဘွဲ့ ကို ရဲရဲကြီး ချီးမြှင့်ခံလိုက်ပါ့မယ်
ကချေသည် တစ်ယောက်လို
မျက်စိနောက်အောင်ပဲ
ကျွန်မ ဖျော်ဖြေမိနေရော့သလား ကို
အကြည့်တွေဆုံတိုင်း ကျွန်မရင်မှာ လှိုက်ဖိုခဲ့တာ
ကကြိုးတွေလည်း ကပြောင်းကပြန်ဖြစ်လို့
ကို့နှလုံးသားရဲ့ စည်းချက်တိုင်းမှာ
ကျွန်မစိတ်တွေ ကစဉ့်ကလျားနဲ့
ကပြ အသုံးတော်ခံခဲ့တာပါ
ကရော်ကမယ် ချစ်ခြင်းမှ မဟုတ်တာ
အကိုရယ် ………
ကရုဏာလေးတော့ ထားသင့်ပါတယ်
ကျွန်မ ကလန်ကဆန်နဲ့ ကလိန်ကျနေတာ ထင်ပြီး
ကသိကအောက်တော့ ဖြစ်မသွားပါနဲ့နော်
အခြေမလှတဲ့ ကဝေမ ဘ၀မှာ
ကာယိနြေ္ဒမပျက်အောင်
ကိုယ့်စိတ်ကို ကသိုင်းရှု နေရတာ
ကသီလင်တ နိုင်လှပါတယ်
ကျွန်မတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းမှာ
သံသယ တံတိုင်းကြီး ကားဆီးခဲ့တော့
မိုင်းပေါင်း ကုဋေထက် ပိုဝေးပါတယ် ကို
ခုလို ကာရန်မဲ့ ကဗျာတွေ သီကုံးနေတာကိုပဲ
ကလေးကလား အပြုအမူလို့

ကို့ရင်ထဲမှာ
မသတ်မှတ် လိုက်ပါနဲ့နော်
ရင်ထဲက ခံစားချက်တွေ မထွေးနိုင်
မအန်နိုင်လို့ပါ ကို
တတ်နိုင်ရင် ကျွန်မလေ ကလေးဘ၀လေးကို
ပြန်သွားလိုက်ချင်တယ် သိလား
သောက အပူမီးတွေကို ကာလနဂါးလေးလို
အိပ်နေစေချင်လိုက်တာ
ကျွန်မရဲ့ ချစ်ခြင်းတွေဟာ
ကာလတန်ဖိုးနဲ့ တွက်ချက်မရနိုင်ပေမယ့်
အလျား၊ အနံ၊ ထု နှိုင်းဆမရနိုင်ပါဘူး
ခုတော့ ကိုရေ …….
ကျွန်မ နှလုံးသားလေးကို

ကလိုရိုဖောင်းအုပ်ပြီး သိပ်ထားလိုက်ပါပြီ
ဦးနှောက်ကိုတော့
ကလောင်သွားထိပ်မှာ တာဝန်ပေးထားလိုက်တယ်
ကလပ်စည်း တွေထဲမှာတော့
ချစ်ခြင်းတွေက အောက်စီဂျင် အဖြစ်နဲ့
ပျော်ဝင်နေကြတုန်းပဲ
အများအမြင်မှာ မရိုးရအောင်
ကျွန်မ ကိုယ် ကျွန်မ
“ က၀ိ ” လိုလို
ကဝေပညာနဲ့ ဖန်ဆင်းလိုက်တယ်
ဒီလိုနဲ့ပဲ ကျွန်မဘဝ
ကလောင်အင်အားသစ် ဖြစ်ခွင့်ရခဲ့တယ်
မဖိတ်ခေါ်ပဲ ရောက်လာတဲ့
ကျွန်မကို
ဆီးကြိုခဲ့ကြတဲ့ အတွက် သူငယ်ချင်း
အားလုံးကို ကျေးဇူးတင်ပါတယ်
ကို ရေ ……..
ကယောင်ကတမ်းနဲ့
ကျွန်မ ရေးနေတာတွေကို
ကမကထပြုပြီး အားပေးနေတာကိုပဲ
ရင်ထဲက ကျေနပ်နေမိတာပါ
ကျေးဇူးလည်း တင်လှပါပြီ
အခုတော့
“ကဝေ“ ဆိုတာ
ကျွန်မကို အားတက်စေခဲ့တဲ့
အမည်လေး ဖြစ်နေပါပြီရှင်

In: ကဗျာ Posted By: Date: Mar 19, 2011
Comment #1

လာဖတ်သွားပါတယ်။။။။။။။။

commentinfo By: kathitni1980 at Mar 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment