Professional Authors

( ဖြိုးဖြိုး)

ချစ်နေခြင်းကို ချစ်ခြင်းအားဖြင့် ဘယ်တော့မှ အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ဘူး..
ချစ်ခြင်းအားဖြင့် တိတ်ဆိတ်စွာ..

မွှေးရုံလေး ပွင့်နေတဲ့ စကားပန်းလေးကို ချစ်သလိုမျိုး
လင်းရုံလေး တောက်နေတဲ့ ကြယ်လေးကို ချစ်သလိုမျိုး
မှော်ဆရာရဲ့ ပျော်ရွှင်မှုကို မြတ်နိုးတယ်..

ဖူးနေတဲ့ပန်းလေး ပွင့်ချိန်ကို စောင့်နေတဲ့ ဥယျာဉ်မှုးလို
ကျောင်းပိတ်ရက်ရှည်ကိုသာ မျှော်နေတတ်တဲ့ ကလေးငယ်လို
မှော်ဆရာရဲ့ ကောင်းသတင်းတွေသာ မျှော်ပါတယ်..

နောက်ဆုံးဆိုပြီး ချချရေးလိုက်မိတိုင်း
“ပျော်ရွှင်အေးချမ်းပါစေ” ဆိုတဲ့ ဆုတောင်းပဲ..
ဆုတောင်းဆိုတာ ပြည့်တယ် မပြည့်ဘူးဆိုတာထက်
အကောင်းဆုံးတွေချည်း ဖြစ်စေချင်တဲ့ စေတနာပါ..

ကဗျာမဆန်တော့တဲ့ လောကကြီးမှာ ကဗျာတွေစာတွေ ရေးနေရတယ်ဆိုတာကိုက ကဗျာဆန်နေတာပါပဲ..
စိတ်ဆိုတာ ထင်ထားတာထက် ပိုပြီးထိခိုက်ကြေကွဲတတ်မှန်း မသိခဲ့ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးဆိုလည်း မှန်မယ်ထင်ပါတယ်..

လျှောက်နေတဲ့
ဒီလမ်းတွေ
ဒီအိမ်မက်တွေ
မှော်ဆရာ တစ်ဝက် ကံကြမ္မာတစ်ဝက်
ရေးပေးလိုက်တယ်ဆိုတဲ့ အသိနဲ့တင် ပျော်ပါတယ်..
ပန်းတွေတော့ ပွင့်မနေတော့ဘူးပေါ့..

ဘာပဲဖြစ်ဖြစ်
သူမကောင်းကင်မှာတော့
မြတ်နိုးနေကြ ကဗျာလေးတွေ
ကြယ်လိုလလို တောက်ပဆဲ..

အချိန်တန်ရင် ပြီးသွားမှာပါဆိုလို့ ..
တန်လာမယ့် အချိန်ကို စောင့်ရင်း မျှော်ရင်း..
ပြောင်းလဲတတ်တယ် ဆိုတဲ့ သဘောတရားတွေရဲ့ အပြင်ဘက်အစွန်းအဖျားလေး ထွက်ထိုင်ပြီး  
မပြောင်းမလဲ အဲဒီစကားပန်းလေးတွေကို 
(ဖူးရုံလောက်ဖြစ်ဖြစ် ၊ ပွင့်ရုံလောက်ဖြစ်ဖြစ်၊ နောက်ဆုံး ကြွေရုံလောက်ပဲဖြစ်ဖြစ်)
ပျိုးတုန်း.. စိုက်တုန်း.. ပေါင်းသင်တုန်း..
ဒါပေမယ့်လည်း တိတ်ဆိတ်စွာ..

ဖြိုးဖြိုး

In: ကဗျာ Posted By: Date: May 28, 2012
Comment #1

really nice,
really simple,

commentinfo By: ei lay at May 28, 2012
Comment #2

ကဗျာမဆန်တော့တဲ့ လောကကြီးမှာ ကဗျာတွေစာတွေ ရေးနေရတယ်ဆိုတာကိုက ကဗျာဆန်နေတာပါပဲ..
စိတ်ဆိုတာ ထင်ထားတာထက် ပိုပြီးထိခိုက်ကြေကွဲတတ်မှန်း မသိခဲ့ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးဆိုလည်း မှန်မယ်ထင်ပါတယ်..

commentinfo By: May Kha at Mar 13, 2013
Comment #3

အချိန်တန်ရင် ပြီးသွားမှာပါဆိုလို့ ..
တန်လာမယ့် အချိန်ကို စောင့်ရင်း မျှော်ရင်း..
ပြောင်းလဲတတ်တယ် ဆိုတဲ့ သဘောတရားတွေရဲ့ အပြင်ဘက်အစွန်းအဖျားလေး ထွက်ထိုင်ပြီး
မပြောင်းမလဲ အဲဒီစကားပန်းလေးတွေကို
(ဖူးရုံလောက်ဖြစ်ဖြစ် ၊ ပွင့်ရုံလောက်ဖြစ်ဖြစ်၊ နောက်ဆုံး ကြွေရုံလောက်ပဲဖြစ်ဖြစ်)
ပျိုးတုန်း.. စိုက်တုန်း.. ပေါင်းသင်တုန်း..
ဒါပေမယ့်လည်း တိတ်ဆိတ်စွာ..

commentinfo By: May Kha at Mar 13, 2013
Comment #4

အချိန်တန်ရင် ပြီးသွားမှာပါဆိုလို့ ..
တန်လာမယ့် အချိန်ကို စောင့်ရင်း မျှော်ရင်း..

commentinfo By: နွေ at Mar 13, 2013
Comment #5

မိုက်တယ်.. စကားလုံးလေးတွေက အရမ်းနူးညံ့တာပဲ….

commentinfo By: ကြက်ခြေခတ် X at May 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment