ကပွဲ
ယုံကြည်မှုကို ချနင်း….
ခံစားမှုကို ဖျာခင်းပြီး
ဘဝကပွဲကို ကြည့်နေတာ….
ကြင်နာမှုက မင်းသား….
နုညံ့မှုက မင်းသမီး…..
သံသယက ဗီလိန်…..
ဇာတ်လမ်းကို ကျွန်တော်နားမလည်ဘူး သေချာတစ်ခုက မျှတမှုသေသွားတယ်
ခဏပါဘဲ…..
ကန့်လန့်ကာ ကျလာတယ်…
အမုန်းတွေနဲ့……။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service