Professional Authors

ပြစ်ဒဏ်

အံကြိတ်သံတွေက

စက်သွားတွေ လည်နေသံထက်

ကျယ်လောင်ချင် ကျယ်လောင်နေလိမ့်မယ်။

ယောက်ျားရင့်မာကြီးမဟုတ်ပေမယ့်လည်း

ငါ.. .. လက်ခမောင်းတော့ ခတ်ခွင့်ရချင်တယ်။

မှန်ထဲမှာမြင်နေရတဲ့

ငါ့ပုံရိပ်ကိုငါ

လက်ညှိုးငေါက်ငေါက်ထိုးပစ်လိုက်တယ်။

ဟုတ်တယ်လေ….။

ငါ့အတ္တနဲ့ မာနအတွက်

အဲလောက်တော့ တာဝန်ကျေမှ ဖြစ်မယ်။

ညံ့တယ်ဆိုတဲ့စကား

ပြောစရာမလိုဘူးလေ

ငါ့မျက်ရည်က အဲဒီညက သက်သေ။

ဘယ်သူတားတား ခွင့်မလွှတ်ဘူး..။

အဲဒီတော့ ငါ့ velocity ကို

ငါ့ဟာငါ square တင်မယ်…

နားငြီးတယ်ဆိုပြီး လာမလျှော့ခိုင်းနဲ့

ဒါက…….

“ပြိုင်မြင်းတို့ရဲ့ခွာသံ ” ။ ။

 နှင်းဆီနက် (24th September 2011-11:40pm)

In: ကဗျာ Posted By: Date: Sep 25, 2011
Comment #1

ပြိုင်မြင်းတို့ ရဲ့ ခွာသံ က မကျေနပ် သံတွေ ပါနေတယ်ထင်တယ်

Comment #2

ngar myat yae ka tat tay,

commentinfo By: ei lay at Nov 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment