ချစ်သူသိဖို့……………….
အရာအားလုံးပြီးဆုံးသွားရင် တခုခုကျန်နေဖို့ ငါ ဒီလမ်းကို စောင့်နေတာ မဟုတ်ရပါဘူး။
စောင့်နေချင်တာကြောင့် စောင့်နေပါတယ်လို့ပဲ ဖြေရမှာ။
ဘာဖြစ်လို့လဲဆိုတော့ အစပထမနိဒါန်းမှာကိုထဲက အရောင်မဲ့ခဲ့တာပဲ။
အဖြူရောင်လို့ အလွယ်တကူသုံးနှုန်းခဲ့ပေမယ့် အရောင်တွေမဲ့အောင် ငါကိုယ်တိုင် ဖန်တီးထားတာပါပဲကွယ်။
လိမ်ညာခြင်းနဲ့ခိုးဝှက်ခြင်းတွေ
မင်းနဲ့တွေ့တော့မှ ငါမနောမှာ သီလတွေ ကျိုးပျက်ကုန်တာပါပဲကွယ်
ကောင်းကင်ကြီးကို ကြည့်လိုက်စမ်းပါကွယ်
မင်းရှာဖွေနေတတ်တဲ့ ငါ့မျက်ဝန်းထဲက အမှန်တရားတွေကို
သူက ပြောပြပေးလိမ့်မယ့်ကွယ့်
ဒါပေမယ့် မင်းဘာကြောင့်သိချင်နေမှန်း ငါအဖြေမရှာဘူးနော်။
ဟိတ် အရူးလေး
မင်းက သူများတွေရူးအောင် ပြုစားနိုင်နေတာလား
ငါတော့ မထင်ပါဘူးကွယ်
ဒါပေမယ့် မင်းကြောင့် တယောက်ယောက်တော့ရူးနေခဲ့တာ သေချာတယ်ကွယ်
ကျောခိုင်းထားရင် ငါပြန်လှည့်လာမှာပေါ့ကွယ်
ဘာကိုမှ စိုးရိမ်ကြောင့်ကြမနေနဲ့
မင်းအတွက် သီးသန့်ကောင်းကင်လေးတခု
မင်းကို အုပ်မိုးထားဖို့ အဆင့်သင့်ရှိနေတယ်ကွယ်။
Comment #2
So much cute.
So lovely
By: ei lay at Dec 22, 2012




Comment #1
ကောင်းတယ်နော်ဆူး……….ကဗျာမှာတင်၇မယ်ထင်တယ်