Professional Authors

ဒီအတိုင်းလေးးးးးးးးးးးးးးးးး

ဆုံနိုင်ဖို့က
၁ % နှုန်းရှိပေမယ့်
ငါ့မျှော်လင့်ချက်က
၁၀၀ % ထက်ကျော်နေတာခက်ပါတယ် ။
ချစ်ရက်တစ်ရက်
လွမ်း၇က်တစ်ရာရှိခဲ့ပေမယ့်
ချစ်ခွင့်မရှိတဲ့သူအတွက်
လွမ်းရက်တွေကလည်း ထောင်သောင်းမကပါဘူး ။
အနည်ကျလာတာများလာတော့
လွမ်းရတာလည်း  အရေထူလာပါတယ် ။
ကံကြမ္မာက မှင်ရည်ကျဲခဲ့တာဘဲလား
ကိုယ်တိုင်က ပြဿာဒါးကောင်ဘဲဖြစ်ခဲ့တာလား
အနီးအတွက် အဝေလား
အဝေးအတွက် အနီးလား
လားပေါင်းများစွာနဲ့ —
အတွေးတွေက
သတိရမှုကိုဘဲတိုးစေတာမို့
ကဲ—
ဘာဖြစ်အုံးမလဲ
ဒီအတိုင်းဘဲ
ဆက်လွမ်းသွားတာပေါ့  ။           ။

In: ကဗျာ Posted By: Date: Apr 10, 2011
Comment #1

shin shin lin lin ne phat loh kaung par de,

commentinfo By: ei lay at Mar 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment