Professional Authors

မင်းသိရဲ့လား

သူများတွေလို ချစ်တာကို
ဖွဲ့နွဲ့လို့လည်း မပြောတတ်
ပညာဆိုတာ မင်းလောက်မတတ်ပေမဲ့
အချစ်မှာတော့ ပထမပါ…..

ကမ္ဘာကျော်သီအိုရီတွေလည်း မပိုင်
မင်းကောင်တွေလို ကား၊ဖုန်းမရှိပေမဲ့
ငါရင်ထဲမှာ မင်းအတွက် အချစ်စစ်တော့ရှိတယ်….

ဥစ္စာနည်းပေမဲ့ ဖြူစင်ပါတယ်.
ရုပ်မလှပေမဲ့ နူးညံတဲ့နှလုံးသားတစ်စုံတော့ရှိတယ်..
အိမ်မရှိပေမဲ့လည်း မင်းအတွက် ပခုံးရှိတယ်…

ခွင့်လွတ်မှုတွေ ပေးနေပေမဲ့လည်း
ဘာကြောင့် နားမလည်ရတာလဲကွာ
ဖြစ်သင့်ပါတယ်….
ပိုက်ဆံကို အချစ်ထင်
ခနတာပျော်နေတာကို
အချစ်စစ်ထင်ရင် မှားမယ်…..

ရွှေဘုံပေါ်မှာ ပျော်နေတဲ့မင်းက
နေပူအောက် ငါဘဝထဲ
ဘယ်ဝင်လာချင်ပါမလဲ…

ဥယျာဉ်မှုးလို ကိုယ့်စိုက်တဲ့ပန်း
ကိုယ့်မနမ်းရပေမဲ့
သူများတွေ နမ်းရှိုက်နေတာကိုပဲ
ကြည်နှုးနေရတဲ့ အဖြစ်မျိုး
မကြံပါရစေနဲ့……

အတိတ်ဘဝက အကြောင်းကံမ္မာရယ်
ဘယ်လိုဘာကြောင့်များ
ဒဏ်ခတ်နေရပါလဲကွာ….
မင်းသိသင့်ပါတယ်….
ငါလိုအချစ်မျိုး နောက်ထပ်တွေ့ဖို့ဆိုတာ
မမျော်လင့်ပါနဲ့ကွာ……..
                                       စိုး………………

In: ကဗျာ Posted By: Date: Jan 17, 2012
Comment #1

အားပေးသွားပါတယ်နော်.

commentinfo By: May Kha at Jan 17, 2012
Comment #2

အားပေးသွားပါတယ် ကဗျာကောင်းတစ်ပုဒ်ပါဗျာ
ခံစားချက်လဲတော်တော်ပါပါတယ် ……….

commentinfo By: arkar at Jan 17, 2012
Comment #3

သူများတွေလို ချစ်တာကို
ဖွဲ့နွဲ့လို့လည်း မပြောတတ်
ပညာဆိုတာ မင်းလောက်မတတ်ပေမဲ့
အချစ်မှာတော့ ပထမပါ…..

ကမ္ဘာကျော်သီအိုရီတွေလည်း မပိုင်
မင်းကောင်တွေလို ကား၊ဖုန်းမရှိပေမဲ့
ငါရင်ထဲမှာ မင်းအတွက် အချစ်စစ်တော့ရှိတယ်…
goodတယ်…ဗျအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 17, 2012
Comment #4

he,,he,,
hote tar pe naw,,

commentinfo By: ei lay at Jan 17, 2012
Comment #5

မိုက်တယ်ဒါပေမဲ.မိန်းမတယောက်ကိုခသလိုဖြစ်နေတယ်

commentinfo By: ဇေယျာ at Jan 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment