April Fool
ဟိုအရင်ကလို လွမ်းဆွေးခွင့်မရှိ
ငေးကြည့်ခွင့်မရှိ
မျှော်လင့်ခွင့်မရှိ
ပိတ်ပင်ထားရင်း……စည်းကာတားမယ်….။
ဖြစ်မြဲဖြစ်နေကျ
သတိရခြင်းအကြောင်းတရားကို
အပြင်ကို လွှင့်ပစ်လို့ 
အော်ဟစ်….
ရင်နင့်စေတဲ့ အတိတ်ဆိုးတွေအတွက်
ပေါက်ကွဲထွက်လွယ်စေတာမို့
သံယောဇဉ်ဆိုတဲ့အရာကို
စိမ်းကားစွာ ပြတ်တောက်စေမယ်…။
မုန်းရင်းနဲ့ မေ့စေ…
စိုးရွံ့နေရမယ့် အခြေအနေကို လက်ကာပြရင်း
ဆုံးဖြတ်ချက်အသစ်တွေ ချမှတ်
နင်မရှိလို့ မဖြစ်ပါဘူးဆိုတဲ့
ရာဇ၀င်မှာ ငါတကယ် မပါဝင်စေရဘူး လို့လေ…။
တမ်းတခြင်းဖွဲ့ရသတွေ ဆုတ်ဖြဲ
ထပ်မံအသစ်တစ်ယောက်အတွက်
နေ့စွဲတွေတောင် ရောင့်ရဲနေပြီမို့….
ငါမျှတလောက်မှာပါလေ…..
သစ္စာဆိုတာ…ကျန်ခဲ့ရသူတွေအတွက် ရှိသင့်တဲ့အရာ မှ မဟုတ်တာ…။
အတတ်နိုင်ဆုံး အသက်ဝင်စွာ ပြုံးပြတယ်
အထိရောက်ဆုံးအတွေးအခေါ်တွေ သွတ်သွင်းတယ်
မငိုမိတော့တာလည်း ကြာပြီဆိုတော့
ယုံကြည်မိသွားတာ ဖြစ်မှာပါ
ငါတို့ဟာ….ပြိုင်မျဉ်းတွေဆိုတာ…။
ဒီလို….ဒီလို
နိဒါန်းတွေခင်း….
ဇာတ်ကျောတွေ  ရေးခြစ်ရင်း
ကိုယ်ပိုင် April Fool ကို နင့်အတွက် ကုန်ဆုံးစေခဲ့တယ်…။
ဒီတစ်ရက်လောက်တော့….
ငါ့ကိုယ်ငါ မုသားသုံးခွင့်ပေးအပ်
ငါမမှားလောက်ပါဘူး….
ဒီနေ့ဟာ….April Fool လေ….။
အလွမ်း(ကေသရီ)
Comment #2
သစ္စာဆိုတာ…ကျန်ခဲ့ရသူတွေအတွက် ရှိသင့်တဲ့အရာ မှ မဟုတ်တာ…။
 By: ရနံ့ at Apr 4, 2012
                        By: ရနံ့ at Apr 4, 2012
                    Comment #3
i don’t think so,,,,
my motto are  “u r what u did”,,”u’ll get what u give”,,
no take & give,,,but give & take,
 By: ei lay at Apr 4, 2012
                        By: ei lay at Apr 4, 2012
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
khan sar arr pay twar par d