Professional Authors

မခြောက်ခန်းသင့်သော အလင်္ကာများ

သူရဲ့   လက်ပြနှုတ်ဆက်မှု အဆုံးမသတ်ခင်
သူမက အဲဒီအဝေးပြးကားကြီးပေါ်တက်သွာခဲ့
မေ့လျော့တတ်တဲ မျက်နှာနဲ့အတူ
လိုက်ပါသွားခဲ့တယ်…

သူမစီးနင်းသွားတဲ့
ကားကြီးတဖြည်းဖြည်းဝေးလို့
လမ်းမကြီးဖြစ်သွားတဲ့ထိ
ဒီလမ်းမကြီးပေါ်ကပဲ သူ  ရပ်ကြည့်နေခဲ့မိတယ်….

ခွဲခွာခြင်းရဲ့အစမှာ
တစုံတရာ ကျန်ရစ်ခဲ့
သူမအတွက် ဆက်လက်သိမ်းဆည်းရုံကလွဲပြီး
ငြီးငွေ့စရာလည်း ထပ်မရှိခဲ့ပါဘူး…

အမှတ်ရခြင်းမျာစွာ ပြန့်ကျဲ
နာရီတွေဖောက်ပြန်တဲ့ည
တမ်းတတိုးတိတ်ခြင်းအားလုံး
သူမ ထားခဲ့သူနဲ့အတူလက်သိပ်ထိုးခဲ့
နတ်ဆိုးတစ်ကောင်ရဲ့ ချစ်ခြင်းဟာလည်း
ပန်းတစ်ထောင်ပွင့်တယ်ဆိုတာ ထပ်မေ့လျော့ပြန်တာကိုး….

သူမခရီးဆောင်အိတ်ရဲ့ တနေရာမှာ
လိုက်ပါစောင့်ရှောက်ဖို့ ကျန်ရစ်သူမသိစိတ်က
တိုးတိုးလျလျ ခြေဖွနင်းလိုက်ပါသွားလေရဲ့….

မှော်ရုံမှန်ချပ်  တဘက်မှာ
တခါတခါ သူမသတိရပေးပါလိမ့်မယ်
အိပ်မက်တို့ရဲ့ပြန်တမ်း
အမ်းငွေမရမယ့် အသွားသက်သက်လမ်းအတွက်ကြောင်း
တရံရောအခါက သူတစ်ယောက်အကောင်းများပေါ့…

တလွင်လွင်ချိုမြ စကားလုံးများနောက်ကွယ်က
ဆံနွယ်တွေစီးဆင်မှုအကြောင်းတစုံတရာ
ကျန်ရစ်သူရင်ဘတ်မှာရှီနေသေးမယ့်အကြောင်း
ပြန်ပြောင်းအောက်မေ့ရကောင်းလည်းသိပါလိမ့်မယ်….

စစ်မှန်ပါစေ ကြည်ဖြူပါစေ  နားလည်နိုင်ပါစေ
ဘယ်လိုလက်တွေကမှ
စွမ်းဆောင်မရနိုင်တဲ့ မြတ်နိုးလေးနက်မှုကို
အလံမချိုးအောင် ထိန်းသိမ်းပေးပါ….

ကဗျာတွေရွာချမယ့်ရာသီ
သူမပါးမို့မို့မှာ အလင်္ကာတွေစိုတဲ့ည
သတိရခြင်းတွေ အနှောင်အဖွဲ့က လွတ်မြောက်ချိန်မှာ
ကျန်ရစ်သူအတွက် အဖြေလွှာထွက်ပါလိမ့်မယ်….

ဆက်ဆက်စောင့်ပါ
မျှော်လင့်ခြင်းတွေ နိုးထမယ့်နံနက်မှာ
သူမအတွက် အကြင်နာအပြည့်ခပ်ပေး
ကျန်ရစ်သူရေ …
သူမအတွက် ကောင်းကင်ပုခက်တင်ရင်း
ကျူးပစ်ရဲ့ မေ့လျော့ပေါ့ဆမှုကို တိုင်တည်ကောင်းပါရဲ့….

ကိုင်း   ကျန်ရစ်သူရေ
သူမ ခုံလှုံခွင့်ယူမယ့် ရင်ခွင်မှာ
သေသေချာချာစောင့်ကွဲ့
တိမ်ညိုတွေ ဆိုတဲ့ တေးချင်းမှာ
လေညင်းနဲ့လိုက်ပါ
သူမနှလုံးသား တံခါးလာခေါက်လိမ့်မယ…

မင်း လောင်ကျွမ်းခဲ့တဲ့
ကာရံတွေ ချုပ်ပျောက်
ကျန်ရစ်သူ ခေါင်းစဉ်ပျောက်အောင်
လိုက်ဖက်ညီတဘောင်တခုလောက်တော့
ရသမြောက်ပါစေကွယ်……..

In: ကဗျာ Posted By: Date: Jul 18, 2011
Comment #1

နတ်ဆိုးတစ်ကောင်ရဲ့ ချစ်ခြင်းဟာလည်း
ပန်းတစ်ထောင်ပွင့်တယ်ဆိုတာ ထပ်မေ့လျော့ပြန်တာကိုး….

commentinfo By: rocker at Jul 18, 2011
Comment #2

အမှတ်ရခြင်းမျာစွာ ပြန့်ကျဲ
နာရီတွေဖောက်ပြန်တဲ့ည
တမ်းတတိုးတိတ်ခြင်းအားလုံး
သူမ ထားခဲ့သူနဲ့အတူလက်သိပ်ထိုးခဲ့
နတ်ဆိုးတစ်ကောင်ရဲ့ ချစ်ခြင်းဟာလည်း
ပန်းတစ်ထောင်ပွင့်တယ်ဆိုတာ ထပ်မေ့လျော့ပြန်တာကိုး….
သတိထားမိတယ်…HEROSMITH ကဗျာတွေကို..နှစ်သက်မိပါတယ်

commentinfo By: အသဲကွဲမိုး at Jul 18, 2011
Comment #3

အားပေးသွားတယ်နော်…….

commentinfo By: May Kha at Jul 18, 2011
Comment #4

အားပေးနေတယ်……။

Comment #5

ကဗျာတွေရွာချမယ့်ရာသီ
သူမပါးမို့မို့မှာ အလင်္ကာတွေစိုတဲ့ည
သတိရခြင်းတွေ အနှောင်အဖွဲ့က လွတ်မြောက်ချိန်မှာ
ကျန်ရစ်သူအတွက် အဖြေလွှာထွက်ပါလိမ့်မယ်….

commentinfo By: မိုးသစ်လေပြေ at Jul 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment