Professional Authors

မရေးချင်တော့ဘူး..

မရေးချင်တော့ဘူး ကဗျာတွေ
သီချင်းတွေကိုလည်း
ဟိုဒီရင်ဘတ်ထဲ တစ်ဆစ်ဆစ်နာလို့

အချစ်တွေကို အကုန်ပေး
နှစ်ကိုယ်တူ တစ်အိမ်မက်မက်ခဲ့ကြပြီးမှ
ဗြုန်းသားကြီး လမ်းခွဲပေးရအောင်
မင်း စိတ်မှမှန်သေးရဲ့လားကွာ

ချစ်သူနဲ့ချစ်ရသူဆိုတာ တစ်ယောက်တည်းပါ
အရာရာ အားလုံးကို လိုက်လျောပေးခဲ့တာ
ချစ်လွန်းလို့ဆိုတာ မင်းသိပါတယ်

မင်းပြောတဲ့ မာနဆိုတာ
ငါမှာအပြည့်ရှိတယ်
ဒါပေမဲ့ မင်းနဲ့ငါကြားမှာတော့မဟုတ်ဘူး..

မင်းအတွက်ဆို အရာရာပေးဆပ်ဖို့အသင့်
အချိန်းမရွေးတောင်းဆိုပါ
ငါအချစ်တွေက မင်းဆီမှာပါ…

သိရဲ့နဲ့လုပ်တာလား
မသိလို့ဘဲ လုပ်တာလား
ငါဘယ်လို ကောက်ချက်ရမှာလဲ ….သက်ထားရယ်

ဟိုအတိတ်က ပျော်စရာတွေလည်း
ငါရင်မှာ တိုးဝှေ့နေဆဲပါ
မင်းလှမ်းလာကြည့်လှည့်ပါ…

ပေးခဲ့ဖူးတဲ့ အနမ်းတွေနဲ့
မေ့မရအောင်ဖြစ်နေတဲ့ မင်းခေါ်သံတွေလည်း
ငါကြားယောင်ဆဲပါ

ခွေးဟောင်တိုင်းလည်း မင်းလားဆိုပြီး
ငါထကြည့်စမြဲပါ
ဖုန်းသံကြားတိုင်း မင်းဖုန်းလာဆိုပြီး
အပြေးကြည့်နေဆဲပါ
အဲဒါတွေအားလုံးဟာ မင်းကိုချစ်လို့ဆိုတာ
မင်းသိလာမှာလို့ပဲ
မျှော်လင့်မရှိဘဲ မျှော်လင့်ဆဲပါဆိုတာ
အနမ်းတွေက သက်သေပါ…

   အသဲကွဲသူတစ်ယောက်ရဲ့ ရင်ဖွင့်ချက်ပါ..
 အသဲကွဲခြင်းမှ လွတ်မြောက်ပါစေလို့ ဆုတောင်းလျက်..  
                                                                   စိုး……………

In: ကဗျာ Posted By: Date: Jun 17, 2012
Comment #1

nice

commentinfo By: ei lay at Jun 17, 2012
Comment #2

ကဗျာလေး ကောင်းတယ်
……….
စိတ်မညစ်ပါနဲ့
ကျွန်တော် အားးးး ပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jun 18, 2012
Comment #3

Thanks to Ma Ei and “a thae Kaw moe..

commentinfo By: soeoo at Feb 27, 2013
Comment #4

Thanks to Ma Ei and “a thae Kaw moe.. for compliment on my poem..

commentinfo By: soeoo at Feb 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment