တခါတလေ..ခွင့်ပြုပါ……..
ငါ့နောက်ကျောကို ထိုးခံရတဲ့ နှုတ်ခမ်းတစ်စုံ ငါ ………………
လွမ်းရရုံနဲ့ကျေနပ်ဖူးတယ် ………………………..
နင်ကျေနပ်ဖို့ ငါအခါခါ ဗလာတွေထပ်ခဲ့လည်း………………
…ရူး….လောက်အောင်ယုံ……
ကြုံဖူးမှ ငါသိခဲ့တယ်ဟာ……ဒဏ်ရာတွေနဲ့ပျော် မမျှော်လင့်နိုင်ရင်တောင်ကျေနပ်
တချက်တချက်တော့ ဖန်ခွက်တွေကြားမှာ ခပ်ရင့်ရင့်လွမ်းပေါ့ဟာ…..
ဆေးစက်တွေလွင့်နေတဲ့ အနမ်းတွေလည်း ခမ်းနားလွန်းတယ်လို့ ပြန်ပြန်တွေး
တလေးတစားနဲ့ မကြားတကြားအော်တတ်လာတယ်…ငါ…..မှားတာပါ…တဲ့ဟာ….
ဒါ နင်ပေးတဲ့……အနာ …. မဟုတ်ပါဘူးဟာ….ကောင်မလေးရာ…နော်…..
နာရီတွေ နံရံပေါ်တဖွဲဖွဲကြွေကျတာတောင် ငါသိနေပါတယ်…..
ငါ့ဘေးနား …. နင် ………. ပြန်…. လာ … မှာ … ပါတဲ့
ရင်ခုန်သံပက်လက်ကလေးနဲ့ ငါ အားရှိသမျှ ဟက်တက်ခွဲလို့ သေရဲပါတယ်…..
အခု..ငါ….ကြယ်တွေကြွေလည်းလွမ်းတယ်…..
အတိတ်တွေကိုပြန်တွေ့လည်း လွမ်းတယ်…..
ငါ မသေသေးလို့လွမ်းပါတယ်ဟာ……..
….မသေသေးသရွေ့ လွမ်းပါတယ်…….
တကယ်တော့ ငါ….ဘုရားစူးပဲလွမ်း..မိပါတယ်….ဟာ….
နေကလည်းတခါတခါတော့ကွယ်ချင်တာပေါ့…တောင်စွယ်လည်းရောက်တဲ့အခါ….
…………………………………………………………………….တခါတခါတော့လွမ်းမိတာပေါ..ကောင်မလေးရာ.။
Comment #4
အခု..ငါ….ကြယ်တွေကြွေလည်းလွမ်းတယ်…..
အတိတ်တွေကိုပြန်တွေ့လည်း လွမ်းတယ်…..
ငါ မသေသေးလို့လွမ်းပါတယ်ဟာ……..
….မသေသေးသရွေ့ လွမ်းပါတယ်…….
တကယ်တော့ ငါ….ဘုရားစူးပဲလွမ်း..မိပါတယ်….ဟာ
                        By: အသဲကွဲမိုး at Jan 7, 2011
                    Comment #5
နာရီတွေ နံရံပေါ်တဖွဲဖွဲကြွေကျတာတောင် ငါသိနေပါတယ်…..
ငါ့ဘေးနား …. နင် ………. ပြန်…. လာ … မှာ … ပါတဲ့…..
အလွမ်းတွေကို အားပေးတဲ့ စကားလေးပဲ အရမ်းကောင်းတာပဲ
                        By: ကေသရီ at Jan 7, 2011
                    Comment #6
ညီအစ်ကိုမောင်နှမများ အားလုံးကျေးဇူးပါ
🙂
                        By: သားသား at Jan 7, 2011
                    Comment #7
ခံစားချက်တွေအရမ်းများနေလား လိပ်ပိန်လေးရယ်….ဒါပေမဲ့ကောင်းတယ်ဟာ….LIKE
                        By: ခင်လေး at Jan 7, 2011
                    Comment #9
အင်းဗျာ…..ကိုအိုင်စီ….ပါတ်တီးလိပ်လေးပြေးဝယ်ပေးလိုက်မယ်လေ..ဟီးဟီး
ကျေးဇူး ကိုကြီး
မခင်လေးကျေးဇူးပါ
🙂
                        By: သားသား at Jan 8, 2011
                    Comment #10
taw taw nout de ic pe
                        By: ei lay at Nov 8, 2011
                    



 
Comment #1
လူက အလိုလို ၀မ်းနည်းနေပါတယ်ဆို … ငိုချင်အောင်လာလုပ်နေတယ်ပေါ့ …
ရန်စတယ် မောင်သားသားရယ် …