Professional Authors

ကံကြမ္မာပေးတဲ့ (ကံကြမ္မာ)။

ကံကြမ္မာရယ် … ကိုယ်ချင်းစာ(စာနာစိတ်)လေးအတွက်
ပေးခဲ့တဲ့ လက်ဆောင်ဆိုလည်း ပြန်ယူသွားလိုက်ပါ
ဒီလို ကံကြမ္မာမျိုး မပေးပါနဲ့ …
ငါ ……….. နာကြဉ်လွန်းလို့ပါ
ငါဆိုတဲ့(သူ) အတွက်
စာနာစိတ်တွေ ရှိလျက်နဲ့ .. ကိုယ်ချင်းစာ တရားတွေ ထားလျက်နဲ့
ဒီလို ဇာတ်ကွက်မှာ သရုပ်ဆောင်ခိုင်းတော့
ငါ သဏ္ဍာန်လုပ် သရုပ်တူခဲ့တာပေါ့
ပေးခဲ့တဲ့ လက်ဆောင်(ကံကြမ္မာ)က ခါးသီးလွန်းတယ်
သြကာသ လောကမှာ ငါလို(သူ)ကိုမှ (ကံကြမ္မာ) ရယ်
သဘောကျခဲ့တာလားကွယ် ………. ။

တကယ်ဆိုလေ
ငါ …. (အခုအချိန်မှာ) ကြေကွဲနာကြဉ်နေတာ
အပြုံးတွေကို ချွေချ … ငါ့ .. နှလုံးသား (နာကြဉ်မှူ)ကို ဖုံးအုပ်စေခဲ့တာ
နင် သိလား?
ငါ …….(ယဲ့ယဲ့လေး)အပြုံး ၁ ပွင့် ချွေချတိုင်း
နှလုံးသားက သွေးအစက်စက် ငါ အသုံးပြုခဲ့ရတာ
နင်(ချစ်ခဲ့ပါတယ်ဆိုတဲ့)ငါက ဟန်ဆောင်ကောင်းသူကိုး
ငါ့ နာကြဉ်မှူ ငါမှတပါး မမြင်နိုင်အောင်
ငါ .. နာကြဉ်တိုင်း .. နာကြဉ်တိုင်း
မျက်ရည်အဖြစ်နဲ့ အပြုံးတွေသာ ချွေချခဲ့မိတာကိုး။

တကယ်တော့
သက်ရှိခြင်းဆိုတာတော့
ငါလို(သူ)အတွက် သက်မဲ့ခြင်းပဲလေ
အပြုံး ၁ ပွင့်အတွက် သွေးအစက်စက်ကို
အသုံးပြုခဲ့မှတော့
(သွေး)ခြောက်ခမ်းတဲ့ နှလုံးသား ၁ စုံတာကျန်ခဲ့တာကိုး။

မဖြစ်နိုင်တဲ့ အကြောင်းတရားကြောင့်
ငါ … မေ့ပစ်လိုက်ဖို့ကို အခါခါ ကြိုးစားခဲ့တိုင်း
အချိန်တွေသာ ဖြုန်းတီးခဲ့မိတယ် *ချစ်သူ*
……………………
*ချစ်သူ* တဲ့ …………..
ငါ့ …. သုံးနှူန်းပိုင်ခွင့်လေးတောင် ပျက်သုန်းသွားခဲ့ရပြီ။

အဝေးက အလွမ်း …
အဝေးက အနမ်း …
အားလုံး(အားလုံး) ပျက်သုန်းခြင်းဆိုတဲ့ ဝဲဂယက်က ဝါးမြိုသွားခဲ့ပြီ
ကံကြမ္မာ ရယ် …….. ပေးခဲ့တဲ့လက်ဆောင်က အဖိုးတန်လွန်းတော့
ငါ ……….. ကြေကွဲမှူအတွက် စကားလုံးဆိုတာ မရှိတော့ပါဘူး။

ဒီလိုဆို ကံကြမ္မာ(နင်)ရယ်
ကျေနပ်လိုက်ပါတော့ …………။

(၅-၃-၂ဝ၁၁)

In: ကဗျာ Posted By: Date: Mar 5, 2011
Comment #1

ချစ်သူ* တဲ့ …………..
ငါ့ …. သုံးနှူန်းပိုင်ခွင့်လေးတောင် ပျက်သုန်းသွားခဲ့ရပြီ။
မပန်းအိ အားပေးသွားပါတယ်

commentinfo By: genius.jinx28 at Mar 6, 2011
Comment #2

ငါ့ နာကြဉ်မှူ ငါမှတပါး မမြင်နိုင်အောင်
ငါ .. နာကြဉ်တိုင်း .. နာကြဉ်တိုင်း
မျက်ရည်အဖြစ်နဲ့ အပြုံးတွေသာ ချွေချခဲ့မိတာကိုး။

တကယ်တော့
သက်ရှိခြင်းဆိုတာတော့
ငါလို(သူ)အတွက် သက်မဲ့ခြင်းပဲလေ

very nice .. 🙂

commentinfo By: Myat Noe at Mar 6, 2011
Comment #3

ကျေးဇူးပါ genius.jinx28 နဲ့ Myat Noe

commentinfo By: pannei at Mar 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment