Professional Authors

ဖယောင်းတိုင်များ (မင်းခိုက်စိုးစန်)

တစ်စုံတစ်ရာက ဖန်ဆင်းတဲ့အမှောင်ထဲမှာ…
နှင်းဆီပန်းတစ်ခင်းစာ အာရုံခံစားမှုတွေကို
တန်ဘိုးအဖြစ်ပေးချေလို့
ထောင်ချောက်တွေရဲ့ပါးစပ်ကို
ဇက်ကြိုးတပ် ပါးချပ်ဆင်
ငါတို့..စီးနှင်လိုက်ကြမယ်..
တစ်ခြားသူတွေရဲ့အမြင်မှာ..
အသက်ငင်နေတယ်လို့ ထင်ချင်လည်းထင်ရော့
ငါတို့ရဲ့အိပ်မက်တွေကိုတော့
ဆေးပေါ့လိပ် ခပ်ညံ့ညံ့လို
ခဏခဏ မီးသေနေမှာ မလိုလားပါဘူး
ဘုရားသခင်ကို ဖဲယှဉ်ရိုက်ဖို့ ငါတို့စိန်ခေါ်ပစ်လိုက်တယ်
မိုက်ရဲလိုက်ပုံများ….နှလုံးသားကောင်ရေတစ်သန်းအားနဲ့ပဲ
တဖုန်းဖုန်း…လဲကျ..လဲကျ
ကိုယ့်ဘဝကိုယ် ပြန်ခွထိုင်ပြီး
စက်ဘီးစီးသင်နေလိုက်ကြတာ…
ကံကြမ္မာကို အလျော့ပေးတတ်ဘို့ ပညာကို
ဘယ်တက္ကသိုလ်မှာမှ မသင်လာခဲ့တဲ့ကောင်တွေလေ…
အဲဒီကောင်တွေက၊ အမှောင်ကိုစီးချင်ထိုးဘို့တဲ့
ကိုယ့်ကိုကိုယ်မီးရှို့ပစ်
ပြီးတော့…အဲဒီသွေးသားဖြစ် အလင်းရောင်ကို
လက်နက်လိုကိုင်ဆောင်လို့
ရာဇသံ တစ်စောင်ပို့လိုက်တယ်
ဟေ့ -အမှောင် !!!!!!!
မင်းအတွက်ကြိုးမိန့်ကို ငါတို့ယူဆောင်လာခဲ့ပြီ…။

မင်းခိုက်စိုးစန်
(၁၉၉၅)
ရာစုသစ်မြစ်ကျဉ်း(အမှတ်၎)

Comment #1

ငါတို့ရဲ့အိပ်မက်တွေကိုတော့
ဆေးပေါ့လိပ် ခပ်ညံ့ညံ့လို
ခဏခဏ မီးသေနေမှာ မလိုလားပါဘူး

commentinfo By: Smiling Tiger at Oct 22, 2010
Comment #2

ကံကြမ္မာကို အလျော့ပေးတတ်ဘို့  ပညာကို
ဘယ်တက္ကသိုလ်မှာမှ သင်မလာခဲ့ တဲ့ကောင်တွေလေ……….
ဆ၇ာမင်းခိုက်စိုးစန်ရဲ့ ကဗျာတွေ စာအုပ်တွေကို အ၇မ်းကြိုက်တယ်
အသစ်ရှိရင်လဲ တင်ပေးကြပါနော်

commentinfo By: htum at Oct 21, 2011
Comment #3

ကံကြမ္မာကို အလျော့ပေးတတ်ဘို့ ပညာကို
ဘယ်တက္ကသိုလ်မှာမှ မသင်လာခဲ့တဲ့ကောင်တွေလေ…
အဲဒီကောင်တွေက၊ အမှောင်ကိုစီးချင်ထိုးဘို့တဲ့
ကိုယ့်ကိုကိုယ်မီးရှို့ပစ်
ပြီးတော့…အဲဒီသွေးသားဖြစ် အလင်းရောင်ကို
လက်နက်လိုကိုင်ဆောင်လို့
ရာဇသံ တစ်စောင်ပို့လိုက်တယ်
ဟေ့ -အမှောင် !!!!!!!
မင်းအတွက်ကြိုးမိန့်ကို ငါတို့ယူဆောင်လာခဲ့ပြီ…။

commentinfo By: အသဲကွဲမိုး at Apr 6, 2012
Comment #4

အရမ်းကြိုက်တဲ့ ကဗျာပါဗျာ

commentinfo By: 13th at Mar 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment