Professional Authors

အကြောင်းမှာ ..

     ဆောင်းနံနက်ခင်းသည် နှင်းငွေ့ခြုံထားသောကြောင့် အေးမြလတ်ဆတ်လှသည်။ အရှေ့ဘက်နေ၀န်းနီရဲ့ အလင်းဓါတ်ဟာ မြို့ပြလေးရဲ့ မျက်နှာစာကို တစ်ငွေ့ငွေ့ဖျန်းပက်ရင်း နွေးထွေးမှုကို ပေးစွမ်းလိမ့်မည်။ အချိန်ရာသီတွေ နာရီတွေ ပုံမှန်လည်နေသည့်အတိုင်း ပုံမှန်နေ့ရက်တွေ အတိုင်းပင် ကျမ ရှင်သန်နေရမှာဖြစ်သည် ။ ရင်ခုန်တတ်စအရွယ်တွေ လွန်ခဲ့ပြီ .. သစ်ရွက်လှုပ်လည်း လေတိုးလည်း ရယ်နေတတ်တဲ့ အပြစ်ကင်းကင်း ဆယ်ကျော်သက်ကလေးလေးတွေ မဟုတ်တော့ …။ နေအလင်းလို နွေးထွေးဖြန့်ကျက်တတ်သော အချစ်တွေ ကျန်ကောင်းကျန်နေနိုင်ပါသည် … ဒါက သဘောတရားဆန်လှပါသည် ..။

   ကျမ မမောပါ .. သူ့ကို ချစ်နေရတာ မမောပါ ..။ သူသိသည်ဖြစ်စေ မသိသည်ဖြစ်စေ ဆက်ချစ်နေရမည်က ကျမဘက်မှ တစ်ဖက်သတ်အခွင့်ရှိနေသလို သူ့ဘက်ကလည်း ကျမအချစ်များကို သိသိ မသိသိ .. နေမြဲအတိုင်းနေနိုင်သော အခွင့်လည်း ရှိနေပါသည် ..။   မျှော်လင့်ခြင်းဆိုတာ မျှော်တိုင်းလင်းတဲ့ မနက်ခင်း မဟုတ်ဘူးလို့ ကျမရင်းနှီးသော ကဗျာတစ်ပုဒ်ကဆိုသည်။ ကျမအတွက်ကတော့ အဲဒီ့မနက်ခင်းဟာ အချိန်တိုင်းပိန်းပိတ်မှောင်မိုက်နေလေသလား .. သူကပဲ မသိလေသလား .. သိနေရက်နှင့် မသိအောင် တမင်ဆောင်လေသလား.. လားပေါင်းများစွာသော မေးခွန်းတွေနှင့် မနက်မှောင်မှောင်မှာ တစ်ကိုယ်တည်းတွေဝေ  မိန်းမောနေတတ်တာဟာ ကျမရဲ့ ၀သီတစ်ခုဖြစ်နေတာ ကြာလှပါပြီ ..။    

       ရိုးရှင်းစွာ ၀န်ခံရမည်ဆိုလျှင် သူနှင့်စဆုံခဲ့ရတဲ့နေ့ဟာ ကျမဘ၀ရဲ့ အမှတ်တရအဖြစ်ဆုံးအရာ ….
       သူ့အပြုံးလေးတွေဟာ ကြယ်လေးတွေထက် လင်းလက်တောက်ပနိုင်စွမ်းသည်သာ …………….
       ခက်ခဲစွာ ၀န်ခံရမည်ဆိုပါက သူ့ကို ကျမအလွန်ချစ်သည် .. အလွန်တရာမှ မြတ်နိုးပါသည် …….

   သူ့အတွက် ကျမဟာ တစ်စုံတစ်ရာထူးဆန်းနေပေမည် .. ကျမကိုယ်တိုင် မျက်လုံးစုံမှိတ်ငြင်းပယ်ခဲ့သော ယုံကြည်ချက်ခိုင်မာမှု တစ်ခုအတွက် နောင်တရလာမိတာကို ကိုယ့်ကိုကိုယ်မုန်းသည် ။ အစွဲအလမ်းလွန်မြောက်မှုမှာ ပီဘိကလေးငယ်တစ်ဦးလို ရယ်ရွှင် လာသည်။ ကိုင်စွဲထားတဲ့ မာနခါးခါးများဟာ သူ့ကိုရည်ရွယ်ခဲ့တာမဟုတ်ကြောင်း သိစေချင်လှသည် ။ ဒါကလည်း ဆုတောင်း သက်သက်သာ ဖြစ်ပေလိမ့်မည်။ သိသွားမှာကိုလည်း တစ်ဖက်ကစိုးထိတ်မိလွန်းပါသည် ။ သူ့အတွေး သူ့အမြင်မှာတော့ ကျမဟာ စိတ်ဓါတ်ကြံ့ခိုင်သော၊ မိမိရဲ့ ရပ်တည်မှုတစ်ခုအတွက်ဆို ဘယ်သောအခါမှ နောက်ဆုတ်စိုးရွံ့လေ့မရှိသော ခပ်မာမာ အမျိုးသမီးတစ်ဦးသာ ဖြစ်နေရမည်ဟု ခိုင်မာစွာ ခံယူထားပြီး ဖြစ်ပေသည် ။

    သူဟာ ငနုံငအလေးဖြစ်သည်။ စိတ်ထဲရှိသမျှဆိုလျှင် ရှိသမျှစိတ်ဟာ သူ့ရဲ့နုံနဲမှုတွေကို ပါးလျားသွားစေချင်တာပဲဖြစ်သည် ။ ငယ်ရွယ်မှုဆိုတာ ပြန်မရနိုင်တဲ့အရာမျိုး .. နုနယ်ပျိုမြစ်ခြင်းနှင့် အိုမင်းရင့်ရော်ခြင်းဆိုတာ အမြွှာတစ်စုံနီးနီး သွေးချင်းနီးကပ်
နေသော်လည်း ချစ်ခြင်းဆိုတဲ့ ကဝေရင့်မာကြီးဟာ .. ဆယ့်နှစ်ကြိုးကို ငုံမွေးလာသူဖြစ်သည် ..။ ကျမ သူ့ကိုမချစ်ချင်ပါ .. သူ့ကိုလည်း မချစ်မိစေချင်ပါ .. ချစ်ခြင်းကတော့ ချစ်မိစေချင်သည် . ပြသနာတွေဟာ ဒီရေလိုတစ်ရိပ်ရိပ်မြင့်တက်လာသည် ။
   
    ကြာလာလေလေ ကျမ အရူးတစ်ပိုင်းဖြစ်လေလေ .. သူ့မျက်ဝန်းတောက်တောက်ကလေးကို အပြစ်ကင်းစင်ရလေခြင်းဟုသာ    
ငေးငေးငိုင်ငိုင်ကြည့်ရုံမှတစ်ပါး ကျမ မတတ်နိုင်တော့ပါ ..။

              နောက်ဆုံး ကျမ မျှော်လင့်ရသည်မှာ ..
              ဘယ်သောအခါမှ ..ကျမနှင့်ချစ်ခြင်းဆိုသည့်အရာကို သူမျက်ရိပ်မပြမိစေဖို့ပဲဖြစ်၏ …
              နောက်ဆုံး ကျမ မျှော်လင့်ရမည်မှာ
              ဘယ်သောအခါမှ .. ကျမနှင့် ချစ်ခြင်းဆိုတဲ့အရာ နီးကပ်မနေမိဖို့ပဲဖြစ်၏ …
              နောက်ဆုံး ကျမ မျှော်လင့်ရန်မှာ
              ဘယ်သောအခါမှ .. ကျမရဲ့ကြီးရင့်မှုကို ကျမကိုယ်တိုင်သတိပြုနေမိတာကို မမေ့ရန်ပဲဖြစ်၏ ..

 (… အတွေးတစ်စ စကားတစ်ခွန်းကနေ ရေးမိသွားတာဖြစ်ပါတယ် .. ဖတ်ပေးသူများကို ကျေးဇူးတင်ပါတယ် … ကဗျာရွာကို
ချစ်တဲ့ … မေပျို (YIOE) )

        

   

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

In: စကားပြေ Posted By: Date: May 5, 2013
Comment #1

အတွေးတစ်စ စကားတခွန်းပဲလား ရုပ်ရှင်လိုင်းအနံ့ ရသလိုပဲ… 😛 စတာ ကောင်းတယ် အဲလို ကောင်းတယ့် စာမျိုးကို ပေးဖတ်တယ့် အတွက် ကျေးဇူးပြန်တင်ရမှာပါ

commentinfo By: LZK at May 5, 2013
Comment #2

ဖတ်ပြီးသွားပြီ အစ်မ
ခံစားရပါ၏ 🙂
<3

commentinfo By: loafer at May 5, 2013
Comment #3

အသက်အရွယ်နဲ့ မတိုင်းတာစေချင်ဘူးဗျာ…ချစ်တယ်မချစ်ဘူးနဲ့ပဲ ဖြစ်သင့်ပါတယ် 🙁

commentinfo By: နိုးဆက် at May 5, 2013
Comment #4

နိုးဆက်ပြောတာဟုတ်ပါတယ်
ဒါပေမဲ့ .. တစ်ခါတစ်လေ ခက်ခဲတယ်ထင်တယ်လေ
ခုလို အားပေးဖတ်သွားသူများကို ကျေးဇူးတင်ပါတယ်

commentinfo By: မေပျို at May 5, 2013
Comment #5

ပင်ပန်းလိုက်တာ
ဟန်ဆောင်ပြီးနေတဲ့သူတွေကိုအရမ်းသနားတာပဲ
ပျော်ပျော်ရွှင်ရွှင်နေနိုင်ပြါစေ

commentinfo By: ei lay at May 6, 2013
Comment #6

Soemtimes pretending can get more better ..

commentinfo By: မေပျို at May 6, 2013
Comment #7

ကောင်းတယ်နော် ကဗျာက

commentinfo By: Paye phyo aung at May 7, 2013
Comment #8

နောက်သွားတာထင်တယ်နော်

commentinfo By: မေပျို at May 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment