Professional Authors

မှဲ့အကြောင်းသိကောင်းစရာ (အပိုင်း ၂)

ကျွန်တော်အခုပြောပြချင်တာကတော့ ကျွန်တော်တို့ခန္တာကိုယ်မှာရှိတဲ့ မှဲ့များအကြောင်းဘဲဖြစ်ပါတယ်။ကျွန်တော်မှဲ့များအကြောင်းကို
အပိုင်း(၁)အနေနဲ့တော့  မှဲ့အရောင်များအကြောင်းကိုပြောပြပြီး ဖြစ်ပါတယ် အခုတခါမှာတော့ မှာများရဲ့နေရာကိုလိုက်ပြီး တပါးသူရဲ့
စိတ်ကိုခန်မှန်းနိုင်ရန်နဲ့ မိမိကိုယ့်ကိုလည်းပြန်လည်သုံးသပ်နိုင်ရန်ဖြစ်ပါတယ်ခင်ဗျာ…………

ညာဘက်အောက်နှုတ်ခမ်းတွင် မှဲ့ရှိလျှင် ချစ်ခင်သူပေါသည်။မျက်ခုံးနှစ်ခုကြားတွင်း မှဲ့ရှိလျှင် ကျော်ဇောတတ်၊

ရက်စက်တတ်သူဖြစ်နိုင်သည်၊ နှာခေါင်း တွင် မှဲ့ပါလျှင် အနုပညာထက်သန်တတ်၊ စိတ်ကူးယဉ်တတ်တယ်။ စပါးတင်မှဲ့ပါလျှင် စန်းပွင့်တတ်၊

ချစ်သူရည်းစားပေါတတ်သည်။ မျက်ရည်ခံမှဲ့ပါလျှင် ချစ်သူရည်းစား၊ အိမ်ထောင်ဘက်ဘေးတွေ့တတ်သည်။ မှဲ့စလွယ်ပါခဲ့သော်

ဘ၀ဟောင်းက အကြီးအကဲမင်းဖြစ်တတ်သည်။ သားမြတ်တွင်မှဲ့ပါခဲ့လျှင် သားသမီးအကျိုးခံစားရတတ်သည်။ ယောင်္ကျားအင်္ဂါမှဲ့ပါခဲ့လျှင်

ရှေးဆရာကြီးများအဆိုအရ အိမ်ထောင်ဆက်များတတ်သည်။ အမျိုးသမီးအင်္ဂါတွင် မှဲ့ပါလျှင် အိမ်ထောင်ပျက်တတ်သည်။

အိမ်ထောင်ဘက်သေဆုံးတတ်သည်။ အညှလွယ်ပြီး မူယာမာယာများတတ်သည်။ ရမ္မက်ကြူးပြီး လင်ယောင်္ကျားအပေါ် လော်လီတတ်၏။

ပုခုံးပ်ါမှဲ့ပေါက်ပါခဲ့သော် ပင်ပန်းဆင်းရဲတတ်၏။ လက်ဖ၀ါးမှဲ့ပါခဲ့သော် သြဇာ ညောင်း၏။ ခြေဖ၀ါးမှဲ့ပါသော် ကြမ်းတမ်းသောအမှု

ပြုတတ်သူ ဖြစ်၏။ (ကာလီဒါသ မှဲ့သျှတ္တရအဆို)

In: ဆောင်းပါး Posted By: Date: Mar 25, 2011
Comment #1

thz so much for sharing knowledges.

commentinfo By: ei lay at May 8, 2012
Comment #2

တကယ်ဖြစ်တတ်လားဟင်

commentinfo By: Wai at Nov 26, 2013
Comment #3

ကျွန်တော့်ပါးမှာမှဲ့အရှင်ပေါက်နေလို့ဖျက်လို့ရတဲ့နည်းသိချင်ပါတယ်ခင်ဗျ

commentinfo By: theinwin at Jan 31, 2015
Comment #4

ညာဘက်ဝမ်းဗိုက်ပေါ်မှာမှဲ့နီတစ်လုံးရှိနေပါတယ်။ ကောင်းတာလား၊ ဆိုးတာလားသိချင်ပါတယ်။

commentinfo By: Khine Thitsar at Sep 16, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment