သံလွင်ခတ် ငိုတဲ့ည
လှပတဲ့..အိမ်မက်ရှည်တွေနဲ့
ကျဆုံးနေခဲ့ရတဲ့..ညများ
အပြင်းစားနောင်တတွေကို
ကြိတ်မှိတ်..မျိုချနေခဲ့ရတယ်..။
ခက်တော့ခက်သားနော်
ခြေချော်လက်ချော်ဆိုတဲ့..ဝေါဟာရ
ကံကောင်းခြင်းဘက်ကလည်း လာအုံးမှာပေါ့….။
တစ်ချို့….လွင့်ကြွေခဲ့ကြ
တစ်ချို့….ကမ်းကပ်ခဲ့ကြ
တစ်ချို့…လှိုင်းထန်ခဲ့ကြ
တစ်ချို့…စီးဆင်းနေဆဲ….။
သိပ်ခြောက်ခြောက်ခြားခြားကြီးတော့မဟုတ်ဘူး
လေရူးတွေတိုက်နေတဲ့..နွေဦးလို
မငိုဘဲ … မျက်ရည်တွေကျနေရုံပါ
ရွက်ဝါတွေ..ကြွေနေသလိုပဲပေါ့
အမြဲစိမ်းသစ်တောတွေရဲ့ အတွင်းဘက်..
တစ်ချက်လောက် စောင်းငဲ့ကြည့်ပေးပါ..
ရွက်ဝါတစ်ချို့… စိမ့်ဝင်သွားခဲ့တဲ့ မြေပြင်ဟာ
အကြင်နာတရား ရှိခဲ့ရင်
သံလွင်ခတ်ငိုတဲ့ညတွေ ကုန်ပါစေတော့……။
ရဲမိုးစက်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကဗျာကောင်းလေး
တကယ့်ခံစားချက်လား