Professional Authors

ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ(၃)

မေး။  ။ မိမိဘာဖြစ်ချင်တယ်ဆိုတာကို သိရအောင် ဘယ်လိုလုပ်ရမလဲ။ English Dictionary အရမဟုတ်ဘဲ ဆရာ ပြောပြနိုင်တဲ့ . . . Ambition —> Aim and object—–> goal တို့ရဲ့သဘာဝကိုပြောပြပါ။
ဖြေ ။   ။အဲဒါနဲ့ပတ်သတ်လို့ မိမိဘာဖြစ်ချင်သလဲဆိုတာကို တောင်းတောင်ရေးခဲ့ဘူးပါတယ်။ ကျွန်တော်ပြော ပြ ပါမယ်။ ပီမိုးနင်းပြောတဲ့အထဲမှာ ကျွန်တော်သိပ်သဘောကျတယ်။ ပီမိုးနင်းက ကိုယ်ကြီးပွာချင်ရင် ကိုဝါသ နာ မ ပါတာကိုသွားမလုပ်နဲ့တဲ့၊ ၀ါသနာပါတာကိုပဲလုပ်တဲ့၊ အဲဒါမှအောင်မြင်နိုင်တယ်တဲ့၊ ကိုယ်ဝါသနာ ပါ တာ ပြန်စဉ်း စားရင် ကိုယ့်ကိုကိုယ် ပြန်အကဲခတ်ပါ။ အကဲခတ်တော့၊ တစ်စုံတစ်ခုလုပ်လိုက်တယ်။ လုပ်လိုက် တာ တော့ ကိုယ်ဝါသနာပါရာ လုပ်မိတော့ . . . ဘ၀က ပါရမီပါတော့ မသင်ဘဲနဲ့ အလိုလိုကလေး တက်နေ တယ်တဲ့။ သို့မ ဟုတ်ရင်လည်းနည်းနည်းသင်ရုံနဲ့ များများတတ်တယ်တဲ့။ အဲဒါသည် တစ်ချက်။ နောက်တစ် ချက်က ကျန်တဲ့စာမေးပွဲအောင်တဲ့ ဥစ္စာ၊ ဂုဏ်ထူးထွက်တာ အဲဒါတွေထည့်တွက်မနေနဲ့။ ညည ဖျတ်ခနဲ နိုးပြီး ပြန်ကြည်နူးနေတဲ့ အောင်မြင်မှုမျိုးရှိတတ်တယ် ။ လမ်းထဲမှာ သီချင်းဆိုကြတယ်၊ မထင်မှတ်ဘဲနဲ့ ကိုယ်ကသီ ချင်းဆိုတတ်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဖြစ်လိမ့်မယ်လို့မထင်ဘူး၊ ဆိုလိုက်တော့မှ မထင်မှတ်ဘဲ ဟုတ်ပြီး အောင်မြင်သွားတယ်။ အဲဒါလည်းရှိတယ် ။ စာတော့ဂုဏ်ထူး ၅ ဘာသာနဲ့အောင်ဖူးတယ်၊ အောင်တဲ့အခါကြ တော့ ၀မ်းသာတယ်. . . ။ အခုလည်း ၀မ်းသာတယ်။ ၀မ်းသာပေမယ့် အိပ်ရာက ဖျတ်ခနဲ လန့်နိုးတဲ့အခါ အဲဒါ ကို တစိမ့်စိမ့်နဲ့ပြန်တွေးပြီး အထပ်ထပ်ပြန်ပြီးတော့ ပီတိဖြစ်နေလေ့ရှိရင် အဲဒီဘက်မှာ ပိုပြီးတော့ ကိုယ်ဝါသ နာပါတယ်။ ဘယ်သူမှ မသင်ဘဲနဲ့တဲ့ . . . ရုတ်တရက် တတ်ခဲ့လို့ရှိရင်တဲ့၊ အဲဒါမိမိ ကြည်နူးမှုလည်းဖြစ်ရင်တဲ့ မိမိဝါသနာပါတဲ့ လုပ်ငန်းဖြစ်တယ်တဲ့။ အဲ့တော့အရေးကြီးဆုံးအချက်က မောင်ရင်တို့ကို ပြန်ပြောလိုက်မယ် နော် . . . ကိုယ့်စိတ်ကို အလစ်ဖမ်းဖမ်း ချောင်းကြည့်ပါ။ ကိုယ့်စိတ်ကို အလစ်ချောင်းရတာ လွယ်တယ်မထင် နဲ့နော် ၊ သွားရင်းလာရင်း ဖျတ်ခနဲ “ငါဘာစဉ်းစားနေတာလဲ ဖျတ်ခနဲဆိုငါပီတိဖြစ်တယ်။ ဟိုကောင်မလေး ကြောင့်လား ၊ ဟိုအောင်မြင်မှုကြောင့်လား ၊ကောင်မလေးကြောင့် မဟုတ်ဘူး”  နဲ့ အဲလိုဖမ်း။ ဖမ်းနိုင်လို့ရှိရင် ဘယ်လိုဝါသနာမျိုး ပါတယ်ဆိုတာ သိလာနိုင်တယ်လို့ ဆိုတယ်။ ကျွန်တော်လည်း အဲဒီဥစ္စာလေး ပီမိုးနင်း ပြောသွားတာကြိုက်တယ်။ ကျွန်တော်ငယ်ငယ်ကတည်းက ကျွန်တော်စိတ်ထဲ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်တွက်ကြည့်တယ် ။ ဘာဝါသနာပါလဲဆိုရင်၊ ကျွန်တော်ငယ်ငယ်တုန်းက သိပ်ကြည်နူးခဲ့တာလေး၊ ငယ်ငယ် တုန်းက ၀တ္ထုသိပ်ဖတ်တယ် . ..၊ ဖတ်ပြီးရင် အဲဒီဝတ္ထုဘယ်လိုကောင်းပုံကောင်းနည်းကို အသေအချာကို ကျွန် တော်ပြောတတ်တယ် အဲဒီအကျင့်က ငယ်ငယ်ထဲက ရခဲ့တာ . . .။ ဘယ်လောက်လဲဆို ရယ်စရာလည်း ကောင်း တယ် . . .။ ကျွန်တော်တို့ တစ်ရပ်ကွက်ထဲမှာ ကိုအောင်ကြည်ဆိုတာရှိတယ်။ ကာလသားကြီးပဲ။ မူးလည်းမူးတယ် ခုတ်လိုက်ထစ်လိုက်ပြီဆိုရင် သူကအရင်ဆော်တာ၊ အဲလို လက်ကလည်း ယဉ်တယ်၊ သိပ် ယဉ်တယ်၊ ကျွန်တော်က ကာလသားပေါက်စ၊ ကြောက်ရတယ် . . .။ သူက ညကျပြီဆို မူးလာပြီးရင် ဓားမြှောင် တစ်ချောင်းနဲ့ အဲလိုနေတဲ့လူ၊ ကျွန်တော်က တစ်ခါဝတ္ထုတစ်ပုဒ်ကိုပြောတာ “ခြောက်လုံးပြူး” ဆိုတဲ့ဝတ္ထု၊ အဲဒါ နားထောင်ပြီးတဲ့နောက် သူမူးလာပြီ။ ကျွန်တော်ရှောင်နေရတယ် . . .။ မူးလာပြီဆို “ဟေ့ကောင် အောင်သင်း လာဦး” ကြောက်ရတယ် . . .။“ထိုင်စမ်း ငါ့ကိုဝတ္ထုပြောစမ်း” ကျုပ်မှာ ဓားထောက်ခံပြီး ၀တ္ထုပြောရတာ အဲဒီမှာ ကျွန်တော်ပြောရတာပဲ။ နောက်ပြီး တင့်တယ်ရဲ့ “ရွှေချစ်ငွေချစ် ၀တ္ထု။ ကိုငွေမောင်နဲ့မဖွားစောဆိုတာ သူတို့ နှစ်ယောက်ကို ကျွန်တော်ကပြောပြတယ် . . .။ ပြောပြတော့ “ဟာကောင်းလိုက်တာ”၊ အဲတော့ ကျွန်တော်က ဘယ်လိုကောင်းကြောင်းထပ်ပြောပြတယ်။ အသံရော ဟန်ရောပေါ့ဗျာ . . .။ထုံးစံအတိုင်းပေါ့။ ပြောပြတာ၊ ကို ငွေမောင်နဲ့ မဖွားစော ကြိုက်လွန်းလို့ ထမင်းမစားနိုင်ဘူး. . .။ ထမင်းအိုးကြီး ဒီအတိုင်းတည်ထားပြီးတော့ “အောင်သင်း နင်ပါဝင်စားသွား” ဆိုတော့၊ ကျွန်တော်ပါ ၀င်တုတ်ပစ်လိုက်ရော ပြီးသွားရော။ နောက်တော့ ကိုငွေမောင်ဆိုတဲ့လူက “ငါကွာ အောင်သင်းဆိုတဲ့ကောင်က ပြောတော့ ရွှေချစ်ငွေချစ်ကောင်းလိုက်တာဆို ပြီး ဖတ်လည်းဖတ်ကြည့်လိုက်ရော ဘာမှလည်းမဟုတ်ဘူး၊ အလကား ဒီကောင်ပြောသလို ဘာမှကိုမဟုတ် ဘူး”တဲ့၊ ကျွန်တော်က ဒီဥစ္စာကို သိပ်ပိတိဖြစ်တယ်၊ ကောင်းပုံကောင်းနည်း ဘာကြောင့်ကောင်းရတာလဲပြော ပြရတာမျိုး သိပ်ပိတိဖြစ်တယ်။ အဲဒီဥစ္စာ ကျွန်တော်မှာလာပြီးအကျိုးပေးတာပဲ. . .။ အခုစာပေဝေဖန်ရေး၊ အဲဒီ မှာလာပြီး အကျိုးပေးတယ်၊ အဲဒီအပြင်အဲဒီလိုပြောရတဲ့ အကျိုးက အခုခင်ဗျားတို့ကို စင်ပေါ်မှာ ပြောနိုင်တယ် ဆိုတဲ့ အကျိုးပေးလာတယ်၊ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်တဲ့အခါ အဲဒါတွေလာတွေ့တယ်ဆိုတာ ကျွန်တော် ပြောပြချင်တာပါ။ ကောင်းပြီ နောက်တစ်ခုက ‘ ambition, aim and object, goal ‘
Ambition ကကိုယ့်ရည်မှန်းချက်၊ ကျော်စောကိတ္တိရှိမှု၊ အဲဒါတွေမှာ အများဆုံးသုံးတာတွေမှာ တွေ့ရပါတယ် နော်။ Aim and object ဆိုတာတော့ ယေဘုယျအားဖြင့် ကိုယ့်ရဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက်ပန်းတိုင်၊အဲသလို သုံးပါတယ်။ goal ဆိုတာလည်း ပန်းတိုင်သဘောမျိုးကို သုံးပါတယ်။ သူ့နေရာနဲ့ သူ့အလိုက် ခပ်ဆင်ဆင်က လေးသုံးသွားပါတယ်။ ကျွန်တော်ကတော့ အင်္ဂလိပ်စာကျွမ်းသူတော့ မဟုတ်ပါဘူးနော်၊ ကျွန်တော်သိသ လောက်ကလေး ပြောတာပါ။
ဆရာဦးအောင်သင်း ၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ
In: ဆောင်းပါး Posted By: Date: Mar 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment