Professional Authors

အသစ်များကို အဟောင်း(အန်းတိတ်) ပြုလုပ်သည်

အသစ်များကို အဟောင်း(အန်းတိတ်) ပြုလုပ်သည်

ရုတ်တစ်ရက် ဖက်လိုက်ရင် မျက်စိလည်သွားမယ် ထင်တယ်…သေချာပြန်ဖက်ရင် နားကော မျက်စိကော လည်သွားတယ်….
ဟုတ်တယ် စီးပွားဖြစ်တဲ့သူက ဖြစ်သွားပီ။အန်းတိတ် (ရှေးဟောင်း)ဈေးကွက်မှာတော့ ဒါဟာမဆန်းဘူးပေါ့…ဆိုပါဆို့ သစ်တစ်ပင်ကိုခုတ် အတော်ဆုံး ပန်းပု ပညာရှင်က အရုပ်ဖန်တီးပီး ဈေးကွက်တင်ကြည့် ဈေးနဲနဲပဲ ရမယ်…ဒါပေမယ့် နှစ်တစ်ရာ ၊နှစ်ရာလောက်ကြာပီဖြစ်တဲ့ သစ်သားကို ပန်းပုထု အန်းတိတ်ပုံစံ ရှိုင်းနင်း ဂွိုင်းနင်း လုပ်ပီး ဈေးကွက် တင်လိုက် တစ်ရာဆိုလည်းဟုတ် တစ်ထောင်ဆိုလည်း ဟုတ် တစ်သောင်းဆိုလည်း…….အင်း ဈေးကွက် အန်းတိတ်မှ အန်းတိတ်ဖြစ်နေတယ်လေ။။ဒီတော့ သက်တန်းတစ်ရာ၊နှစ်ရာ ရှိတဲ့သစ်သားဘယ်ကရမလဲ…ရှာတော့ ဘုန်းကြီးကျောင်း အဟောင်းတွေ …ဘုရား ကျောင်းကန်တွေမှာရှိတဲ့ အဆောက်အဦးတွေကနေ ရပါတယ်…ဒီတော့ ဘုန်းကြီးတွေဆီကပ် အုပ်နဲ့ တိုက်ကျောင်း ဆောက်ပေး ပီးတော့ ဒီသုံးမရတဲ့ သစ်သားအဆွေးတွေ တပည့်တော်ကို စွန့်ပါဆိုတော့….ပွဲက သိမ်းပီ….။နားလည်သွားပီပေါ့ အသစ်ကို အန်းတိတ်လုပ်တဲ့ ဈေးကွက် ။11.7.14 ရက်နေ့ ညကိုးနာရီခန့်က မြ၀တီက နေရိုက်ပြသွားတဲ့
မန်းရွှေစက်တော် ဘုရားပွဲအကြောင်း ရိုက်ပြရင်း ပြင်ဆင်ရေးပြုလုပ်ထားတာလေးပါ ထဲ့ရိုက်ပြသွားတယ်……မကောင်းတဲ့ ဒေါက်တိုက်လေးတိုင်ကို ဖြတ်ပီး ပိုမိုခိုင်မာတဲ့ သံနဲ့အစားထိုးလဲလှယ် ပြုပြင်တဲ့အကြောင်းပါ ထဲ့ရိုက်ပြသွားတော့ ….တွေးမိတယ် အဲ့သည့် အလဲခံရတဲ့ ဒေါက်တိုင်လေးတိုင်ကို ဘာများဆက်လုပ်မလဲလို့….အင်းပြခန်းလုပ်ပီး ပြသထားမလား…ဒါမှမဟုတ်လေပဲစားသွားမလား
နေ့သစ်
11.7.14
10.12pm

In: စကားပြေ Posted By: Date: Jul 11, 2014
Comment #1

ကိုနေ့သစ်ရေ.. အဲ့ဒါတကယ်ရှိတယ်…ယုံမလားတော့မသိဘူး….

commentinfo By: May Kha at Sep 9, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment