Professional Authors
နမိတ်
ဆူး … မြန်မြန်မောင်းလေ
အေးပါဟာ ငါမြန်မြန်မောင်းနေတာပဲ
ကားဆိုတာသတိနဲ့ မောင်းကတယ် ဆောင်း ရဲ့
အေးပါ ငါသိပါတယ် လျှာမရှည်ပါနဲ့   ဟာ
ငါကစိတ်ပူနေတာ မနက်ဖြန် မင်္ဂလာဆောင်ကတော့မယ်လေ
ငါအရင်မှာထားတဲ့ ၀တ်စုံ ကမတော်လို့ခုမှကိုယ်တိုင်းနဲ့ 
လှမ်းမှာထားတာကိုလာယူကတာ မမှီရင်ခက်ကုန်တော့မယ်ဟ
ဒီထက်မြန်မြန်လေးမောင်းပေးပါဟာ
အေးပါ အေးပါ
ဟဲ့  ..အော်  မိဖူး နင်ဟာလေအိပ်မယ်ဆိုတာကြီးပဲ ကားပေါ်ရောက်ရင်
ဟဲ့  ဆောင်း ဒါက ငါဆောင်မယ့် မင်္ဂလာမှမဟုတ်တာ
ဟဲ့  မိဖူး အဲ့ လိုမပြောနဲ့ လေ ဒါငါတို့ သူငယ်ချင်းဆောင်းရဲ့ မင်္ဂလာဆောင်အတွက်လိုက်လုပ်ပေးနေတာလေ
အေးပါ ငါသိပါတယ် တကယ်ထဲ ဖြစ်နေလို့ပါဟာ
ကြည့် လေ သူ့ ပုံကို  ငါအရင်ကပြောသားပဲ ကိုယ်တိုင်းနဲ့ လုပ်ပါဆို တာ မလုပ်ပဲ ရရာယူခဲ့ တယ်လေ
ခုမှ အိမ်သာတတ်ခံနီး အိမ်သာတွင်းရှာနေတဲ့ ရုပ်နဲ့  ဖြစ်နေလိုက်တာ
ဟုတ်ပါ့ ဆောင်း ရယ် နင့်ပုံကလည်း
ဖိနပ်ကလည်း ဘယ်တစ်ဖက် ညာတစ်ဖက်နဲ့ 
ရပ်!
ကျီ………………..
အောင်မလေး
ဟဲ့  ဆူး ဖြေးဖြေးလုပ်ပါဟ
သိဘူးလေ နင်ပဲ ရပ်ဆို
ဟဲ့  ငါပြောတာက နင့်တို့ အရည်မရအဖတ်မရပြောနေတာတွေကိုရပ်ခိုင်းတာဟ
အေးပါအေးပါ  ငါမှားပါတယ်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မောင်လင်း ကွန်ကရက်ကျူရေးရှင်း ပါ 
ဟာရပါတယ် မဟုတ်တာ
ဦးတို့  ကမနက်ဖြန်လာနိုင်မှာမဟုတ်လို လို့ ခုကတည်းကကြိုပေးထားတာလေ
ဟာဦးကလည်း မင်္ဂလာကဆောင်က မနက်ဖြန်မှကို ဒီနေ့ ဘယ်လိုလုပ်ပေးကောင်းမှာလည်း
ဟ မောင်လင်းရ 21ရာစု သားသမီးဖစ်ြပြီး ဒီလောက်တောင် အယုံအကြည်ရှိကလားကွ
ငါတို့ တောင်အဲ့ လိုမရှိဖူးဘူး
ခွမ်း.!
ဟဲ့ပလုတ်တုတ် ဘာဖြစ်တာလည်းဟ
ပြတင်းပေါက်တွေ ပိတ်ထားတာကို ဘယ်ကလေ တိုက်တာလည်း ကွ
မဟုတ်..ဟုတ် ပါဘူး.. ကြောင်ခုန်လို့ထင်တယ်
အေးအေး ဒါဆိုလည်း ဦးတို့ပြန်တော့မယ်နော်
အင်းအင်း ဟုတ်ကဲ့ 
……………………………………………………………………………
ဘယ်လိုဖြစ်လို့  ဆောင်း ရဲ့ ဓာတ်ပုံ ကပြုတ်ကြကတာလည်း
ဟင်းးးး  ဆောင်း တစ်ယောက်ဘာမှမဖြစ်ပါစေနဲ့ ……
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကဲမောင်းတော့ ဆူး
ည 7နာရီရှိနေပြီ မြန်မြန်သာမောင်းတော့ငါတို့ တော့အိပ်တော့မယ် ဟဲဟဲ
ကဲကြည့်  မိဖူး နင်ဟာလေ တကယ်ပဲ
ဟဲ့  ဆောင်း နင် လာမောင်းဟာ
ငါလာတုန်းကမောင်းလာခဲ့ တာခါးကဘယ်လိုဖြစ်နေတာလည်းမသိဘူးဖြစ်နေလို့ ဟ
အေးပါအေးပါ
ဂရုစိုက်မောင်းနော်
တော်ကြာ ကိုလင်း နဲ့ မင်္ဂလာမဆောင်ခင် ယမမင်းနဲ့ ကွိနေဦးမယ်
ဟဲ့ ဟဲ့ 
လွဲပါစေ ချော်ပါစေ
နင်ဟာလေ နိမိတ်မရှိနမာမရှိနဲ့  မိဆူးရယ်…
ငါ့က ကိုလင်းနဲ့ ယူပြီး သားလေးတစ်ယောက်သမီးလေးတစ်ယောက်မွေးဦးမှာ
ဟိဟိ အင်း အပြောကတော့ရွှေမန်းတင်မောင် ကတော့ချိုမိုင်မိုင် မဖြစ်စေနဲ့ ပေါ့နော်
အေးပါ..
*****************************************************
*****************************************************
baby i love you ရင်ခုန်နေရင်း ထပ်တူမို့ စက္ကန့် တိုင်းချိန်တိုင်း….
baby i love you ရင်ခုန်နေရင်း ထပ်တူမို့ စက္ကန့် တိုင်းချိန်တိုင်း….
………………………………….
Hello…ကိုလင်း ဘာလည်းဟင်
အင်း ဆောင်း တို့  ဘယ်မှာလည်း
 ခုလား ခရေပင်လမ်းခွဲဘက်ကနေလာနေပြီ
အင်း အင်း ဘယ်သူမောင်းနေတာလည်းကားက
ဆောင်း မောင်းနေတာလေ ကိုလင်း
အင်းအင်း ဖြေးဖြေးမောင်းနော်
ဟဲ့  ဆူး ငါချမ်းလည်းမချမ်းပဲ နဲ့  ကြက်သီးတွေ ထနေတယ်ဟ
ဟာ နင်ကလည်း ဒီလိုပဲဖြစ်တတ်ပါတယ်ဟဲ့
ဟဲ့ဆူး ဟိုမှာ ဆောင်းတော့ ကိုလင်းနဲ့ ပြောနေတာထင်တယ် မျက်နှာက ပြုံးနေတာပဲ
ဟဲ့  ပြုံးမှာပေါ့  မနက်ဖြန်ပဲ မင်္ဂလာဆောင်ကတော့မယ့် ဟာ
ဟဲ့  မိဖူး ဆောင်းမောင်းတာ အရမ်းမြန်နေတယ် ဟ
သတိပေးလိုက်ဦး
အေး အေး
ဟဲ့ ဆောင်း ကွေ့ တွေမှာ ဖြေးဖြေးကွေးပါဟ
နင်ကလည်း နေစမ်းပါ ငါကျွမ်ဒပါတယ်
ဟဟ ဟဲ့  ဆောင်းဖြေးဖြေး ဆို
ဟဲဟဲ ဒီကွေ့ ကိုလည်း ကြည့်  ငါမောင်းပြမယ်
ဟဲ့ဟဲ့  ဆောင်း ဆောင်း ဖြေးဖြေး
ဟဲ့ မိဖူး ငုန့် လိုက် ငုန့် လိုက် ဆောင်း ကွေ့ လိုက်ကွေ့ လိုက် ရှေ့ မှာ ရှောင်ရှောင် 
ကျွီ..!!!!!!!!!!!! ဒုန်း …………..
အားးးးးးးးးးးးးးးးးးးး
**************************************************************
***********************************************************
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
တီ တီ တီ တီ ..တီ တီ …တီ တီ
ဟလို အမိန့် ရှိပါ
ဟုတ်ကဲ့  ခင်ဗျာ့  ကို ဇေယျာကျော် လင်းတို့အိမ်က ပါလား ခင်ဗျာ
ဟုတ်ပါတယ် ဘယ်ကလည်း မသိဘူး ခင်ဗျာ
ဟုတ်ကဲ့  ဒီမှာ မိန်း ကလေး သုံးယောက် ကားအက်စီးဒင့်ဖြစ်လို့  ဆေးရုံက နေ ဆက်လိုက်တာပါခင်ဗျာ
သူတို့အိတ် ထည်း ကလိပ်စာတစ်ခုတွေ့ လို့ လှမ်းအကြောင်းကြားတာပါခင်ဗျာ
ဗျာ!!!!!!!!!!!!!!!
*********************************************
သား သား ဘာဖြစ်လို့ လည်း သား
အမေအမေ
အမေ့ သမီးတွေ လေ
အမေ့ သမီးတွေ
ဘာ  ဘာဘာ ဖြစ်လို့ လည်း
ကားအက်စီးဒင့်ဖြစ်လို့ တဲ့ လေ
ဘာ
*********************************************
လူနာရဲ့ အသိတွေ ထင်တယ်ရှင်
ဟုတ်ပါတယ်
လူနာရဲ့ မိဘ နဲ့  ဆွေမျိုးတွေပါ
ဟုတ်ကဲ့ ရှင့် လူနာတွေထဲမှာ တစ်ယောက်တော့ ကံအကြောင်းမလှလို့  ပွဲ ချင်းပြီးဆုံးသွားပါတယ်ရှင်
ဟိုပိတ်ဖြူနဲ့ အုပ်ထားတာပါရှင်
 ဆောင်း  မဖြစ်ပါစေနဲ့   ဆောင်းဒ   မဖြစ်ပါစေနဲ့ 
အမေ သွားကြည့် ကြမယ်လာ
………………………………………………………………
အမေ……………….
သွားပြီ သွားပြီ
ဆောင်း ဆုံးပြီအမေ
ဆောင်း   ဆုံးပြီ
ဘယ်လို
ဟုတ်တယ်အမေ
************************************************************
ဆောင်းနှင်းပွင့်
 အသက်(24) 
အဟင့် အဟင့်  ဆောင်းရယ် အဖြစ်ဆိုးလှချည်လား ဆောင်း ရယ်
ဒီနေ့ က ဆောင်းနဲ့ ကိုလင်းနဲ့ ရဲ့  မ၈င်္လာ ဆောင်မယ့် နေ့ လေ ..
***********************************************************
(ထို အချိန်တွင် အုတ်ဂူဖြူဖြူလေး၏ အဝေး တစ်နေ ရာတွင်  အရိပ်ဖြူဖြူလေးတစ်ခု  တိုးညင်းစွာ ငိုနေပြီး  ထို နေရာလေးအား ကျောခိုင်း ထွက်ခွာ သွားလေသည်။။။။။။။)
                                           စကားစကားပြောပါများ ခုတော့လည်းပဲ ဆူးရဲ့  စကားကတော့ ကိုလင်းအိမ်က ဓာတ်ပုံ  နမိတ်                                              တစ်ခုဖြစ်သွားလေပြီ………..
                                                              jet
In: ဝတ္ထု Posted By: Date: Jul 26, 2011
Comment #1
ဝထ္တုလား . . .
commentinfo By: nanpyisoke at Jul 27, 2011
Comment #2
inn hote tal
commentinfo By: jet at Jul 27, 2011
Comment #3
nice.
commentinfo By: ei lay at Jul 27, 2011
Comment #4
Likes…./
commentinfo By: ဆည်းဆာ at Aug 2, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment