Professional Authors

မင်္ဂလာပွဲ ၂

မေတ္တာများစွာကို
သစ္စာတရားတွေနဲ.
အကြားအလပ်မရှိ ဂဟေဆက်တဲ့ပွဲမှာ
မင်းနဲ.ငါက
မျက်လုံးချင်းပဲ စာချုပ်ချုပ်ကြတယ်
နှုတ်ခမ်းချင်းပဲ လက်မှတ်ထိုးခဲ့ကြတယ်။

ငါကလည်း စိန်တွေသီးနေအောင်မဆင်နိုင်ခဲ့ဘူး
မင်းကလည်း ပကာသနတွေ မတောင်းဆိုခဲ့ဘူး
နှလုံးသားမှာ သမိုင်းပေး ကမ္ဗည်းတင်ဖို.
ယုံကြည်မှုနဲ. နားလည်မှုကို
အပြန်အလှန်လဲလှည်ခဲ့ကြတယ်။

ပရိတ်သတ်ရေ
အားကျစိတ်ကိုပဲ
ကိုယ်စီကိုယ်စီ လက်ဖွဲ.ခဲ့ကြ။     ။

In: ကဗျာ Posted By: Date: Feb 21, 2011
Comment #1

congratulation!

commentinfo By: Nandar at Feb 21, 2011
Comment #2

ကိုမော်နီပျော်ရွှင်ပါစေ……..။ ။

commentinfo By: ကဗျာချစ်သူ at Feb 22, 2011
Comment #3

တိုးတိုးလေးနဲ့ အရမ်းထိပါတယ် ကိုမော်နီရေ

commentinfo By: Gipsy Lay at Feb 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment