Professional Authors

အိမ်သူအိမ်သားတို့သည် (ခိုင်မြဲကျော်စွာ)

ငါက
လက်သမားကို အတုခိုးတယ်
ဗီတာမင်နဲ့ သံဓာတ်ပါတဲ့
အမိုးအကာပြုရင်း။

မိန်းမက
ကရုဏာတရားရဲ့ သင်္ကေတ
မြို့ပြရဲ့ သွေးကြောပူပူပေါ်
ပျော်ရွှင်သူ အကြောပေးသူပေါ့။

ငါတို့သားလေး
သူ့ရှပ်အင်္ကျီပေါက်စနလေးမှာ
ဓူဝံကြယ်တယ် အဖြူရောင် ကြယ်သီးတပ်
မတ်တပ်ရပ်နိုင်တဲ့ သိုးကလေး။

တစ်ယောက်ယောက်
တံခါးလာခေါက်တဲ့အခါ
မှောက်ထားတဲ့ ဖဲမရှိ
ချက်လက်မှတ်မရှိ
လူသားရနံ့အတိ အဘိဓမ္မာ သေးသေးလေးမှာ။

သြော်
မိသားစုဘဝ
သစ်ကိုင်းခြောက်ကလေးပေါ်မှာ
ပျော်အောင်နေလို့ရတယ်။

ခိုင်မြဲကျော်စွာ
family မဂ္ဂဇင်း-၂၀၀၆

/* အေးအေးဆေးဆေးလမ်း ကဗျာစာအုပ်ကပါ။ */

Leave Comments

Name*

Email*
Website
Email me whenever there is new comment