Professional Authors

ချစ်သူပေးတဲ့  အချစ်ဧ။်…..ခွန်အား…

ချစ်သူပေးတဲ့   အချစ်ဧ။်…..ခွန်အား…

အစားကောင်းစားရရင် ကိုယ်ချစ်တဲ့ ခင်တဲ့ သူတွေကိုသတိရတယ်တဲ့ …

ကိုယ်စားခဲ့ ရတဲ့ အစားကောင်းကိုချစ်တဲ့ သူတွေကိုလဲစားစေချင်ကြတယ်…ဒါကြောင့်ဒီစကားပုံပေါ်ခဲ့ တာပေါ့…

ဒါဆိုရင်…ကိုယ်ပျော်နေတဲ့ အချိန်မှာကိုယ့်ချစ်သူကိုပျော်စေချင်မှာပေါ့…ကိုယ်ချစ်တဲ့သူကို

ကိုယ့်ခံစားမှုတွေမျှဝေပေးချင်ကြတယ်…ဟုတ်ပြီ…ကိုယ်အောင်မြင်တဲ့ အခါချစ်သူရဲ့ ဂုဏ်ပြုစကား

ကိုကြားချင်ကြတယ်…ကိုယ်ရှုံးတဲ့ အခါချစ်သူရဲ့ အားပေးနှစ်သိမ့်မှုကိုလိုလားတောင်းတကြတယ်..

ကိုယ့်ကို သ၀န်တိုဖို့ ကိုယ့်ကိုဂရုစိုက်ဖို့ လူတိုင်းမျှော်လင့်မိတတ်ကြတယ်…ဒါဆိုရင်…

ကိုယ်နာကျင်ခံစားနေရတာကိုကော…သူ့ ကိုမျှဝေပေးမလား…ဟင့်အင်း………………..

အဲဒါကျွန်တော့်အတွက်တော့ပြောင်းပြန်အချိုးကျတယ်……………………

ကျွန်တော့်မှာကင်ဆာရောဂါဖြစ်နေပြီဆိုတာသိလိုက်ရတဲ့ အချိန်…ကျွန်တော်စဉ်းစားတယ်…

ဘယ်သူ့ ကိုပြောရမလဲပေါ့…ကျွန်တော်သိပ်ချစ်တဲ့ ကျွန်တော့်ကိုသိပ်ချစ်တဲ့ ကျွန်တော်တို့ 

သားသမီးတွေကောင်းစားဖို့ ရေခြားမြေခြားမှာစီးပွားရှာနေတဲ့ မေမေ…ကျွန်တော်ငယ်စဉ်ကတည်းက

မိသားစုတစ်ခုလုံးရဲ့ ဖိအားတွေကိုဖြေရှင်းဖို့ တစ်ယောက်ထဲရပ်တည်ခဲ့ ရတဲ့ မေမေ…

ကျွန်တော့်အပေါ်မှာမျှော်လင့်ချက်တွေအများကြီးထားခဲ့ တာမေမေ …ဒါတွေကိုစဉ်းစားမိပြီး…

ဘယ်သူ့ ကိုမှမပြောဖို့ကျွန်တော်ဆုံးဖြတ်ခဲ့တယ်…

တစ်ယောက်ထဲဘယ်သူမှမသိအောင်ကြိတ်မှိတ်ခံစားရင်းဆရာဝန်နဲ့ တိုင်ပင်ပြီး ကြိတ်ပြီးဆေးကုသမှုခံယူခဲ့ တယ်…

ကျွန်တော်ရတဲ့ မုန့် ဖိုးနဲ့ဆိုတော့အခက်အခဲတော့ရှိတာပေါ့…

ကံကောင်းထောက်မစွာနဲ့ ကျွန်တော့်ရောဂါကတစ်ခြားကင်ဆာတွေလိုဆိုးဆိုးရွားရွားနာကျင်မှု

မရှိပဲ…သက်တမ်းလဲပိုကြာကြာနေနိုင်တဲ့ အတွက်ကျွန်တော့်ရောဂါကိုကျေးဇူးတောင်တင်မိသေးတယ်

ဆေးဖိုးအခက်အခဲဖြစ်တဲ့ အခါ…အရမ်းနာကျင်လာတဲ့အခါ….အိမ်နဲ့အဆင်မပြေတဲ့ အခါ

ကျွန်တော်စိတ်ဓါတ်ကျမိတဲ့အချိန်လဲရှိခဲ့ တယ်…တစ်ယောက်ယောက်ကိုအရမ်းရင်ဖွင့်ချင်လာခဲ့

တယ်…ကျွန်တော့်သူငယ်ချင်းတွေကိုပြောပြရင်ကော…အမှန်အတိုင်းပြောရရင်ကျွန်တော်ဘယ်သူ့ ကိုမှမယုံခဲ့ ဘူး…

ဘာလို့ လဲဆိုတော့ ကျွန်တော့်ကိုကျွန်တော်တောင်မယုံကြည်တော့လို့ပဲ…

ဒါနဲ့ ကျွန်တော့်ကိုလဲမမြင်ဘူးတဲ့ အွန်လိုင်းမှာအယုံကြည့်ရဆုံးနဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ 

ကောင်မလေးတစ်ယောက်ကိုရင်ဖွင့်ဖြစ်ခဲ့ တယ်…သူကလဲနားထောင်ပေးပြီးကျွန်တော့်ကို

နားလည်ပေးခဲ့ တယ်…နောက်ပိုင်းအခက်အခဲနဲ့ကြုံလာတိုင်းသူ့ ကိုအမြဲပြောပြတတ်လာတယ်…

သူနဲ့ ကျွန်တော်ကအွန်လိုင်းမှာသိပ်မတွေ့ ဖြစ်ခဲ့ ပါဘူး…message နဲ့ ပဲဆက်သွယ်ဖြစ်တာများ

တယ်…ကျွန်တော်စောင့်နေရင်သူရောက်မလာတတ်သလို…သူရှိနေပြန်ရင်လဲကျွန်တော်နေမကောင်းလို့မသွားနိုင်ခဲ့ ဘူး…

ဒီလိုနဲ့ တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်တွေကြီးထွားရင်း………

ကျွန်တော်တို့ကြားကတားထားတဲ့ အဖြူရောင်စည်းကိုကျွန်တော်ဘောင်ကျော်နေမိတယ်ဆိုတာ…

သိလိုက်ရတဲ့ အချိန်ကျွန်တော့်စိတ်ကိုထိန်းချုပ်ဖို့ ဘယ်လိုမှမတတ်နိုင်လောက်အောင်

နောက်ကျသွားခဲ့ပြီ….ဘာလို့ လဲဆိုတော့ ကျွန်တော်နှလုံးသားကိုသူအပိုင်သိမ်းသွားခဲ့ လို့ လေ…

ကျွန်တော်ချစ်သူကိုနာကျင်မှုတွေဝေမျှမပေးချင်ခဲ့ ပါဘူး…ဒါကြောင့်ကျွန်တော်သူ့ ကိုဘယ်တော့ မှဖွင့်မပြောတော့ ဘူးလို့ 

ဆုံးဖြတ်ခဲ့ တယ်…ကျွန်တော်ကချစ်ဖို့မထိုက်တန်တော့တဲ့လူ

တစ်ယောက်…ချစ်ဖို့ မဖြစ်သင့်တော့တဲ့လူတစ်ယောက်…ကျွန်တော်အသက်ရှင်ဖို့ 

အစွမ်းကုန်ကြိုးစားရင်တောင်နှစ်ပိုင်းပဲအသက်ရှင်နိုင်တော့တဲ့လူတစ်ယောက်ဒီလိုလူတစ်ယောက်က………………

တစ်စုံတစ်ယောက်ကိုချစ်တယ်လို့ဖွင့်ပြောပြီးသူ့ အချစ်ကိုတောင်းခံဖို့ သင့်၇ဲ့ လား???

ဒီလိုနဲ့ ကျွန်တော်ခံစားချက်ကိုဖုံးကွယ်ရင်း…တစ်နေ့ မှာအကြောင်းကြောင်းကြောင့်မထင်မှတ်ပဲ

ပွင့်ထွက်သွားခဲ့ မိတယ်…ကျွန်တော်တားဆီးဖို့ ကြိုးစားခဲ့ ပေမဲ့ …အချစ်ရဲ့ တွန်းအားတွေကို

ကျွန်တော်မခံနိုင်ခဲ့ ဘူး…သူလဲကျွန်တော့်ကိုချစ်နေတယ်ဆိုတာသိလိုက်ရတဲ့ အချိန်မှာကျွန်တော့်

ပါးပြင်ပေါ်မိုးရွာသလိုမျက်ရည်မိုးတွေလိမ့်ဆင်းလာခဲ့တယ်…ကျွန်တော့်ဘ၀မှာဖေဖေ၊မေမေနဲ့ မမအတွက်ကလွဲလို့ 

ဘယ်သူ့ ကြောင့်မှမငိုကြွေးခဲ့ ဖူးဘူး..တစ်စိမ်းတစ်ယောက်အတွက်ပထမဆုံး

ကျခဲ့တဲ့မျက်ရည်ပေါ့…ကျွန်တော့်ရောဂါ အဖြေထွက်လာတုန်းကတောင် ကျွန်တော်မငိုမိ အောင် ထိန်း ထားနိုင်ခဲ့တယ်…

အဲဒီကတည်းကကျွန်တော်ငိုကျင့်ရသွားတယ်ထင်ပါတယ် ကျွန်တော်သူ့ လက်ကိုတွဲထားမိချိန်မှာ…

ကျွန်တော့်အတွက်ခွန်အားတွေရခဲ့ တယ်… ကျွန်တော့်ပုခုံးကိုသူမှီထား တဲ့ အချိန်မှာ..ကျွန်တော်အသက်ရှင်ဖို့ .

.ကျွန်တော့်ပုခုံးကိုသူထာဝရမှီနိုင်ဖို့ ကိုးစားချင်စိတ်တွေဖြစ်ခဲ့ တယ်…ဒါပေမဲ့ ကျွန်တော်နာကျင်ခံစားနေရတဲ့ ဝေဒနာတွေကိုတော့

သူ့ ကိုမပြောပြဖြစ်တော့ ဘူး…ကျွန်တော်ဘာမှမဖြစ်သလိုနဲ့ သူနဲ့ တွေ့ တဲ့ အခါတိုင်းကျွန်တော်

သေလောက်အောင်နာကျင်နေရင်တောင်..ကြိတ်မှိတ်ဟန်ဆောင်ခဲ့ တယ်…အားယူပြုံးပြတတ်ခဲ့ တယ်…

ဘာလို့ လဲဆိုတော့ ကျွန်တော့်ချစ်သူကိုနာကျင်မှုတွေဝေမျှမပေးချင်ခဲ့ လို့ ပါ…ဒါကိုသူက

ဘယ်လိုတွေးသလဲဆိုတာတော့ကျွန်တော်မတွေးမိခဲ့ ဘူး…ဘယ်သူမဆို…ကိုယ်ချစ်တဲ့ သူကို

နာကျင်စရာတွေပေးချင်မှာလဲ…ပျော်ရွှင်မှုတွေနဲ့ ဂရုစိုက်မှုတွေ…ကြင်နာခြင်းတွေကိုသာပေးချင်

မှာပေါ့…ဒါကြောင့်သူနဲ့ လမ်းခွဲဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ တယ်…ကျွန်တော့်ကြောင့်သူခံစားရမှာ

တွေးမိတိုင်း..ကျွန်တော်မျက်ရည်ကျခဲ့မိတယ်…သူ့ လက်ကိုကျွန်တော်ထာဝရဆုပ်ကိုင်ထားချင်

ပေမဲ့ ကျွန်တော့်မှာအခွင့်အရေးမရှိဘူးဆိုတာ ကျွန်တော်သိတယ်… ကျွန်တော်တို့ ချစ်သူတွေဖြစ်

ခဲ့ လို့  ကျွန်တော်ဘယ်တုန်းကမှနောင်တမရခဲ့ ဖူးဘူး…ဒါပေမဲ့ သူအတွက်တော့  ကျွန်တော်

နောင်တရမိတယ်… ကျွန်တော့်လိုလူတစ်ယောက်ကိုချစ်ခဲ့ လို့ သူ့ အတွက်နာကျင်စရာတွေသာရ

နိုင်လို့ လေ…ဒါကြောင့်မျက်စိမှိတ်ပြီး ကျွန်တော်သူနဲ့ လမ်းခွဲခဲ့ တယ်…ဒါပေမဲ့ သူ့ မျက်ရည်…

သူခံစားနေရတာကိုကြည့်ပြီးကျွန်တော်ပြိုလဲခဲ့ တာပါပဲ… ကျွန်တော်ခံစားရတဲ့ ဝေဒနာကို ကျွန်တော်ခံစားနိုင်ပေမဲ့ 

ကျွန်တော့်လိုသာသူခံစားရရင်သူ့ မှာခံနိုင်ရည်ရှိမှာမဟုတ်ဘူးဆိုတာ

ကျွန်တော်သိနေတယ်…အသည်းကွဲတာကင်ဆာရောဂါထက်ဆိုးတယ်…ဒါကြောင့်လဲ………………

ကိုဟန်ထူးလွင်(ကျားပေါက်)ကင်ဆာဆိုတဲ့ သီချင်းမှာအသည်းကွဲတာကိုနှလုံးသားမှာကင်ဆာဖြစ်

နေသလိုတင်စားပြီးရေးခဲ့ တာပေါ့…

အံသြလောက်အောင်ပဲဗျာ…အချစ်မှာခွန်အားတွေအပြည့်ရှိနေခဲ့ တယ်…..

ကျွန်တော်ထက်တောင် ကျွန်တော်ချစ်သူမှာ ကျွန်တော်ထင်မထားခဲ့ တဲ့ သတ္တိတွေအပြည့်ရှိနေခဲ့ တယ်….

ကျွန်တော့်ကိုချစ်သူရဲ့ ကြယ်လို့ တင်စားပြီးကောင်းကင်ပေါ်ကကြယ်တစ်ပွင့်ကို ကျွန်တော်အတွက်သူသတ်မှတ်ပေးခဲ့တယ်…

ကျွန်တော်ကိုယ်ကျွန်တော်တောင်ကြယ်တစ်ပွင့်လို့ 

မသတ်မှတ်ခဲ့ ဖူးဘူး…ကျွန်တော်အတွက်အမြဲဂရုစိုက်ပေးပြီးသူ့ အချစ်တွေကိုမငြိုမငြင်သူပေးခဲ့

တယ်… ကျွန်တော်တကယ်ပျော်ပါတယ်… ကျွန်တော်မှာဘာမှမရှိတော့ရင်တောင်သူ့ အချစ်တွေ

ရှိနေရင် ကျွန်တော်ရှင်သန်ဖို့ ကြိုးစားနေမိမှာပါ…သူသာရှိမနေခဲ့ဘူးဆိုရင်ဒီအချိန်မှာ

ကျွန်တော်ဒီစာကိုရေးနေနိုင်မှာမဟုတ်တော့ ဘူးဆိုတာ ကျွန်တော်သိနေတယ်…

သူကျွန်တော့်ကိုချစ်ဖို့ ..ကျွန်တော်နဲ့ လက်တွဲဖို့ သူ့ မှာသတ္တိတွေအပြည့်ရှိနေတဲ့ အတွက်…

ကျွန်တော်သူ့ ကိုချီးကျူးမိတယ်…ကျွန်တော့်သူ့ ကိုပိုပိုပြီးချစ်မိတယ်…လေးစားတယ်…

တန်ဖိုးထားတယ်…သိက္ခာရှိရှိနေတတ်တဲ့ မိန်းကလေးတစ်ယောက်ကအချစ်တစ်ခုထဲကိုကြည့်ပြီး

ဘာကိုမှမကြောက်ပဲရင်ဆိုင်မယ်ဆိုတော့ …ယောက်ျားလေးဖြစ်တဲ့ကျွန်တော်တောင်သိမ်ငယ်စိတ်

ဝင်မိတယ်……….ဘာလို့ လဲဆိုတော့ကျွန်တော့်ချစ်သူကိုတစ်ယောက်ထဲထားခဲ့ ဖို့ ကျွန်တော်…….

သတ္တိမရှိလို့ ပဲ…ကျွန်တော်ကြောင့်သူ့ ဘ၀တက်လမ်းကိုကျွန်တော်တားဆီးသလိုဖြစ်မှာ…နစ်မွန်း
မှာကို…ကျွန်တော်ကြောက်နေခဲ့တယ်…ဟုတ်တယ်..ကျွန်တော်ကြောက်တယ်…

ကျွန်တော်နဲ့ လက်တွဲလို့ သူအတွက်နစ်နာဆုံးရှုံးမှာကိုတွေးပြီးကြောက်သလို…သူမရှိဘဲနဲ့ ကျွန်တော်အသက်

ရှင်ဖို့ ကိုလဲကြောက်တယ်….ကျွန်တော်သူ့ အနားမှာရှိနေတာ…တရားရဲ့ လားလို့ အမြဲတွေးခဲ့ မိတယ်………

ကျွန်တော်အတ္တကြီးသလိုများဖြစ်နေမလား…………သူကတော့

အဲလိုမတွေးဖို့ အမြဲပြောခဲ့ တယ်…အားမငယ်ဖို့ …နာကျင်ခံစားရသမျှသူ့ ကိုပြောပြဖို့ …

သူနဲ့သတ္တိရှိရှိရင်ဆိုင်ဖို့ ပေါ့……….သူမေ့ နေလို့ ဖြစ်ပါလိမ့်မယ်…ကျွန်တော်နေမကောင်းတဲ့ အခါ

သူရောနေကောင်းရဲ့ လားလို့ တွေးမိပြီး…သူနာကျင်မခံစားရဖို့ ဆုတောင်းရင်းကျွန်တော့်ရောဂါကို

တောင်မေ့မေ့သွားတတ်လို့ ……….ဒီအချိန်မှာကျွန်တော်…………………………………………………..

ဝိဥာဉ်အဖြစ်သူ့ အနားမှာအရိပ်တစ်ခုလိုရှိနေခဲ့ တာဆိုတာလေ………………။ ။

 

6:55(PM)

20.9.11(tue)

 ကြယ်ရောင်လင်း

In: ဆောင်းပါး Posted By: Date: Apr 5, 2012
Comment #1

so much nice

commentinfo By: ei lay at May 3, 2012
Comment #2

ei lay ne htet tu par,

commentinfo By: ei lay at Jun 15, 2012
Comment #3

really really excellent.

commentinfo By: ei lay at Jun 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment