Professional Authors

အ၀င်လှ၍ အထွက်ယဉ်ပါစေ *

မနေ.က ကိုခင်မောင်ဝေနဲ.တွေ.တော. သူအိမ်က အလုပ်သမားတစ်ယောက်အကြောင်းပြောလာပါတယ်။
သူတို.အိမ်က မုန်.ထုတ်လုပ်တဲ.လုပ်ငန်းကိုအိမ်မှာတင် လုပ်ပါတယ်။
သည်တော.လည်း မုန်လုပ်တဲ.ယောက်ျားလေးတွေရော မုန်.ထုပ်တဲ.ကောင်မလေးတွေပါရေထွေးပြီးလုပ်ရတဲ.အလုပ်ပေါ.။
ယောက်ျားလေးတွေကို တော. သူတို.ဆီမှာ ညသိပ်ပြီး မိန်းကလေးတွေကတော. အလုပ်ပြီးရင်ပြန်ပေါ.။
သည်တော.လဲ မုန်.ထုပ်တဲ.ကောင်မလေးတွေကို အလုပ်နဲ.နီးတဲ.ကလေးမလေးတွေကို ခေါ်လို.ခိုင်းတာများပါတယ်။
ယောက်ျားလေးရောမိန်းကလေးပါ သူတို.လုပ်ခက နေ.ချင်းရှင်းစနစ်နဲ.ထားတာပါ။
စန်းအောင်ဆိုတဲ.အလုပ်သမားလေးက” ဖိုကိုင် “တဲ.ကောင်လေးပါ။
“ဖိုကိုင်”ဆိုတာ အလွယ်တကူပြောရ ရင် မုန်.အစိမ်းတွေကိုကျက်အောင် ဖုတ်တဲ.မီးဖိုကိုတာဝန်ယူရတဲ.သူပါ။
သူ.တာဝန်က ကြီးသလို အဓိကလဲကျပါတယ် ဒီတော. ကြေးကောင်းကောင်းလဲပေးရပါတယ်။ လုပ်ငန်းအတွက်အားထားရတဲ.သူလည်းဖြစ်တယ်ပေါ.ဗျာ။
သူက ညဆိုရင် အားလုံးအလုပ်ပြီးရင် မနက်အဆင်.သင်.ဖြစ်အောင် မီးဖိုကို နောက်နေ.အတွက်မီးသွေးထည်.ပြီးမှ အလုပ်သိမ်းရသလို မနက်ဆိုရင်လဲ အားလုံးမထခင် လေးနာရီလောက်မှာ ထလို. မီးမွှေးပြီး အဆင်.သင်.ဖြစ်အောင်လုပ်ထားရပါတယ်။
သူက အလုပ်ထဲက မုန်.ထုပ်တဲ.ကောင်မလေးတစ်ယောက်နဲ.ကြီုက်နေပါတယ်။
ညဆို သူ.ကောင်မလေးအိမ်ကို သွားလေ.ရှိပါတယ်။
အစကတော. စောစော ကိုးနာရီလောက်ပြန်လာပေမဲ. ခုရက်ပိုင်းအတွင်းမှာ ည 12နာရီလောက်မှ ပြန်လာပါသတဲ.။
တစ်ညတော. ကိုခင်မောင်ဝေ အမေက သူတစ်ရေးနိုးတဲ.အချိန်နဲ. စန်းအောင်ပြန်လာတဲ.အချိန်ကွက်တိဖြစ်နေတော.ညအပြန်မိုးချုပ်တာသိသွားပါသတဲ.။
လူကြီးဆိုတော.လဲ မဖြစ်သင်.တာကို အတွေးပိုတာရယ် ည ညအိပ်ရေးပျက်တော.အလုပ်ထိခိုက်မှာစိုးတာရယ်ပေါင်းလို.
နည်းနည်းလောက်ဆူမိပါသတဲ.။
စန်းအောင်ကဘာမှတော.ပြန်မပြောပေမဲ. တစ်နေ.လုံး ၀ုန်းဒိုင်းနဲ.ဆောင်.အောင်.လုပ်နေပါသတဲ.။
ကိုခင်မောင်ဝေတို.ကတော. ဘာမှမပြောဘဲ မသိချင်ယောင်ဆောင်နေလိုက်ပါသတဲ.။
ဒါပေမဲ. မနက်မိုးလင်းလို. အလုပ်လဲစရော မီးဖိုက မီးမမွှေးရသေးဘူးဖြစ်နေတယ်။
စန်းအောင်က ဘယ်အချိန်ထထွက်သွားမှန်းမသိလိုက်ဘူး။
အလုပ်ကတော. နည်းနည်းနှောင်.နှေးသွားပါတယ်။
ဒါပေမဲ. အချိန်တန်တော.လည်း တစ်နေကုန်တော.အလုပ်တွေပြီးသွားတာပါဘဲ။
နောက်ဇာတ်လမ်းကတော. ကျနော် အလုပ်ထဲမှာ လောလောဆယ်ဖြစ်နေတာပါ။
ကျနော်တို.အလုပ်က ပိုင်ရှင်ကသဘောကောင်းပါတယ်။
သူက အလုပ်ကို ဖျက်လိုဖျက်ဆီးလုပ်တာရယ် အချင်းချင်း အပေါ်မှာ ပညာပြတာရယ် မရိုးသားတာရယ်က လွဲလို.တော်ရုံတန်ရုံကိစ္စဆို ခွင်.လွှတ်တတ်ပါတယ်။
အစကတော. လူနည်းနည်းလေး ဆိုတော.သိပ်ပြသနာမရှိပါဘူး။
ဒါပေမဲ.လုပ်ငန်းက ကြီးလာ တော. ၀န်ထမ်းကလဲ တဖြည်းဖြည်းများလာတယ်ဆိုတော. လူစုံ စရိုက်စုံဖြစ်လာပါတယ်။
အခွင်.အရေးယူတတ်သူလဲပါလာတော. ခွင်.ကို အလကားနေရင်းခဏခဏယူကြတာ အလုပ်ချိန်လာချိန်ပြန်ချိန်ကိုသတ်မှတ်ပေးထားပေမဲ. နောက်ကျလာပြီးစောပြန်တာ တွေဖြစ်လာပါတယ်။
လူစိတ်ဆိုတာကလဲ များသောအားဖြင်.မကောင်းတာ ကိုအားကျတာ သဘာဝကိုး။
သူ ဒီလောက်လုပ်ရင် ငါဒီလောက်လုပ်မယ်ဆိုတာမျိုးမရှိပေမဲ. သူနောက်ကျရင်တော. ငါလဲနောက်ကျမှာဘဲဆိုတဲ.စိတ်က အပြည်.ကိုးဗျ။
ကြာတော. လာချင်တဲ.အချိန်လာ ပြန်ချင်သလိုပြန် ဆိုတာမျိုးဖြစ်လာတော.
ကောင်းသောဝန်ထမ်းနဲ. မကောင်းသောဝန်ထမ်းအကြားမှာ မသင်.တင်.တာတွေ ပြောစရာတွေဖြစ်လာပါတော.တယ်။
ဒီတော.လဲ ပိုင်ရှင်ဘက်က မနေသာတော.ဘဲ
လာချိန်ပြန်ချိန်တွေ ခွင်.ယူတာတွေ စတဲ. အလုပ်ခွင်စည်းကမ်းတွေ အသစ်ထုတ်ပါတော.တယ်။
တစ်နှစ်တစ်ကြိမ် ပေးနေကျဘောနပ်စ်ကို လည်း စည်းကမ်းမလိုက်နာရင်ဖြတ်မယ်ဆိုပြီး တိတိကျကျလုပ်လာပါတယ်။
ဒီနေရာဘောနပ်စ်ဆိုလို ပြောရအုံးမယ်။
ခါတိုင်းဆိုရင် လုပ်ငန်းအောင်မြင်မူ. အမြတ်အစွန်းပေါ်မှာ မူတည်ပြီး ဒီနှစ်တော. ဘောနပ်အတွက်ငွေဘယ်လောက်သုံးမယ် လခ တိုးမယ် မတိုးဘူး ဆုံးဖြတ်သလို ၀န်ထမ်းတစ်ယောက် ခြင်း ရဲ ရတဲ. ဘောနပ်တို .တိုးပေးမဲ.လခတို.ဆိုတာကလဲ တစ်နှစ်လုံးသူ.လုပ်ရည်ကိုင်ရည်ကိုကြည်.ပြီးအနည်းအများဆုံးဖြတ်တယ်ဆိုတော. တစ်ယောက်နဲ.တစ်ယောက်ကလည်းဘယ်တူနိုင်ပါမလဲနော်။
နှစ်တိုင်း သည်လိုပေးပြီးချိန်ဆိုရင် ကွိစိ ကွစိလေးတွေ များတတ်ပါတယ်။
သူ.ကြဘယ်လို ငါကြဘယ်လိုဆိုကြေးတန်းညှီလို.ညိကြ ထိကြ ပါတော.တယ်။
ဖြစ်ချင်တော .ကျော်စိန်ဆိုတဲ.၀န်ထမ်းကောင်လေး တစ်ယောက်က သည်.ပြင် ကုမ္ပဏီဆိုရင် ဘယ်လိုပေးတာတို. 6လတကြိမ် လခတိုးတာတို. ဆိုပြီး လျှောက်ပွားလိုက်တာ သတင်းတွေပျံ.ပြီး ရှော.တွေဖြစ်ကုန်ပါတယ်။
အဲဒီအခါမှာ ပိုင်ရှင်ကလဲ စိတ်ဆိုး ပြီး သာတယ်ထင်တဲ.နေရာကို အချိန်မရွေးပြောင်းနိုင်တယ်လို. သဘောဆောင်တဲ.စကားမျိုးကို
အဲဒီကောင်လေးကိုခေါ်ပြောလိုက်ပါတယ်။
ဒီတော.ကောင်လေးကလည်းထွက်မယ်ဆိုပြီးလေသံပစ်လာပါတယ်။လကုန်ဘို.ကလည်း 10ရက်လောက်လို.တော.လကုန်ရင်ဆက်မလုပ်ဘူးဆိုပြီးပြောလာပါတယ်။
နောက်နေ.ကစေလို. အလုပ်ကို အရင်ကလိုဘဲ လာချင်သလိုလာပါတယ်။
အလုပ်ထဲမှာရောက်တော.လဲ သူတာဝန်ယူထားတဲ. ကုန်ကြမ်းကုန်လက်ကျန်အလုပ်ကို အရင်လိုတစ်နေ.စာ တစ်နေ.မလုပ်ဘဲ
စားပွဲခုံတစ်ကာလိုက်လို. လေပေါနေ တာကိုတွေ.နေရပါတယ်။
ကျနော်တို.မြန်မာစကားအသုံးထဲမှာ ထွက်ကန် ကန်တယ် တို. ထွက်ခတ်ခတ်တယ်တို.ရှိပါတယ် ။
ပြန်စဉ်းစားလိုက်တော. စန်းအောင်ရော ကျနော်.ရုံးက ကောင်လေးရောသည်သဘောပါ။
ကိုမိုး လို.ခေါ်တဲ.ကျနော်မိတ်ဆွေတစ်ယောက်ရှိပါတယ်။
အခုအချိန်မှာ မြင်.သော ဦးစီးဦးဆောင်လုပ်ရသောနေရာတစ်ခုကိုပိုင်ဆိုင်ထားသူပါ။
သူက အလုပ်ပြောင်းလုပ်တာ လေးငါးမျိုးရှိပါတယ်။
သူ.အလုပ်ပြောင်းတဲ.ကိစ္စကို ဘာမှမပြောချင်ပေမဲ. သူထွက်ခဲ.တဲ.အလုပ်တိုင်းမှာ အလုပ်ရှင် ကို သူထွက်မဲ.အကြောင်းကြိုတင်
အသိပေးတယ် နောက်ဆုံးထွက်တဲ.ရက်အထိ သူ.အလုပ်ကို တာဝန်ကျေအောင်လုပ်တယ်။
လုပ်ဘော်ကိုင်ဘက်တွေ ရော အလုပ်ရှင်ကိုပါ ကောင်းကောင်းမွန်မွန်နုတ်ဆက်ပြီးမှခွဲခဲ.တယ်။
ဒါကြောင်.သူထွက်ခဲ.တဲ.အလုပ်ကလူတိုင်းပိုင်ရှင်တိုင်းက သူနဲ.အခင်အမင်မပျက်ကြဘူး ။
တွေ.ပြန်ရင်လဲ မိတ်ဟောင်းဆွေဟောင်းတွေလိုပါဘဲ။
ဒါနဲ.တစ်ရက် ကိုမိုးကို သည်ကိစ္စနဲ.ပါတ်သက်လို.မေးကြည်.တော. သူပြောပြတာက
” လောက ထုံးစံအရ တစ်ယောက်နဲ.တစ်ယောက် ခွဲရမှာဘဲ
လောကကျဉ်းကျဉ်းလေးမှာ ပြန်တွေ.နေအုံးမှာဘဲံ။
တွဲလုပ်စဉ်မှာ ကျေနပ်တာ မကျေနပ်တာ တွေရှီခဲ.မှာပါ
ဒါပေမဲ. ခွဲပြီဆိုရင် ဒါတွေကို ချန်ထားခဲ.တော. ဒီမှာဆက်မလုပ်မှတော. ဒါတွေက
မလိုတော.ဘူးလေ ငြိမ်းငြိမ်းချမ်းချမ်းနဲ.လမ်းခွဲတာ စိတ်ချမ်းသာတယ် မျက်နှာပူစရာမလိုဘူးကွ “
လို.ပြန်ဖြေဘူးပါတယ်။
ကဲ မိတ်ဆွေတို.ကရော ဘယ်လိုမြင်ပါသလဲ ကျနော်ကတော. ကိုမိုးကို အားကျပါတယ်။

ကိုပေါက်လက်ဆောင်, အတွေးပါးပါးလေး

Comment #1

bro ဖြိုး အကြံတစ်ခုလောက်ပေးချင်လို့ပါ (ဆရာလုပ်တာဟုတ်ဘူးနော်)
ဆောင်းပါးတွေကို စောင့်ဖတ်ဖြစ်ပါတယ်။
စာတွေကို အဖြတ်အတောက် လေးနဲ့ ပြီးတော့ အပိုဒ်လေးတွေနဲ့ လုပ်ပေးရင် ဖတ်ရတာ ပိုအဆင်ပြေမယ်ထင်တယ်။ (: complain တက်တာဟုတ်ဘူးနော်..
(: (: (:

commentinfo By: ဖြိုးဖြိုး at Jun 10, 2010
Comment #2

အခုလိုပြောပေးတာ ကျေးဇူးပါ။
သတ်ပုံအမှားတွေပြင်ပြီးရင်
အသစ်ပြန်တင်မှာပါ။
နောင်လဲလိုအပ်ချက်တွေတွေ့ရင်ပြောပြပါ။

Comment #3

ဟုတ်မလိုပါဘူး (: အမြဲဖတ်ဖြစ်ပါတယ်။ ။ (:

commentinfo By: ဖြိုးဖြိုး at Jun 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment