Professional Authors

စာချွန်လွှာ

စာချွန်လွှာ

စည်းဆိုတဲ့ ကျည်ဆန်နဲ့
မာနလက်နက်ကိုသုံးလို့
ငါ့မကောင်းကြောင်း မရဲတရဲမှ မဟရဲအောင်
ငါနွှဲခဲ့တဲ့ ရင်ခုန်သံတိုက်ပွဲတိုင်း
ရပ်တန်းကရပ် အမြဲအောင်ပွဲခံရမယ်လို့……
ဟိုတစ်ချိန်က ငါထင်ခဲ့တယ်၊ ၊

လူပြောသူပြောနဲ့ လောကကြီးမှာ
မစားကောင်းတဲ့ အသီးဆိုတဲ့စကား
ငါ့ရင်ထဲမှာ ကြီးထွား
ဒီအတွက်နဲ့ ဘယ်တော့မှ မမှားရအောင်
ငါကိုယ့်ငါ ရေလောင်းပေါင်းသင်ခဲ့ပေမယ့်……..
မင်းနဲ့တွေ့မှ စည်တစ်ဖက်ကမ်း လက်လှမ်းချင်ခဲ့တာပါ၊ ၊

ဒီတစ်ခါ တိုက်ပွဲကို အရှုံးပေးလို့
ချစ်သူရှေ့မှာ အလံဖြူကိုင်
ဒူးထောက်ပြီး လက်နက်အပ်
အနိုင်ယူသွားတဲ့ ငါ့ရင်ခုန်သံတွေကို
ကဗျာ အဖြစ်ဖန်တီးကာ
ချစ်သူနားသို့ စာချွန်လွှာ ပါးလိုက်ချင်ပါသည်

နေ့သစ်
21.11.2009

In: ကဗျာ Posted By: Date: Mar 1, 2011
Comment #1

အားပေးသွားပါးတယ်…. ကိုနေ့သစ်

commentinfo By: genius.jinx28 at Mar 1, 2011
Comment #2

ဟင်..ဆရာ့ရဲ့ ဒီကဗျာ ဘာလို့မဖတ်မိပါလိမ့်..ဒီကဗျာကို ကြိုက်တယ်ဆရာ LIKE 🙂

commentinfo By: ရွှေငါး at Aug 17, 2011
Comment #3

ဒီတစ်ခါ တိုက်ပွဲကို အရှုံးပေးလို့
ချစ်သူရှေ့မှာ အလံဖြူကိုင်
ဒူးထောက်ပြီး လက်နက်အပ်
အနိုင်ယူသွားတဲ့ ငါ့ရင်ခုန်သံတွေကို
ကဗျာ အဖြစ်ဖန်တီးကာ
ချစ်သူနားသို့ စာချွန်လွှာ ပါးလိုက်ချင်ပါသည် ။။။။။ ကောင်းလိုက်တဲ့စာသားဗျာ…. 🙂

commentinfo By: chityellusoelay at Aug 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment