Professional Authors

နှုက်ဆက်ချိန်

နင်နိုင်ပါတယ်….

စိတ်ကြိုက်ဆုံးဖြတ်လိုက်တော့

ပြောပိုင်ခွင့်မရှိတော့တဲ့ငါ

ခေါင်းငုံ့ခံလိုက်မယ်….

မကျေနပ်ဘူးတစ်ခွန်းမပြောဘူး

သိရက်နဲ့ဇွတ်ချစ်မိခဲ့တဲ့

ငါ့အပြစ်နဲ့ငါမို့

ဖြစ်လာသမျှခါးစည်းခံလိုက်မယ်

မင်းမှာအပြစ်မရှိဘူး….

အလွဲတွေကြားမှာ ရှေ့ဆက်နိုင်ဖို့လမ်းမမြင်တော့လို့

ဒီတိုင်းလေးနှုက်ဆက်ပြီး

နင်ထွက်သွားပါတော့……

တစ်ခုပဲ..

နင်နဲ့မတွေ့ခင်တုန်းက

ပျော်ခဲ့ရတဲ့ ငါ့အရင်ဘ၀လေးကိုတော့

ပြန်ပြီးအလျော်ပေးခဲ့လှည့်ပါ………..

In: ကဗျာ Posted By: Date: Feb 14, 2011
Comment #1

ကိုလွမ်းနောင် ကောင်းလိုက်တာဗျာ… အလျော်တောင်းမနေနဲ့ ပေးနိုင်မှာ မဟုတ်ဘူး ကိုလွမ်းနောင်

commentinfo By: genius.jinx28 at Feb 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment