Professional Authors

ရည်းစားစာ

ကျွန်တော် ဒီစာလေးရေးတာက ကျွန်တော့်ချစ်သူအတွက်ပါ။
ကျွန်တော့်ရဲ့ ချစ်သူက ကျွန်တော့်ကို ခဏခဏမေးတယ် တကယ်ချစ်တာမှ ဟုတ်ရဲ့လား?
ချစ်လား ချစ်လား ဆိုပြီး ကျွန်တော့်ကို တနေ့မှာ အခါ ၂၀ထက် မနည်းမေးတယ် ခင်ဗျ။

ကျွန်တော်က ချစ်ပါတယ် ပြောတော့လည်း ကျွန်တော်ပြောတဲ့ စကားတွေ မယုံဘူးတဲ့ ခင်ဗျ။
ကဗျာတွေ စာတွေ ရေးတတ်တဲ့သူဆိုတော့ လျှာရိုးမရှိတိုင်း လျှောက်ပြောနေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့တဲ့။
ကဲ. . ခု ကျွန်တော့် စာဖတ်သူ သူငယ်ချင်းတွေကို သက်သေထားပြီး ရည်းစားစာလေးတစ်ပုဒ်လောက် ရေးမယ်နော်။
နားနဲ့မနာ မျက်စိနဲ့ နာကြပါ။

ဖြူ
မင်း ကိုယ့်အပေါ်မှာ သိပ်ချစ်တာကိုလည်း ကို သိပါတယ်။ အဲဒီ့အတွက်လည်း ကို မင်းကို သိပ်ကျေးဇူးတင်ပါတယ်။ မင်းရဲ့ နားလည်ခွင့်လွှတ်တတ်တဲ့ စိတ်ကလေးအတွက် ကိုယ်ကလည်း မင်းကို ပြန်ပြီးလက်ဆောင်တစ်ခုပေးပါ့မယ် အဲဒါကတော့ သစ္စာပါ မင်းအပေါ်မှာ ကိုယ်အမြဲတမ်း သစ္စာရှိပါ့မယ်၊ မင်းကို ကို သိပ်ချစ်ပါတယ်။ မင်းက ကိုယ့်ရဲ့ အချစ်ဦးမဟုတ်ရင်တောင်မှ တစ်သက်စာအချစ်ပါဘဲ။ ကိုယ့်လို လိုအပ်ချက်တွေ များလွန်းတဲ့သူအတွက် နားအလည်ဆုံးနဲ့ လက်ခံနိုင်ဆုံးသူဟာ မင်းတစ်ယောက်တည်းပဲ ရှိမှာပါ။ ကို လိုအပ်နေတဲ့ အချိန်တွေမှာ မင်းက အားဖြည့်ပေးနေသလို မင်းလိုအပ်နေတဲ့ အချိန်တွေမှာလည်း မင်းရဲ့ နားမှာ အမြဲတမ်းရှိနေမှာပါ။ အရမ်းချစ်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကို ကြည့်ပြီး ချစ်ခြင်းရဲ့ အနက်အရှိုင်းကို တိုင်းတာလို့မရပါဘူး။ အချစ်နဲ့ အချိန်က တစ်သားတည်း ကျနေတဲ့အတွက် မင်း ကိုယ့်ရဲ့ နှလုံးသား အမှန်ကို တစ်ချိန်ချိန်မှာ မြင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ တကယ့်အစစ်အမှန်ကို ရှာတွေ့ပြီးတဲ့ လူတစ်ယောက်အတွက် အတုအယောင်တွေနဲ့ ဘာလို့ ရောနှောနေတော့မှာလဲ၊ ကို့မှာ မင်းနဲ့အတူ လုပ်ဆောင်ရမယ့် ကိစ္စတွေ တော်တော်များများ ရှိသေးတယ်။ အာရုံ သိပ်များနေတဲ့ လူအတွက် တစ်ခါတစ်လေမှာ လစ်ဟင်းမှုလေးတွေ တော်တော်များများ ရှိခဲ့မယ်ဆိုရင်လည်း ဖြူ့ကို ကို တောင်းပန်ပါတယ်။ အေးဆေးလွန်းတာ မချစ်လို့ မဟုတ်ပါဘူး။ မင်း ရွေးချယ်ခွင့်ရအောင် လမ်းဖွင့်ပေးထားတာပါ။ ခပ်မာမာပြောတာလဲ မချစ်လို့ မဟုတ်ပါဘူး မင်း စဉ်းစားချင့်ချိန်နိုင်အောင်လို့ပါ။ ကို ၀န်ခံပါတယ် ကိုယ်က လျှို့ဝှက်သူတစ်ယောက် တချို့ကိစ္စတွေကို ဖွင့်ချမပြတတ်တဲ့သူတစ်ယောက်ဆိုတာကို။ ကိုက ကိုယ့်ကိုယ်ကိုယ် အမြဲ သတိနဲ့ ထိန်းချုပ်နေတတ်တဲ့ လူတစ်ယောက်ဖြစ်လို့ အတ္တကြီးတယ် ထင်ရင်လည်း မမှားပါဘူး။ ကိုယ် မင်းကို အရမ်းချစ်သွားမှာ ကြောက်တယ်။ ခံစားရမှာကိုလည်း ကြောက်တယ်။ ဒါကြောင့် အမြဲ ထိန်းချုပ်နေတာပါ။ သတိရတဲ့ စိတ်လေးဝင်လာတာနဲ့ နှိမ်နှင်းလိုက်တာက များခဲ့တယ်။ ခုတော့ ကိုယ် မထိန်းချုပ်တော့တာ ကြာပါပြီ။ မင်းကို သိပ်ချစ်ပါတယ်ဆိုတာကိုတော့ ယုံပေးပါ။  ကိုယ့်ရဲ့ နောက်ဆုံး အချိန်အထိ ကို မင်းနားမှာပဲ နေတော့မယ်။ တို့နှစ်ယောက် လက်တွဲပြီး လုပ်စရာတွေ အများကြီးရှိတယ်။ ကိုယ့်ဘေးနားမှာ အမြဲတမ်း နားလည်ပေးနိုင်မယ့် မင်းမရှိတော့ရင် ကိုယ်တစ်ယောက်တည်း ဆက်လျှောက်ဖို့ အင်အားမရှိတော့ပါဘူး။ မင်းကို ကို လိုအပ်တယ်။ တစ်သက်စာပေါ့။

(26-11-2010)
လိပ်ပြာ

Comment #1

htet tuu htet mya yin khone ya par tal , phaw shwan naing par say

commentinfo By: moesat at Nov 26, 2010
Comment #2

လိပ်ပြာရေ..လှလှပပလေး ပျံဝဲနေလိုက်တာဗျာ..လွှတ်လှ

commentinfo By: မိုးလူ at Nov 26, 2010
Comment #3

သူငယ်ချင်း မိုးလူရေ မပျံဝဲလို့ မရဘူးဗျ . ..

commentinfo By: butterfly at Nov 26, 2010
Comment #4

ဟုတ် အဲလိုခေါ်လဲ အမ်.းးးးးးးးးးးးးးးးးဘာမှမဖြစ်ပါဘူး ကိုယ့်မောင်နှမတွေပဲဟာ ခေါ်ပါ ကိုမငိး၇ာဇာ ။။။၇ှည်တယ်ကွာ ကိုမင်းပဲခေါ်တော့မယ် သဘောတူလား သဘောတူ၇င် အကြောင်းပြန်

commentinfo By: nyamoethee at Jan 3, 2011
Comment #5

သဘောတူပါတယ်ဗျာ…….. အဆင်ပြေသလိုသာ ခေါ်ပါ ………….. ခုလို လာရောက် အားပေးတဲ့ သဲကိုလဲ ကျေးဇူးတင်ပါတယ်ဗျာ…..

Comment #6

ဟုတ်ကဲ့၇ှင့်

commentinfo By: nyamoethee at Jan 3, 2011
Comment #7

မိုးသဲ… မင်း၇ာဇာဆို၇င် မင်းသားပေါ့ တောမင်းသားး…… ဟားးးးးး

commentinfo By: genius.jinx28 at Jan 3, 2011
Comment #8

အမ်……..ငါနဲ့ နာမည်တူ ရှိသေးသလား??????
ရီတယ်ပေါ့ ငတိလေး ဟုတ်လား??? နှာခေါင်းပေါက်နဲ့ အသက်ရှုကြတဲ့ သူတွေအားလုံးဟာ
တံဆိပ်အမျိုးမျိုး တပ်ထားတဲ့ မျိုးတူတွေပါပဲကွ…………

🙁

Comment #9

အယ်….တံဆိပ်ဆိုတာ made in singapoorလိုမျိုးလား ဒါမှမဟုတ် 400 500 1000 အဲလိုဈေးနှုန်းကပ်ထားတာလား ဟဲဟဲ မတိ၇ို့မေးတာ ၇စ်တယ်မထင်ပါနဲ့ မထင်ပါနဲ့ မင်းတွေးသလိုမမြင်ပါနဲ့ အဲ့အဲ့ အဲ့

commentinfo By: nyamoethee at Jan 3, 2011
Comment #10

မ၇ယ်ပါဘူး စတာပါ ကိုလိပ်ပြာ

commentinfo By: genius.jinx28 at Jan 3, 2011
Comment #11

ဟဲ့ နဒီ နင်ဆော့တဲ့ဂဏန်းတွေဒီမှာလာမပြောနဲ့လေ ငါကအဖြူထည်လေးတွေ (နည်းနည်းလောက်တော့ဒေါက်ဖြုတ်ဦးမှ)

commentinfo By: nyamoethee at Jan 3, 2011
Comment #12

ဘာတံဆိပ်လဲဟင်…………….

commentinfo By: layykyoe at Jan 3, 2011
Comment #13

တွေးသလိုတော့ မမြင်ပါရစေနဲ့… ဟီးးး …………..
စတာပါ ရဲလေးရာ ဘာပဲပြောပြော ညီအစ်ကိုမောင်နှမတွေပဲ မဟုတ်လား ဘယ်တော့မှ ဘယ်တုန်းကမှ စိတ်မဆိုးပါဘူးဗျာ……………….

Comment #14

ကိုမင်း နဒီက ၈ျပန်မူလီသိလား သွားမပြောနဲ့ (အချွန်နဲ့မ၇မယ်)

commentinfo By: nyamoethee at Jan 3, 2011
Comment #15

နဒီဆိုတာ ဘယ်သူလဲဗျာ ရှုပ်ကုန်ပြီ

Comment #16

ညမိုးသီး နင်က ငါ့ကိုဒေါက်ဖြုတိတယိပေါ့။
ဟို ကို တောင်ပံပြုတ်နေတဲ့လိပ်ပြာေ၇ ညဘက်မှာရွာတဲ့ မိုးသီးကို ပြလိုက်ပါ။
တံဆိပ်ပြောပါတယ်…………

commentinfo By: layykyoe at Jan 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment