Professional Authors

အာဒံ မနှစ်သက်သော ပန်းသီး

အာဒံ မနှစ်သက်သော ပန်းသီး

 

ကောင်မလေးတစ်ယောက်ကို ချစ်မိနေကြောင်း ခင်ဗျားတို့ကို ဖွင့်ပြောရင်. . ဒီကောင်လည်း အထူးအဆန်းလုပ်ပြီး ကြောင်သွားပြီလို့ ထင်မိခဲ့လိမ့်မယ်. . .။

အဲ့ဒီ့နေ့က ကျွန်တော် တကယ်ရူးခဲ့ပါတယ်..။

နေမစုံ၊ လမလုံတဲ့ ကျွန်တော့်အတိတ်မှာ . .ပြစ်ချက်တွေရှိနေခဲ့လိမ့်မယ်.. (ဒါပေမဲ့ .. သူ့မှာ အရယ်မပျက် ပြုံးပြတဲ့ အတတ်ပညာ တတ်တယ်)

ရင်ခွင်ဇကာပေါက် ကွဲကြေဖူးခဲ့လိမ့်မယ်.. (သို့သော်. . .မချစ်မိတတ်ဖို့ သူကြိုးစားခဲ့ဖူးတယ်)

နံရံတံတိုင်းတွေနဲ့သာ တားဆီးလို့ရမယ်ဆိုခဲ့ရင်. . .ကျွန်တော် ချစ်တဲ့အကြောင်း သူမကို မပြောပြဖို့တားဆီးချင်ပါတယ်.. ။

နှလုံးသားကို ဖျက်ဆီးဖို့ .. သူမမှာ . ..အပြုံးတွေပါလာတယ်.။

တခါတလေ.  .ကြိုးစားရှောင်တိမ်းဖို့ .. . အလုံပိတ်  .. အထီးကျန် တိတ်တိတ်လေးပဲ  .. . နေချင်တဲ့ ကျွန်တော့်ကို..

အိမ်ထဲကနေ အိမ်အပြင်ထွက်ဖို့ .. လုံလောက်တဲ့ ညို့ယူမှုတွေနဲ့ သူမ ဖျားယောင်းတတ်သေးတယ် .။

ပန်းသီးနီနီရဲရဲကို  . . ငုံပြီး စားမလားလို့ . .. မျက်ဝန်းအပင့်မှာ . ..

ပရိယာယ်များပြီး အပြစ်မကင်းတဲ့ သူမဆီမှာ . .ဟန်ဆောင်လှို့ဝှက် အသည်းခွဲအဌာရထတွေ ကျွန်တော် မြင်လိုက်တယ်။

(ကျွန်တော် သေချာသိလိုက်တယ် .. . ငါ အသည်းကွဲတော့မယ်လို့ပေါ့)

စိတ်မကောင်းပါဘူးကောင်မလေးရယ် .. . . မိချောင်းမင်းကို ရေခင်းပြနေတဲ့ . .. မင်းအသိဥာဉ်တွေ. . .ဘယ်လို လှမ်းကုန်ပြီဆို တာ. . . ၀မ်းနည်းစွာ ..  သိလိုက်ရတယ်.. ။

ဒီလိုနဲ့ ကိုယ့်အာရုံတွေ ကိုယ်ထိန်းချုပ်. .. .မတွေ့မိအောင် အလွမ်းထဲ ဆင်းပြီးပုန်းရတာ ခဏခဏပါပဲ .. ။

နောက်တစ်နှစ်လို့ ထင်မှတ် အဆွေးနဲ့ အိမ်အပြင်ထွက်… . မိုးချုပ်ဆဲပါလား ကောင်မလေးရယ်. . . ။

ဘာလို့ ဖုန်းတွေပိတ်ထားတာလဲ တဲ့ .. ။ (ဟင့်အင်း ကျွန်တော် အသည်းကွဲမှာ ကြောက်တယ် / မငိုချင်ဘူး)

ပျော်ချင်သလား ကောင်မလေး . .. ငါ ချစ်တတ်ပါတယ်.. . ။

ရှုံးနိမ့်ချင်လား . .. ငါ ရက်စက်တတ်တယ်… ။ (ဒါပေမဲ့ အဲ့ဒီ့ နောက်ဆုံး အကြောင်းအရာက မင်းနဲ့ မဆိုင်ဘူး . .. )

သူမ အတွက် အသည်းမကွဲချင်ဘူးလား တဲ့ . . .. ။

သူမပြုံးပြတယ်. .. . ။ ပြီးတော့ ပန်းသီးလေး ကို အခွံနွှာတယ်. .. .။

ကျွန်တော် နှလုံးသား ဟလိုက်တယ်. . . ။

ကျွန်တော် ပန်းသီးအဆိပ်မိသွားတယ်.. . ။

နောက်ပြီး .. .  .. .. .

အနာဂတ်မှာ . .. သူမ လက်ထဲမှာ ကိုင်ထားတဲ့ ဓါးလေး . .. စိုက်သွားတယ် .. . ။ တွေ့ဆုံခြင်းတွေ  .. . အတိတ်ကို ပြန်ဝင်သွားပြီ။

 

ရှင်းသန့်ဖြူ

27 .6 .2011

3:16pm

In: ဝတ္ထု Posted By: Date: Jul 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment