သူငယ်ချင်း……
သူနဲ့ ကျွန်မ စတွေ့ခဲ့တယ် သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာပေါ့
သူနဲ့ ကျွန်မ ကြာလာတော့ ၁ယောက်နဲ့၁ယောက် အရမ်းခင်မင်တဲ့သူငယ်ချင်း ဆိုတဲ့ခေါင်းစဉ်အောက်မှာပေါ့ သူကပြောလာတယ် ငါ့မှာချစ်ရတဲ့သူ၇ှိတယ်တဲ့ အသက်ရှုသံ ခဏတော့ရပ်တည့်သွားတယ်ဒါပေမယ့် တည်ငြိမ်နေခဲ့ပါတယ် နားထောင်နေခဲ့မိတယ် သူကပြောခဲ့တယ် သူချစ်သူကို ဘယ်လောက်ချစ်ကြောင်း ဘယ်လိုချစ်ကြောင်းပြောခဲ့တယ် နာကျင်တဲ့နှလုံးသားနဲ့ နားထောင်ခဲ့တယ် မကြာတဲ့အချိန်အတွင်းမှာ သူ့ကောင်မလေးနဲ့ မိတ်ဆက်ပေးခဲ့တယ်
ချစ်စရာမိန်းကလေး၁ယောက်ပါပဲ ကျွန်မတို့တွေ သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ၇ှိတုန်းပါပဲ နာကျင်ခဲ့ရတဲ့အချိန်တွေပေါ့လေ
မထင်မှတ်တဲ့အချိန်မှာ သူတို့ ၂ ယောက် လမ်းခွဲခဲ့ကြတယ် စိတ်တော့မကောင်းဖြစ်မိတယ် ကျေနပ်မိသလိုလိုတော့ဖြစ်ခဲ့တယ်
သူနဲ့ကျွန်မကတော့ သူငယ်ချင်းဆိုတဲ့ အရိပ်အောက်မှာရှိနေဆဲပဲ
သူအရမ်းခံစားခဲ့ရတယ် သူမရှေ့မှာခံစားနေရတဲ့ သူကိုတွေ့တော့ အရမ်းဝမ်းနည်းခဲ့ရတယ် နှစ်သိမ့်ပေးချင်ခဲ့တယ် ဒါပေမယ့်……..
သူမတို့တွေကျောင်းတွေပြီးခဲ့တယ် အလုပ်ကိုယ်စီနဲ့ပေါ့ သူလုပ်တဲ့အလုပ်မှာပဲ လုပ်ခဲ့တယ် သူငယ်ချင်းတွေပဲပေါ့ သူ နောက်ကောင်မလေး၁ယောက်နဲ့တွေ့ခဲ့တယ် သူမနဲ့မိတ်ဆက်ပေးခဲ့တယ် လက်ထပ်ကြမယ်လို့လဲပြောခဲ့တယ် မကြာခင် သူတို့တွေလက်ထပ်ခဲ့ကြတယ် သူမ ပြုံးနေခဲ့ပါတယ် သူမရဲ့ ဘ၀ကတော့ ဒီအတိုင်းပဲရှိနေခဲ့ပါတယ် ၁ယောက်ထဲ လှုပ်ရှားနေခဲ့တယ် သူဆီကိုတော့ မကြာခဏရောက်ခဲ့တယ် သူဆီမှာသမီးလေး၁ယောက် ၇ှိခဲ့ပြီး သူတို့စီးပွားရေး အဆင်ပြေကြဘူး သူမလဲ တက်နိုင်သလောက် ထောကိပံ့ပေးခဲ့တယ် စီးပွားရေးအဆင်မပြေတော့ သူတို့အိမ်ထောင်ရေး အက်ကြောင်းဖြစ်ခဲ့တယ် သူ အရက်သောက်တက်ခဲ့တယ် သူမိန်းမက အော်ဟစ်ကြိမ်းမောင်းတာတက်ခဲ့တယ် သနားစရာကလေးလေးကတော့ ငိုနေခဲ့ရတယ် သူမလဲပြောခဲ့တယ် အရက်မသောက်ဖို့ သူကပြောတယ် သောက်ပါရစေတဲ့ အခုအချိန်ရောက်မှတော့ စိတ်ကိုလွတ်ထားချင်တယ်တဲ့ အမြဲတမ်းစိတ်ကို တင်းထားခဲ့ရတာတဲ့ သူဘာလို့အဲဒီလိုပြောခဲ့ရတာလဲ သူမ နားမလည်ခဲ့ဘူး ဒီလိုနဲ့ သူ့ကျန်းမာရေး ထိခိုက်လာခဲ့တယ် သူမအရမ်းစိတ်ပူခဲ့ရတယ် တနေ့ သူမဆီအကြောင်းကြားလာခဲ့တယ် သူဆေးရုံတက်နေရတယ်တဲ့ သူမအပြေးအလွား သွားခဲ့တယ် ဆေးရုံကုတင်ပေါ်မှာ အသက်ကိုယဲ့ယဲ့လေးရှုနေတဲ့ သူကိုတွေ့ခဲ့တယ် သူမ ငိုချပစ်လိုက်တယ် သူ့မိသားစုတွေကလဲမရောက်သေးဘူးလေ သူက သူမကိုကြည့်လိုက်တယ် မငိုပါနဲ့ လမင်းရယ်တဲ့ သူမ အံ့သြသွားတယ် သူ ဘယ်တော့ အဲဒီလိုမခေါ်ဖူးပါဘူး နောက်ပြီး သူကိုကြည့်လိုက်တယ် ငါ ဆုံးဖြတ်ချက် မှန်လား မှားလားတော့မသိပါဘူး ဒါပေမယ့် လမင်းကို ထိခိုက်မှာစိုးလို့ ဒီလိုလုပိခဲ့တာ လမင်းနားလည်ပေးပါနော်တဲ့ လမင်းရဲ့ အချစ်ကို အထင်သေးခဲ့မိတာ တောင်းပန်ပါတယ်တဲ့ လမင်း မောင့်ကို ခွင့်လွတ်ပါတဲ့ မောင် ဒီနာမည်က သူမ သူ့ကို အရမ်းခေါ်ချင်ခဲ့တဲ့ နာမည်ပဲ သူမ တိုးတိုးလေး မောင်လို့ခေါ်လိုက်တာနဲ့ သူ ပြုံးပြပြီး သူမကိုလောကကြီးထဲ ထားခဲ့တယ် သူမ ဘာဖြစ်သွားမှန်းမသိခဲ့ဘူး
သူမ သတိဝင်လာချိန်မှာ သူမိသားစုတွေရောက်လာပြီး ကလေးကငိုနေတယ် သူမ ကလေးကိုဖတ်ထားလိုက်တယ် အဲဒီအချိန်မှာ မမျော်လင့်ပဲ နာမည် တခုကိုကြားလိုက်ရတယ် လမင်းမောင် တဲ့ သူမအလန်တကြား ကြည့်လိုက်မိတယ် သူ့မိန်းမကတော့ ၀မ်းနည်းဟန်တောင် မရှိခဲ့ပါဘူး သူမအလန့်တကြားမေးလိုက်တယ် လမင်းမောင် ဆိုတာ ဘယ်သူလဲပေါ့ အဲဒါ ကလေးနာမည်လေတဲ့ သူမိန်းမကဖြေခဲ့တယ် ကလေးနာမည်ကို သူမဘယ်တုန်းကမှမမေးမိခဲ့ဘူး သူမ ဘယ်လိုမှမယုံနိုင်ခဲ့ဘူး သူနောက်ဆုံးပြောခဲ့တဲ့စကားတွေ ကလေးနာမည်တွေ ဘာတွေလဲ သူမ သိတာတခုတော့ရှိတယ် အမှန်တရားတခုက သူမကို အချိန်ကြာမြင့်စွာ လိမ်ညာထားခြင်းပဲ နောက်ကျတော့ သူ့မိန်းမက သူမကိုခေါ်တွေ့တယ် ကျန်းမာရေးမကောင်းတဲ့ သူမိန်းမကိုတွေ့တော့ ကျွန်မ၀မ်းနည်းသွားတယ် လိုအပ်တာတွေကူညီခဲ့တယ် သူမပြောခဲ့တယ် ကလေးကိုမွေးစားပေးပါတဲ့ သူမ သမီးလေးကိုမွေးစားခဲ့တယ် မကြာခင် သူမိန်းမဆုံးသွားခဲ့တယ် မဆုံးခင်သူမကို စာအုပ်လေး၁အုပ်ပေးခဲ့တယ် ဒိုင်ယာရီ စာအုပ်လေးပေါ့… သူမရဲ့ အချစ်ဆုံးချစ်သူရဲ့ ဒိုင်ယာရီစအုပ်ပေါ့ နောက်ပြီး သူ့မိန်းမကပြောခဲ့တယ် သူ့အချစ်ရဆုံးက လမင်းဆိုတဲ့ သူမပါတဲ့ သူက လမင်းကိုပဲချစ်ခဲ့တာတဲ့ သူ့ကိုယ်တိုင်ပြောခဲ့တာပါတဲ့ ဒါပေမယ့် သူနဲ့လမင်းကဘယ်လိုမှမဖြစ်နိုင်ပါဘူးတဲ့ ဘ၀ကမိုးနဲ့မြေ ပါတဲ့ ဘယ်လိုပြောလိုက်တာလဲ မောင်ရယ် အချစ်မှာအဲဒါတွေလိုလို့လား
Comment #3
I like this .very very very……………………..
By: Zar Ni at May 28, 2010
Comment #4
It’s a very good story!!!!! Try to Keep the good job!
By: နေပိုင် at Jun 1, 2010
Comment #7
နှစ်ယောက်စလုံး သနားပါတယ်နော်
By: cholay at Jun 8, 2010
Comment #8
တကယ်ဆို ဒီလိုဇာတ်သိမ်းဖို့ …. ဖြစ်မလာသင့်ဘူးနော် ……
ပွင့်ပွင့်လင်းလင်း ပြောသင့်ခဲ့တယ် ….. ငိုချင်လိုက်တာ
By: နောင်လ်လေး at Jun 18, 2010
Comment #10
အဲလိုမျိုးတော့ ဇာတ်မသိမ်းပါရစေနဲ့သူငယ်ချင်းရယ်—-
By: မီးမီး at Oct 4, 2012




Comment #1
အရမ်းဖတ်လိုကောင်းပါတယ်