Professional Authors

ငရဲ နဲ့ အချစ်

ချစ်သူရေ
မင်းကို ချစ်လို့
လျှောက်ခဲ့တဲ့ ဖရောင်းလမ်း
အခုတော့ ငါ့ခြေထောက်မှာ
သွေးတွေလွှမ်းလျှက်ပေါ့
မျက်ဝန်းရဲ့ အတိမ်အနက်
ငါ မချိန်ဆတက်ခင်ကတည်းက
အကြည့်နဲ့ ရူး
နင့်အပြောမှာ ငါမူးနေခဲ့တာ
အချစ်ကိုစားသုံး
တစ်ဖက်မှာ သင့်နေတာက
အချစ်အဆိပ်
လိုအပ်တဲ့ အမယ်တွေမပါဝင်တာလား
ဒါမှ မဟုတ်ကျော်လွန်နေတာလား…..
ထီးမပါ မိုးလည်းမရွာ
ဆောင်းတွင်းလည်းမဟုတ်
နေပူကြီးထဲ
အုန်းနို့ခေါက်ဆွဲတွေစားပြီး
ဆူးလေလမ်းမကြီးထိပ်မှာ
စောင့်နေတဲ့ငါ အခုတော့………………………..။
မှောင်လိုက်တဲ့ငါ
ဘယ်ရောက်သလဲ
အသေအချာမသိ
ရှေ့ဝယ်တွေ့သည့်လမ်း
ဟိုဝင်ဒီချိုး
ငါ့ကွေ့ဝင်စဉ်
ရုပ်ဝယ်အလွန်ဆိုး
နတ်ဂျပိုးတို့
ငါ့ကိုဖမ်း ငါ့ကိုနှံကြချေပြီ
ဒင်းတို့ ဆရာ၊မာစတာက
နင် ဘယ်သွားချင်သတုံးတဲ့
အမေကို ဦးမချ
ချစ်သူကို ဦးချတဲ့ကောင်
ဘုရားကို မှန်မှန်မရှိခိုး
ချစ်သူကို ခိုးခိုးတွေ့တဲ့ကောင်
အလှူမလုပ် ချစ်သူနဲ့လူလုပ်နေတဲ့ကောင်
ကဲ မင် ရွေးစမ်း
ပိတ်တာနဲ့ ငရဲ ကျ ဘယ်ဟာကို ရွေးမတုံး
အဲ အဲ
ပိတ်တာကို ရွေးချင်ပါတယ်
ဟဲ့ ငမိုက်သား
ပိတ်တာ ကပိုခံရတယ်နော်
အဟဲ ရပါတယ်
ကျွန်တော်ကပိတ်တာ ဆိုတော့
ကျွန်တော်ချစ်သူအတွက် အဆင်ပြေတယ်
ဟဲ့ငမိုက်သား ဘာကြောင့်တုန်း
သူက ပါတိတ်သိပ်ကြိုက်တာ ဗျ………………….။

In: ကဗျာ Posted By: Date: Dec 18, 2011
Comment #1

he,,he,,,
a te kwe nay tar hma hote ye lar shin ye.
ta ke par,,
lay sar par de shin.
ha,,ha,,

anyway,thz so so much.
since last night, i feel depress & lonely,i was crying.
now af reading urs,i feel fresh & happy,i m laughing.
thz so so much.

commentinfo By: ei lay at Dec 18, 2011
Comment #2

super likeeeee
super likeeeeee

commentinfo By: ei lay at Jun 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment