Professional Authors

ချစ်သောကဗျာ-၁

ကဗျာနဲ.ပတ်သတ်ပြီးပြောရရင် ဘာလို.တုတ်တွေဓားတွေထမ်းရတာလဲမသိ။ကဗျာဆရာတွေကတော့ လွတ်လပ်စွာကွဲလွဲခွင့် ကိုယုံကြည်ကြတယ်။ ငါရေးတဲ့ ကဗျာအမျိုးအစားမှ ကဗျာ ၊ကျန်တာကဗျာမဟုတ်လို.ပြောသူတွေရှိပါလိမ့်မယ်။ သူ.ဘာသာအော်နေပါစေ။သူ.လွတ်လပ်ခွင့်ကိုလေးစားပေးလိုက်ကြရအောင်ပါ။ ကို.ကဗျာ ကိုယ်ရေးကြတာပါပဲ။

+++++++++

အို..ကဗျာ ဆောင်းပါးတွေရေးနေရင်းနဲ. နံပါတ်စဉ်လိုက်မှတ်ရတာရှုပ်မှာစိုးလို. ခေါင်းစဉ်အသစ်ဖွင့်လိုက်တာပါ။ တကယ်တော့သူများတွေပြောပီးတာထဲကကိုယ်သဘောကျတာလေးတွေ ပြန်ပြောတာပါ။ ခဏခဏပြောမိတာက ကြိုက်ရင်ယူပါ၊ မကြိုက်ရင်ပယ်ပါ။

ဒီနေ.တော့ ကဗျာဆရာရဲ့ ဖွင့်ထုတ်၊ပေါက်ကွဲ၊ခံစားချက်တွေအကြောင်းပြောချင်ပါတယ်။

+++++++

ကဗျာမှာတော်တော်များများပြောကြတာက ခံစားချက် တွေကို ဖွင့်ထုတ်တာလို.ပေါ့လေ။

ခံစားချက်မှာ သူတို.စကားလုံးတွေက feeling ရယ် ၊ emotion ရယ်ပေါ့။ emotion ကနည်းနည်းပြင်းထန်တဲ့ အာရုံခံစားမှုပေါ့လေ။ ကဗျာဆရာတွေအကြိုက်ပေါ့။ strong feeling ပေါ့။

ဒါပေမယ့် ပြောချင်တာက အဲဒီပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုတိုင်းက ကဗျာကောင်းတွေဖြစ်စေပါသလားဆိုတာပါပဲ။

သာမန်လူတွေကတော့အဲလိုထင်ပါလိမ့်မယ်။ ဒါပေမယ့် ဆရာကြီးဝါ့သ်ဝါ့ဒ် ကတော့ ကဗျာဆိုတာ ခံစားမှုကို ဇက်ကုန်လွှတ်ပေးခြင်းမဟုတ်လို. ပြောပါတယ်။ နောက်တစ်ယောက်(အဲလိယော့ လို.ထင်ပါတယ်၊ မသေချာပါ) ကတော့ တည်ငြိမ်လာပြီဖြစ်တဲ့ သမာဓိနဲ. ပြန်လည် တည်ဆောက်ယူထားသော ပြင်းပြသည့် ဝေဒနာ (emotion ပေါ့လေ) လို.ဆိုပါတယ်။

ကျွန်တော့ရဲ. ဥာဏ်တိမ်တိမ်လေးရယ်၊ ကဗျာရေးသက်နုနုလေးရဲ့ အတွေ.အကြုံနဲ.တွေးကြည့်တော့လဲ သူတို. ဟောတာ ဟုတ်သလိုလိုပါပဲ။ အရမ်းနာကျင်နေတဲ့ အချိန်မှာ၊ အရမ်းခံစားနေတဲ့ အချိန်မှာ ရေးတဲ့ကဗျာတွေဟာ inspiration မ၀င်တာများပါတယ်။

+++++++++

မြန်မာကဗျာတွေမှာလည်း အိနြေ္ဒကြီးတဲ့ကဗျာတွေ အများကြီးရှိပါတယ်။ နမူနာခဏခဏပြနေရလို. အနန္တသူရိယကဗျာကိုမပြတော့ပါဘူး။ ဆရာဇော်ရျီရဲ့ သင်သေသွားသော် ကဗျာကိုပဲနမူနာပြပါ့မယ်။

ဪ်…လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။
ဇော်ဂျီ

    ပြင်းထန်တဲ့ ခံစားချက်မပါပါဘူး။ကျွန်တော်တော့သိပ်ကြိုက်တယ်။ သင်သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည်၊အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ ဆိုတဲ့စာသားလေးကိုရွတ်လိုက်ရရင် (တစ်ယောက်နဲ.တစ်ယောက် သဘာဝချင်းမတူလို. မကြိုက်ပဲလည်းနေနိုင်ပါတယ်) တိုင်းပြည် ကြီးပွားရေးကို ကမ္မဌာန်းရှုသလို ရှုထားတဲ့ လူတစ်ယောက်စေတနာကိုသေသေချာချာ ကိုဖမ်းမိလိုက်တာပါ။ ဒါပေမယ့် ခုခေတ်လူတွေ ပြောသလို ဖွင့်ထုတ် ပေါက်ကွဲတော့ မပါလေဘူး။
   
    ++++++++++
   
ကျွန်တော်ပြောနေတာတွေက ပေါက်ကွဲမှုကို ငြင်းဆန်နေတာမဟုတ်ပါဘူး။ ဖေါက်ခွဲမှ၊ဖွင့်ထုတ်မှ ကဗျာဖြစ်မယ်ဆိုတဲ့ အယူအဆမျိုးတွေ တချို.တလေမှာ ၀င်နေသလားလို.ပါ။ ကဗျာမှာ လိုအပ်တယ်ထင်ရင်သုံးခွင့်ရှိပါတယ်။(ဘယ်သူမှလည်းတားလို.မရပါဘူး၊တားလည်းမတားသင့်ပါဘူး) သို.သော်………..

++++++++++

ကဗျာဟာ နာကျင်မှုကိုဖွင့်ထုတ်တာသက်သက်ပဲလား။ကဗျာဟာ ဖတ်သူကို တစ်ခုခုပေးတယ်ဆိုရာမှာ ခံစားချက်ကိုပဲပေးနေတာပဲလား။ ကဗျာဆိုတာ အခြားသောအရာတွေ လုပ်ခွင့်မရှိတော့ဘူးလား။

ကဗျာဆရာရဲ. စေတနာ ဟာ ဝေဒနာကြော်ငြာကမ်းရုံပဲလို. ကျွန်တော်မယုံကြည်ပါ။ ကဗျာ သည် ထို.ထက်ပို ၍ အလုပ်လုပ်ပါလိမ့်မည်။ ဆက်၍ရှင်းရပါလိမ့်မည်။

In: ဆောင်းပါး Posted By: Date: Apr 27, 2011
Comment #1

ကို မော်နီ…..ဘယ်လိုမှ သဘော မထားပါ နဲ့ …..
ဝက်ဝ့ရုပ်ကလေးကိုချစ်တဲ့လူက….သူရေးတဲ့ကဗျာ မှာ သူ့ချစ်သူကို ၀က်ဝံရုပ် နဲ့ တင် စားသလို ပဲ…..ကင်ဒိုကိုအရမ်းနှစ်သက်တဲ့လူကလည်း..ကံကြမ္မာကို ဓား အဖြစ် တင် စားခြင်း ဟာ လဲ…..သူ့အတွက် ခံစားချက်ကိုမီးကုန်ယမ်းကုန်ဖောက်ထုတ် ခြင်းမဟုတ် ပါဘူး….လူတစ်ယောက် ဟာ သူချစ်တဲ့သူအနု ပညာကို
ဖန်တီးတဲံအခါမှာ…သူ့စိတ်ကြိုက်လွတ် လပ် စွာခံစားပြီး တည် ဆောက်ကြပါ တယ်..ဘာနဲ့မှ ထိန်း ချုပ်ထားခွင့်ကို သူလက်ခံမှာ မဟုတ် ဘူး..လက် ခံလိုက်ရင်လဲ ဒီ အနု ပညာ မှာ တခြားလူရဲ့အခိုးအငွေ့တွေဖုံးလွှမ်းသွားနိုင်တယ်..ပြီး နောက် ဒါ ကို လူ များရှေ့ မှာ ချပြချင် ချပြလိမ့်မယ်…ဒါမှ မဟုတ် ရင် ထဲ မှာ သိမ်းထားချင် ထားလိမ့် မယ်…ဒါက ကဗျာ ဆရာရဲ့ ဆန္ဒပါ
.နီရှေး ရဲ့ စာတွေ ဖတ် တဲ့ လူ တိုင်း ဟစ် တလာ ဖြစ် မသွားပါ ဘူး….ဘာသာ တရားကို လေ့ လာ လိုက် စားတဲံ လူ တိုင်း လဲ ယဉ် ကျေး မသွားကြပါ ဘူး…..နားလည် လက် ခံတဲ့ ပရိသတ် အပေါ် မှာ ပဲ မူ တည် ပါ တယ်…လူသတ် မှ ကုသိုလ်ရ မယ် လို့ .. ကမ္ဘာ ကျော် တဲံ လူ တစ် ယောက် က ဆို တိုင်း လူ လိုက် သတ် ကြ ခြင်း ဟာ အဓိပ၌ မရှိပါဘူး….ကျွန်တော် ကတော့ ဆို ရှယ်လစ် ခေတ် မှာ လဲ ဒီ မိုကရေ စီ အကြောင်းရေး ချင် ရေးမှာပဲ( ဒါ က ဥပမာပြောတာပါ)….ဒါ ပေမယ့်ကျွန် တော်လဲ…ဖောက် ခွဲထွက် ခွင့် ကို တရားသေလက် ကိုင် ထားတဲ့ လူ မဟုတ် ပါ ဘူး…..ဖြစ် နိုင်ရင် လက်ညောင်း လို့ ဘာကို မှ မကိုင် ထားချင် ဘူး လွတ် လွတ် လပ် လပ် နေမယ်…ဖောက်ခွဲထွက်ဖို့အကြောင်းသင့်ရင် ထွက် မယ်…ငြိမ်ငြိမ်လေး နေတဲ့ အခါနေ မယ်….ဝေဖန် တာ မဟုတ် ပါ ဘူး…အစ် ကို့ရဲ့ အမြင် ကို လွတ် လပ် စွာ တင် ပြ သလို မျိုး ပါ ပဲ… ကျွန်တော် က တော့ ကဗျာ တွေကို အမျိုးအစားမခွဲ တတ် ပါ ဘူး…..ကဗျာ ယဉ်ကျေးမှု ကြီး မှာ ကျွန်တော့်ကြောင့်အရှင်း ရှင် စနစ် ပေါ် မှာ ဆိုး လို့…ပါ

commentinfo By: Demon 13 at Apr 27, 2011
Comment #2

ကိုဒီမွန်းနဲ.ကွန်တော် ပြောတာသိပ်မကွာပါဘူး။ ကျွန်တော်လည်းကဗျာမှာ လွတ်လပ်ခွင့်ကိုပိတ်ပင်နေတာမဟုတ်ပါဘူး။ကျွန်တော်ကိုတိုင်လဲဖောက်ခွဲ၊ပေါက်ကွဲတာတွေရေးဘူးပါတယ်။ ကဗျာဆရာတွေကိုလည်းမတားပါဘူး။
ဒါပေမယ့် ခေတ်ရဲ့ရိုက်ခတ်မှုဟာ ကဗျာဆရာကို ထိခိုက်ပါတယ်။ကဗျာဆရာကိုထိခိုက်ပီးတော့ ကဗျာမှာလာထိပါတယ်။ တဆင့်ဖတ်သူပါလာထိပါတယ်။
ဒီခေတ်ဟစ်ဟော့သီချင်းတွေပေါ်လာတာကခေတ်ကတောင်းဆိုတဲ့နေရာမှာ လူငယ်တွေရဲ့အစွန်းရောက်စိတ်နဲ.ပေါင်းစပ်မိသွားတာပါ။သူတို.ဆီမှာကလည်း အခြေခံသီအိုရီတွေရှိပါတယ်။
မွန်းကြပ်တဲ့ခေတ်မှာ ထွက်ပေါက်မရှိတဲ့လူငယ်အားမာန်ကနေ အစွန်းရောက်သွားတာပါ။ ဒီနေ.ကဗျာတွေမှာ ဒါမျိုးလေးတွေတွေ.လာရပါပီ။ အဲဒါကို ပြောချင်မိတာပါ။
ကိုဒီမွန်းပြောတဲ့ ဟစ်တလာဖြစ်မဖြစ်ကတော့အရမ်းကျယ်ပါတယ်။ behaviour change ခေါ်တဲ့ လူတစ်ယောက်ပြောင်းလဲဖို.ရာမှာ တစ်ခုထဲထည့်တွက်လို.မရသလို ဒီအရာမပါပါဘူးလို.လဲဆုံးဆုံးဖြတ်ဖြတ်ငြင်းလို.မရတာတွေရှိနေပါတယ်။
ကျွန်တော်ဆက်ရေးမှာတွေက ခေတ်တွေ စနစ်တွေ ကို ကဗျာထဲသွတ်သွင်းဖို.မဟုတ်ပါဘူး။ ကဗျာဆရာရဲ. လောကအပေါ်စေတနာတရားကို ရေးမှာပါ။ ဘာပဲပြောပြောဆွေးနွေးပေးလို. ကျေးဇူးတင်ပါတယ်

commentinfo By: မော်နီ at Apr 27, 2011
Comment #3

ကျွန်တော် လဲ ခေတ် တွေ စနစ် တွေကို သွပ်သွင်းတာ ကို မကြိုက် တာ ကို တာ့ ကျွန်တော် ထမ ဆွေါ်နွေးထားတဲ့ နောက် ဆုံး စာကြော်းအရကို မော် နီ သိမှာ ပါ…..ဒါပေမယ့်ခေတ်ကြာင့် စနစ် ကြောင့် လည်းကဗျာအယူအဆ တွေ ပြောင်း လဲ သွား တာပဲ မဟုတ်လား……အစ်ကို ပြော သလိုအစွန်းရောက်သွားတဲ့ behaviour change ဟာ လဲ…မွန်းကြပ် တဲ့ ခေတ် တစ် ခုနဲ့ လူ ငယ်တွေရဲ့ အားမန်ကြောင့် ဆိုတာတော့လဲကျွန်တော်လက်မခံပါ ဘူး…..ဒါ ပေ မယ့် ၁၀၀% လုံးဝသေချာလားဆိုတော့လဲ မဟုတ် ပါ ဘူး အနည်းငယ်တော့လက်ခံပါတယ်..တစ် ခြား ဟာလဲ ပါ ပါ လိမ့်မယ်…အဆိုးမြင်ဝါ ဒ လိုဟာမျိုးပေါ့….ဒါအပြင်မသိတာတွေအများကြီး ပါ ပါ ဦး မယ်
ဒါ ပေ မယ့် ကဗျာဆရာရဲ့ လောက အပေါ် စေ တနာကို တော့ လေးစားပါ တယ် ဒီ လို ဆိုဆက် ရေးပါ..အားပေးပါတယ်..ဝေဖန်စရာ၇ှိ ရင် လဲ အားမနာတမ်းဝေဖန် မှာ ပါ…လူမှုရေးအရ like လုပ်တဲ့ ထဲ မှာ ကျွန်တော် မပါ ပါဘူး

commentinfo By: Demob 13 at Apr 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment