Professional Authors

ဂေယာ

နှစ်လုးံသားအပေါ် ရှပ်ပျံသွားတဲ့
သူ့ကိုသင်း၇နံ့
ရှေးဟာင်းဓါတ်ပြားတစ်ချပ်လို
ငါ့ကို အပ်ကြောင်းထပ်စေတယ်
သူ့အသံကိုကျက်မိတဲ့ ဘ၀ဟာလဲ
အိမ်စာမှန်မှန် လုပ်တတ်နေဆဲ
ဘယ်လောက်များရိုးသားသလဲမိတ်ဆွေ
သူ့နှုပ်ခမ်းတွေ အမြဲတမးစိုပြေနေလို့
ကြယ်မြင်လမြင်ဘ၀ထဲ
နတ်သမီး ကကြိုးလွဲနိုင်တယ်
ဟောဒီကောင်မှာတော့..
နွေဖြစ်လိုက် ဆောင်းဖြစ်လိုက်ခံစားချက်နဲ့
မုတ်သုံကို မျှော်လင့်ရင်း
ရင်ခုန်သံရာသီဟာ ဝေးသထက်ဝေး…
ဒီအစွဲလေးကို ချွတ်ဖို့ရာ
ဇာတ်သိမ်းခန်းမှာ
အလွမ်းသီချင်းမဆိုပါနဲ့ဂေယာ ။

ဥာဏသစ်
2008

In: ကဗျာ Posted By: Date: Sep 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment