Professional Authors

နံရံနောက်ဖက်က ပိတ်ကား

ဒီကိစ္စကို အုတ်မြစ်ချကတည်းက
အကိုတစ်ယောက်က တားပါတယ်
ညီလေးရေ မင်းမှားမယ်တဲ့
တလောက ကျွန်တော် အိမ်မက်မက်ရင်း လမ်းထလျှောက်တယ်
လောကကြီးက ဂရုနာ တရားတွေနဲ့ပြည့်လို့
ပိုက်ဆံအိတ်အကြီးကြီးတွေက လမ်းပေါ်က
ခွက်တွေထဲ တချွင်ချွင် ခြွေချကြတယ်
မျက်နှာမွဲလေးတွေကို တို့ပတ်ရိုက်လိုက်ကြ
လိုင်နာဆိုးပေးလိုက်ကြနဲ့ ဟုတ်နေရောပဲ
ရောက်တတ်ရာရာ ဆက်သွားတော့
ပဒေသာ ပင်ကြီးကို ဟီးလို့လေ
ဟာဟ……. မတ္တာတရားတွေပြောပါတယ်
အိုကေ ဟောဟိုမှာတစ်ယောက်ဗျ့
စေတနာရှင်လေသံကြီးနဲ့
ဒီလူက ခြေထောက်တစ်ဖက်မရှိရုံနဲ့တောင်းစားတယ်
ဘာလို့အလုပ်မလုပ်နိုင်သလဲ သုံးဖက်လုံးလုံးကျန်သေးတာ
စိတ်ဓာတ်ကိုက ပျက်နေတာတဲ့
သူလူတတ်ကြီးပေါ့
ဟုတ်ကဲ့ တော်တော်ကြီးကြယ်ခမ်းနားပါတယ်
သူ့လုပ်ငန်းမှာ ခန့်ပေးမလား မေးကြည့်ချင်တယ်
ဒီလိုနဲ့ ကောင်းကင်ကိုမော့ကြည့်ကြီးလျှောက်လာလိုက်တာ
ခလုတ်တောင်ဝင်တိုက်တယ်ဗျ့
အစားအသောက်တွေ ဝေနေတာလေ
စေတနာပါစေတနာပါ
ဝေဒနာတွေ ရောပါနေတာတော့ မတတ်နိုင်ဘူး
အသေအချာပြောနိုင်တာတော့
ဒါနမမြောက်ဖူးဗျို့
အင်း ဒါကြောင့်အကိုက ပြောတာ
ဒီကိစ္စကို အုတ်မြစ်ချကထဲက
ညီလေးမင်းမှားမယ်တဲ့
ကဲဗျာ
ကျွန်တော့် အမှန်တရားက
မုသားလောက်တော့ အဝင်ချိုမှာမဟုတ်ဘူးဗျို့

In: ကဗျာ Posted By: Date: Mar 15, 2011
Comment #1

ကျွန်တော့် အမှန်တရားက
မုသားလောက်တော့ အဝင်ချိုမှာမဟုတ်ဘူးဗျို့

commentinfo By: songmoezin at Aug 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment