Professional Authors

လွမ်းနေခွင့်

အထီးကျန်ဝေသနာ
အကျီးတန်စေတာ
နားမလည်ရင်ထားတော့
ငါ့ကိုယ်ငါသာ……….
သတ်ပြစ်လိုက်ချင်တယ်
တကယ်တော့ ……….
မင်းရဲ့ အနမ်းက
ပျားရည်မဟုတ်ဘူး
အဆိပ်တွေ…………..
မရနိုင်တာကိုတောင်းတ
ကလေးတစ်ယောက်လို
………………ငါ
ငိုကြွေးရမလား………..???
အိပ်မက်ကနိုးထ
မင်းရဲ့ ဘ၀မှာငါက
ခလုပ်တိုက်ခဲ့ မိတဲ့ 
ခဲလုံးလေးတစ်လုံးတဲ့ ……………
အရောင်တွေပြောင်းလဲ
အပြာကအနီဖြစ်တော့ 
ပြုံးတော့ ပြုံးတယ်
်မဲ့ ပြုံးတွေ………….
ခွင့်လွှတ်ဆဲငါ
မနာတက်ခဲ့ လို့ 
အဲဒီအပြုံးကိုပဲ
လွမ်းနေရရင်ကျေနပ်တယ်………..။ ။

ကြယ်ရောင်လင်း

In: ကဗျာ Posted By: Date: Apr 5, 2012
Comment #1

khan sar arr pay twar par d.

commentinfo By: ei lay at Apr 5, 2012
Comment #2

ကျေးဇူးအများကြီးတင်ပါတယ်သူငယ်ချင်း…………
နောက်လဲဝေဖန်အကြံပြုပေးစေချင်ပါတယ်ခင်ဗျာ….

commentinfo By: Kye Young at Apr 5, 2012
Comment #3

ငိုကြွေးရမလား
အိပ်မက်ကနိုးထ
မင်းရဲ့ ဘ၀မှာငါက
ခလုပ်တိုက်ခဲ့ မိတဲ့ 
ခဲလုံးလေးတစ်လုံးတဲ့

တော်တော်ရက်စက်တယ်ဗျာ ……
ဒါပေမဲ့ ချစ်နေတော့လဲ အပြစ်မမြင်တော့ဘူးပေါ့ဗျာ ……
အားပေးသွားပါတယ်

commentinfo By: arkar at Apr 5, 2012
Comment #4

ခွင့်လွှတ်ဆဲငါ
မနာတက်ခဲ့ လို့ 
အဲဒီအပြုံးကိုပဲ
လွမ်းနေရရင်ကျေနပ်တယ်…

commentinfo By: ကံ့ကော်မောင် at Apr 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment