Professional Authors

မလွမ်းပါနဲ့

သတ္တိမရှိဘူးလို့
ငါ့ကို မစွပ်စွဲလိုက်ပါနဲ့

ဆွံ့အ စေတဲ့ အပြုံးတွေနဲ့
မပြုစားပါနဲ့

လမ်းပျောက်စေနိုင်တဲ့ အတွေ့တွေနဲ့
နင်မလှည့်စားလိုက်ပါနဲ့

ကြိုးဆွဲရာကမဲ့ အရုပ်လေးတစ်ရုပ်လို့
နင်မထင်ပါနဲ့

ချစ်လားလို့ အမှတ်တမဲ့
နင်မမေးပါနဲ့

အဆုံးသတ်မှ
နောင်တရရင် ငါ့ကို
နင်မလွမ်းပါနဲ့၊၊

In: ကဗျာ Posted By: Date: Jan 17, 2011
Comment #1

သတ္တိမရှိဘူးလို့
ငါ့ကို မစွပ်စွဲလိုက်ပါနဲ့

ဆွံ့အ စေတဲ့ အပြုံးတွေနဲ့
မပြုစားပါနဲ့

လမ်းပျောက်စေနိုင်တဲ့ အတွေ့တွေနဲ့
နင်မလှည့်စားလိုက်ပါနဲ့

ကြိုးဆွဲရာကမဲ့ အရုပ်လေးတစ်ရုပ်လို့
နင်မထင်ပါနဲ့

ချစ်လားလို့ အမှတ်တမဲ့
နင်မမေးပါနဲ့

အဆုံးသတ်မှ
နောင်တရရင် ငါ့ကို
နင်မလွမ်းပါနဲ့၊၊ Good Special ပဲကွာ…..။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #2

ချစ်လားလို့ အမှတ်တမဲ့
နင်မမေးပါနဲ့

တော် တော်မိုက်ပါ တယ်

commentinfo By: မိုးမြင့်ကြယ်စင် at Aug 21, 2011
Comment #3

စိတ်ချင်းထပ်တူဖြစ်ဖို့
မလွယ်ကူပေမယ့်
သတိရစိတ်တွေ
အလွန်အကျွံနယ်ချဲ့လာတဲ့အခါ
ငါ့ရဲ့နေ့စွဲတွေဟာ
မင်းရဲ့အနီးတစ်ဝိုက်မှာ
လမ်းပျောက်နေခဲ့တာပါ
အမှတ်တရတဲ့….
င့ါကမ္ဘာမှာ လိုအပ်နေသောအရာတစ်ခုပေါ့
မင်းနဲ့တွေ့မှ ငါ့ရင်ဘတ်ဟာ
ကွပ်လပ်တွေများလာခဲ့တယ်
မျှော်လင့်ချက်အပြည့်နဲ့
အိပ်မက်မက်ခဲ့တော့
မျှော်လင့်ချက် မဲ့မှုနဲ့နိုးလာရမှာကြောက်တယ်
ထွက်သက်ဝင်သက်တွေရပ်တန့်သွားတဲ့
သတိမေ့မှုမှာ အသိစိတ်က
ကြေကွဲစရာအကောင်းဆုံး အချိန်တွေကို
မကျော်ဖြတ်နိုင်ခဲ့ဘူး…
မင်းနဲ့င့ါရဲ့ ကြားမှာ
အဖြူရောင်ရင်ခွင်ကောင်းကင်ဟာ
ဘယ်တော့မှ……….
ပြာလဲ့လဲ့ကောင်းကင်အဖြစ် ပြောင်းသွားမှာလဲ?
အဲ့နေ့ကို ငါမျှော်လင့်နေမိတယ်

commentinfo By: မိုးမြင့်ကြယ်စင် at Aug 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment