Professional Authors

မနမ်းဝံ့တဲ့ပန်း

ပွင့်လျှင်လည်းနမ်း၊
နွမ်းလျှင်လည်းကောက်၊
ခြောက်လျှင်လည်းသိမ်း၊
တိမ်းညွတ်တွယ်မက်၊
သည်တစ်သက်မှာ၊
တစ်ပွင့်သာလေ၊
စွဲလန်းနေမည်၊
ဝေဝေကြွေကြွေမြတ်နိုး၏။ ။    မောင်စိန်ဝင်း (ပုတီးကုန်း)

ကိုစိန်ဝင်းရဲ့ ဝေေ၀ကြွေကြွေမြင်တော့ ငယ်ငယ်ကကြည့်ဖူးတဲ့ ကြွေလည်းမွှေး ဝေလည်းမွှေးကို သွားသတိရမိတယ်..။

ကိုစိန်ဝင်းကတော့ ပွင့်လျှင်လည်းနမ်းမယ်ဆိုပါလား….။

လူတစ်ယောက်ကတော့ ကျုပ်ကိုပြောဖူးတယ် တစ်ခါက မနမ်းရက်တဲ့ ပင်မြင့်ပေါ်က ပန်းကလေးတစ်ပွင့်တဲ့…။

မြိုင်နန်း တောတန်း ထဲမှာ ပွင့်ဖူးနေတဲ့ ပန်းကလေး သူ့ဖာသာ လွတ်လွတ်လပ်လပ် ပွင့်လန်းနေပါစေလေ…

နမ်းမှ နွမ်းမည် စိုးလေရော့လားတော့မသိပါဘူး…

ပင်နွယ်ပေါ်မှာပဲ အစဉ်သာ တွယ်နေစေချင်ရဲ့…

အမြင်မတူပေမယ့် အဆင်တူတဲ့ သူတွေရဲ့ ဓမ္မပန်းလေးတွေရယ်ပါ….

အပင်ကူးယှက်ကာ အစဉ်မလူးရက်သူမို့ အပင်ဦးထက်မှာပဲ ထားလိုက်မည်လေ….။

ခြောက်လျှင်သိမ်းတယ်ဆိုတာကကော အခေါက်မြင်ရင် မထိန်းနိုင်တဲ့စိတ်ကြောင့်ရယ်လား…

ငယ်ငယ်က ပန်းခြောက်လေးတွေ စာအုပ်တွေကြားခေါက်သိမ်းထားတတ်တာလည်း တစ်ခုပေါ့။

တစ်သက်မှာ တစ်ပွင့် ဆိုပဲ ..ဒါလည်း ဟုတ်ပါတယ် ..

တစ်သက်တစ်ပွင့် ထပ်မပွင့် နိုင်တော့လည်း ဝေေ၀ကြွေကြွေမြတ်နိုးနေမယ့် ကိုစိန်ဝင်းရဲ့ နှလုံးသား စမ်းရေကြောင့်

လန်းဖြာမှာ အသေချာပါပဲဗျာ……။

မောင်ပညာ ( ကေတုမတီ )

In: ဆောင်းပါး Posted By: Date: Nov 20, 2010
Comment #1

great! I like your comment

commentinfo By:ွမွန်စိုက် at Nov 21, 2010
Comment #2

🙂 .. လေးစားလျက်။

commentinfo By: chityellusoelay at Aug 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment