Professional Authors

နေထိုင်ခြင်း

ပျော်ပျော်နေလိုက်ကြအောင်ကွယ်
ရခဲလှတဲ့လူဘဝ
ငါတို့တွေရလာခိုက်မှာ
သူလည်းဧည့်သည်
ကိုယ်လည်းဧည့်သည်
ဘာအတွက်ရန်စောင်နေမလဲ ။

လွဲတတ်ကြပါတယ်
သံယောဇဉ်အမှားတွေနဲ့
ပြန်ပြောရင်ခါးတတ်တဲ့အတိတ်
လူတိုင်းကိုယ်စီရှိကြပါတယ် ။

ပြန်ဆွေးကာပူပန်တွေးတွေနဲ့
စိတ်ဇောမှာနှင်သံပေးခဲ့ရင်
ငါတို့
တံလျှပ်တောမှာလမ်းပျောက်မယ် ။

လှု့ကံဆိုတာ
အပြုမှန်ရင် သူ့စံနဲ့သူပါပဲ
အထူးဆူညံမနေပါနဲ့
ငါတို့
အခုမကြာခင်
ငြိမ်းချမ်းပါတော့မယ် ။                     ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Jan 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment