Professional Authors

အနုပညာမြတ်နိုးသူရေ. . . – နရီထက်

ဘုရားက ဖန်ဆင်းတဲ့လက်
အမေက ပေးလိုက်တဲ့ အနုပညာလက်
ရှင့်လက်ကလေးက မြတ်နိုးစရာ
ချစ်သူ သူမ က အမြဲပြောခဲ့တယ်

တန်ဘိုးထားတဲ့ ရှင့်အနုပညာ
အထင်ကြီးနိုင်စရာတွေတဲ့
တဖြေးဖြေးနှင့် ငါ့လက်ရာတွေ
သူမ တိတ်တခိုး ခိုးယူ
အမြတ်ထုတ်ခဲ့တယ်
ငါ့ရဲ့ ရင်တွင်းဖြစ်တွေ. . .

အလကားပေးလို့ မ၀ယ်တဲ့
ရှင့်ခံစားချက်တွေ
ဈေးပေါပေါနှင့် ရနိုင်တယ်တဲ့
အခုတော့ သူမ
အနုပညာလက်ရာပေါ်မှာ
ခွထိုင်လို့ အမြတ်ကြီးစားနေပြီးလား။    ။

နရီထက်
( ၃၁ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 31, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment