Professional Authors

အာဟာရမှီဝဲပုံ

အစာသစ်ကို စားနေချိန်
အစာဟောင်းကို ဘယ်သူကမြင်ချင်
ကြားချင်၊ပြောချင်ကြမှာလဲ
တခါတလေ ကျတော့်စိတ်ထင်
အရည်းကြီးတွေအယူကမှန်ချင်
တကယ်တမ်းတော့ လောကအမြင်မှာ
ရွှံရှာနေကြတဲ့လူတွေချည်း
အာဟာရဖြစ်ဖို့ဆို
အစာဟောင်းကိုဘယ်သူကပြန်စားချင်မှာလဲ
ငါလည်းအဲသလိုဘဲလေ
ငါတို့မှီဝဲနေတဲ့ အစားစာတွေမှာ
ငါးပုံတပုံက ခန္ဒာအတွက်အာဟာရ
တဖန် ဗြမ္မာတွေရဲ့ အာဟာရမှီဝဲပုံ
အာကာသဓါတ်ကလည်း အာဟာရဖြစ်တယ်
စိတ်ခံစားချက်ကလည်း အာဟာရဖြစ်တယ်
ဘုရားလောင်းတို့ ဖလသမာပါတ်
ဈန်ဝင်စားနေချိန်မှာမှီဝဲတဲ့အာဟာရမျိုး
ဗြမ္မာတို့ရဲ့ အာဟာရမှီဝဲပုံမျိုး
အဲသလိုမျိုး ငါမှီဝဲချင်
ဒါပေမဲ့ ငါကပုထုစဉ်
စိတ်အာရအတွက် သိက္ခာကျပါစေ
လောကမှာရှင်သန်ဖို့ဆို
ငါ့အတွက် အသစ် အသစ်တွေ လိုအပ်နေတယ်
ခံစားမှုသစ်တွေက ငါ့အတွက် အာဟာရဖြစ်ချင်ဖြစ်မှာပေါ့

In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

လုလင် အားပေးသွားပါတယ်

Comment #2

လောကမှာရှင်သန်ဖို့ဆို
ငါ့အတွက် အသစ် အသစ်တွေ လိုအပ်နေတယ်
ခံစားမှုသစ်တွေက ငါ့အတွက် အာဟာရဖြစ်ချင်ဖြစ်မှာပေါ့………………..

commentinfo By: May Kha at Oct 5, 2011
Comment #3

hin….
khan sar hnu a tit tway ka a har ya,,,hote lar?

commentinfo By: ei lay at Nov 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment